အင်္ဂလိပ်စကားပြော အသံထွက် ပိုကောင်းလာစေဖို့

အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အိမ်မှာတင်ပဲ လေ့လာနိုင်မယ့် အသံထွက်မှန်အောင် ဘယ်လို လေ့ကျင့်ရမယ်ဆိုတဲ့ အလွယ်ဆုံးနည်းလမ်းတွေကို ပြောပြချင်ပါတယ်

(၁) အသံထွက်တွေကို နားထောင်ပါ

သင်ထောက်ကူ အင်္ဂလိပ်စာဖိုင်တွေကို နားထောင်နိုင်တယ်။ နားထောင်မှု လုပ်ဆောင်ချိန်မှာ အာရုံစိုက် နားထောင်ဖို့ တခုတော့ လိုအပ်ပြီး ဘယ်စကားလုံးကို ဘယ်လို အသံထွက်တယ် ဆိုတာ ပူးတွဲမှတ်သားတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) ရုပ်သံတွေကို ကြည့်ပါ

နားထောင်မှုအပြင် အင်္ဂလိပ် အသံထွက် ရုပ်သံတွေကို နားထောင်တာလည်း အကောင်းဆုံး ဖြစ်ပါတယ်။ အင်္ဂလိပ်စာတန်းထိုးနဲ့အတူ ကြည့်ပါ။ စကားလုံးတွေရဲ့အသံထွက်ကို လိုက်လံ မှတ်သားပါ၊ စာတန်းထိုးသီချင်း တွေ နားထောင်ပြီးလည်း လိုက်ဆို လေ့ကျင့်နိုင်ပါတယ်။

(၃) ဖြည်းဖြည်းချင်း အသံထွက် လေ့ကျင့်ပါ

လေ့လာသူအများစုမှ မှားယွင်းတတ်တဲ့အကြောင်းကတော့ မိမိ ပိုင်နိုင်ပြီထင်တဲ့ စကားစု၊ စကားလုံးကို ပြောဆိုသုံးစွဲချိန်မှာရော လေ့ကျင့်ချိန်မှာပါ အမြန် ပြောဆို သုံးစွဲကြပါတယ်။ လေ့ကျင့်ချိန်မှာ အနှေးအနေအထားနဲ့ပဲ ပြောဆိုလေ့ကျင့်တာ အကောင်းဆုံး ဖြစ်ပါတယ်။ အမြန်ပြောဆို လေ့ကျင့်မှုက အသံထွက်ကို မှားစေ၊ ရောထွေး ဝေဝါးစေတာကြောင့် လေ့ကျင့်ချိန်မှာ အနှေးပြောဆို လေ့ ကျင့်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

(၄) နှုတ်ခမ်းသားတွေကို ကြည့်ပြီး လေ့ကျင့်နိုင်တယ်

ရုပ်သံတွေကို ကြည့်ရှု လေ့ကျင့်ချိန်မှာ စကားပြောကို နားထောင်မှု၊ ဘယ်စကားလုံးကို အသံထွက်တယ်ဆိုတာ လိုက်လံ မှတ်သားမှုအပြင် အချို့သော ခက်ခဲ ရှည်လျားတဲ့ အသံထွက်မျိုးကို ထွက်ပြခဲ့တယ်ဆိုရင် မိမိအနေနဲ့ အဆိုပါ အသံထွက် ပြသူရဲ့နှုတ်ခမ်းသားနဲ့ ဖြစ်နိုင်ရင် လျှာလှုပ်ရှားပြောဆိုမှုကိုပါ သေချာကြည့်ပြီး မိမိအနေနဲ့လည်း အဆိုပါအတိုင်း လိုက်လံ လှုပ်ရှားပြောဆို လေ့ကျင့်သင့်ပါတယ်။

