Together

Learn Together, Win Together ⇒ Learning English ( Part 5)

Learning English ( Part 5) ~~~~
မင်္ဂလာပါ ခင်ဗျာ။ Learn Together Win Together ကနေ ပြန်လည်ကြိုဆိုပါတယ်။ ကျွန်တော်တို့ Phonetics video လေးတွေကို လေ့လာနေကြတာပါ ခင်ဗျာ။


      Learning English wtih all our Heart (Part 5=> Learning phonetics through video {1})

Phonetics ဆိုတာ ဘာသာစကားတစ်ခုရဲ့ စကားလုံးတွေနဲ့ သက်ဆိုင်တဲ့ အသံထွက်အမှန်တွေကို လေ့လာခြင်းပါ။ ဘာသာစကားတစ်ခုချင်းမှာ မတူခြားနားတဲ့ ဝိသေသလက္ခဏာတွေ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမိဘာသာစကားမှာ အင်္ဂလိပ်ဘာသာအတွက် အသုံးမလိုတဲ့ အသံထွက်တွေ ရှိနေသလို အင်္ဂလိပ်စကားမှာလည်း ကျွန်တော်တို့ အမိဘာသာအတွက် စိမ်းသက်သက်ဖြစ်နေနိုုင်တဲ့ အသံထွက်တွေ ရှိပါတယ်။ အင်္ဂလိပ်စာရဲ့အဓိက ခက်နေတာလေးက စာလုံးပေါင်းနဲ့ အသံထွက်ပါတဲ့။ အင်္ဂလိပ်စကားလုံးတွေကို ကြည့်ပြီး အသံထွက်ရတာ ခက်ခဲပါတယ်လို့ သူပြောတယ်။အင်္ဂလိပ်စာမှာ အက္ခရာ၂၆လုံးပဲရှိပေမယ့် ခေတ်သစ်အင်္ဂလိပ်ကတော့ အသံကွဲ ၄၄ မျိုးအထိ ထွက်နေပါတယ်တဲ့။ တူညီတဲ့ စကားလုံးတွေက မတူညီတဲ့ စကားစုတွေမှာ အသံအမျိုးအမျိုးထွက်နေကြတယ်တဲ့။ ဒါကြောင့် စကားလုံးကို ကြည့်ပြီး အသံထွက်အတိအကျကို ခန့်မှန်းရခက်ခဲပါတယ်လို့ သူကပြောပါတယ်။

ပြီးတော့ အသံထွက်ရခက်ခဲတဲ့၊ စာလုံးပေါင်းကို ကြည့်ပြီး အသံထွက်ကို မှန်းရခက်ခဲတဲ့ စကားလုံးအချို့ကို ဥပမာအနေနဲ့ ပြသပါတယ်။ သူက ဒီစကားလုံးတွေနဲ့ အခြားအခြားစကားလုံးအများစုဟာ အသံထွက်ဖို့ ခက်ခဲနိုင်ပါတယ်တဲ့။ Spelling က Phonetics မဟုတ်တဲ့အတွက် (အသံထွက်ကို လမ်းညွှန်ခြင်း မဟုတ်တဲ့အတွက်) ပုံသေသတ်မှတ်လို့ မရနိုင်ပါဘူးတဲ့။ ဒါကြောင့် စာလုံးပေါင်းကို ကြည့်ပြီး အသံထွက်နိုင်ဖို့က ခက်ခဲနေပါတယ်တဲ့။

နောက်မှာတော့ phonetics symbol တွေကို ပြသထားတဲ့ ဇယားကြီးနဲ့ မိတ်ဆက်ပေးပါတယ်။ Section သုံးခု ရှိကြောင်း နဲ့ ဘယ်အရောင်ကဖြင့် ဘယ် section ဖြစ်ကြောင်း သူဆက်ပြောပါတယ်။

Phonetics လေ့လာခြင်းက physical ပိုင်းနဲ့ သက်ဆိုင်ပါတယ်။ အသံတွေ ဘယ်ကလာလဲ။ မေးရိုးကို ပိတ်ရမလား။ ဖွင့်ရမလား။ ပါးစပ်ကို ဘယ်လိုထားရမလဲ။ လျှာကို ဘယ်နားထားရမလဲ။ အသံထွက်နေတုန်း ပါးစပ်ကနေ လေထွက်လာပါသလား…စတဲ့ မေးခွန်းတွေ မေးကြည့်ပါတဲ့။ အသံထွက်မှားယွင်းခြင်းက ရုပ်ပိုင်းဆိုင်ရာ အနေအထား မှားယွင်းခြင်းကြောင့်ပါတဲ့။

ခက်ခဲတဲ့ဝေါဟာရတွေကို phonetic symbol တွေနဲ့ သူထွက်ပြပါတယ်။ စကားလုံးတစ်ခုမှာ အလုပ်မလုပ်တဲ့ (silent ဖြစ်နေတဲ့) အက္ခရာတွေ ရှိနိုင်တာကြောင့် ကိုယ်ထင်မှတ်ထားတဲ့ အသံထွက်နဲ့ ခြားနားနိုင်ပါတယ်။ စကားလုံးတွေရဲ့ ယေဘုယျ အသံထွက်သဘောတွေကိုလည်း ရှင်းပြပါတယ်။ သူထပ်ပြီးပြောချင်တာက Phonetics အားဖြင့် စကားလုံးတွေ အသံထွက်တဲ့အတိုင်း ရေးမှတ်နိုင်တဲ့ ဝေါဟာရစနစ်တစ်ခု ရရှိပါတယ်တဲ့။

အဲနောက်မှာတော့ အမှားများတဲ့ အရာတွေကို စုစည်းထားတဲ့ သူ့ video ကို လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ အဲ့မှာပါဝင်မယ့် အရာလေးတွေကို သူနည်းနည်း မိတ်ဆက်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ အသံထွက်တွေ တိုးတက်ဖို့ သိကျွမ်းနားလည်သူတစ်ဦးဦးနဲ့ ပြောဖို့လိုအပ်တယ်ဆိုကာ သူ့ website ကို ဖိတ်ခေါ်ပါတယ်။

ကဲ…ကောင်းပါပြီဗျာ။ ဒါကတော့ ပထမဆုံး video လေးဖြစ်တဲ့ Introduction to Phonetics လေးကို လေ့လာကြည့်ခြင်းပါ။ ကျွန်တော်တို့တွေ နောက်တော့မှပဲ သူ့ ဖိတ်ခေါ်ချက်တွေကို လက်ခံကြတာပေါ့။ မိတ်ဆွေလည်း ကိုယ်အပီအပြင်လေ့လာမယ့် phonetics အကြောင်းကို တော်တော်လေးသိသွားလောက်ပါပြီ ခင်ဗျာ။ နောက် video လေးတစ်ခုကိုလည်း ဆက်လက်လေ့လာကြတာပေါ့။ လေ့လာဖတ်ရှုပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

Feeling Everything~Living Everyday

ပညာရေး

Open More Online

Related Posts