(၅) အကြားအာရုံကို မှတ်သားပါရေဒီယို နားထောင်နိုင်တယ်၊ ရုပ်သံတွေ ကြည့်နိုင်တယ်

သီချင်းတွေ နားထောင်နိုင်တယ်။ သူတို့ ဘာပြောတယ်၊ ဘာဆို တယ် ဆိုတာ မိမိအနေနဲ့ နားမလည်သည့်တိုင်အောင် လေ့လာချိန် မဟုတ်ဘဲ ကားစီးနေချိန်၊ တခုခု စောင့်နေချိန်တွေမှာ အားရင် အားသလို နားထောင်နေပါ။ မိမိ အသံထွက် လေ့ကျင့်ချိန်မှာ အကူအညီ ရလာပါလိမ့်မယ်။

(၆) မိမိတဦးတည်း လေ့ကျင့်ပါ

မိမိအနေနဲ့ ပညာရပ်တခုကို လေ့လာနေမှု ဖြစ်တဲ့အတွက် အသံထွက်ကို အားလပ်ချိန်တိုင်း ပြောဆို လေ့ကျင့်ပါ။ မှန်ကြည့်ပြီး ပြောဆိုလေ့ကျင့်လို့လည်း ရပါတယ်။ ဦးဆုံးအနေနဲ့ တဦးတည်း ပြောဆိုလေ့ကျင့်တာ အကောင်းဆုံး ဖြစ် ပါတယ်။

(၇) အပေါင်းအသင်းနဲ့ ပြောဆို လေ့ကျင့်ပါ

တဦးတည်း လေ့ကျင့်မှုရဲ့နောက်တဆင့်တွင့် မိမိနဲ့အတူ ကြိုးစားလိုစိတ်ရှိသူတဦးကို ချိတ်ဆက်ပြီး နှစ်ယောက်တည်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အသံထွက်ရော စကားပြောပါ စုဖွဲ့လေ့ကျင့်ပါ။ ပိုမို မြန်ဆန်တဲ့ ကောင်းမွန်တဲ့အသံထွက် တတ်မြောက်မှုကို ရရှိစေပါတယ်။

(၈) သီချင်းတွေ ဆိုပါ

အင်္ဂလိပ်သီချင်းတွေကို လိုက်ဆိုပါ။ မိမိအနေနဲ့ သီချင်းတပုဒ်လုံးကို နားမလည်သေးသည့်တိုင်အောင် အသံထွက်ရဖို့နဲ့ ကောင်းဖို့ မှန်ဖို့ လိုက်ဆိုပါ။ ဘယ်လို သီချင်းပဲ ဖြစ်ဖြစ် နားထောင်မှုအပိုင်းမှာ ကျောင်းစာထက် လူတိုင်းက အာရုံစိုက်တတ်ကြသလို နားထဲ စွဲလွယ် တာကြောင့် အားလပ်ချိန်မှာ အင်္ဂလိပ်သီချင်းတွေ နားထောင်ပါ၊ နားထဲ စွဲပြီ ဆိုတာနဲ့ လိုက်ဆိုပါ။ အသံထွက် မှန်ကန် ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။

(၉) စကားပြောသလို ပြောနိုင်ဖို့ ကြိုးစားပါ၊ စာဖတ်သလို မကျင့်ပါနဲ့

စာဖတ်တယ်ဆိုတာ အသံကို သိပ်မကစားဘဲ ပီသအောင် ကြားနိုင်ဖို့ ဖတ်ပြတာမျိုး ဖြစ်ပေမယ့် စကားပြောမှာတော့ စိတ်ခံ စားချက်၊ ပျော်ရွှင်သံ၊ စိတ်တိုသံတွေ ရောပါနေပါတယ်။ ဒီအတွက် စာဖတ်သလို အသံကို တပြေးတည်း ထွက်အောင် မလေ့ကျင့်ပါနဲ့၊ စကားပြောသလို စိတ်ခံစားမှုကို ထည့်ပြီး အ သံထွက် စကားပြောကို အနိမ့်၊ အမြင့် ပါရှိအောင် ပြောဆိုတတ်ဖို့ လေ့ကျင့်ပါ။

အင်္ဂလိပ်စကားပြော အသံထွက် ပိုကောင်းလာစေဖို့ အကြောင်းကို အဂ်လိပ်စာ လေ့လာမယ် facebook group မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

Related Posts