စိတ်ပိုင်းဆိုင်ရာအဆင်ပြေစေဖို့ ဘယ်လိုဂရုစိုက်ကြမလဲ?

စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုလေးတွေကြုံတဲ့အခါ ကျွန်မတို့တွေဟာ ကိုယ်နဲ့ကိုက်ညီအဆင်ပြေတဲ့ နည်းလမ်းတွေနဲ့အတူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလေ့ရှိကြတယ်။ နေ့စဉ်ဘဝရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာအဆင်ပြေမှုအတွက် အစားအသောက်၊ အနေအထိုင်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို ဂရုစိုက်ရင်း ကျန်းမာအဆင်ပြေမှုကို ကြိုးစားလုပ်ယူလေ့ရှိတယ်။

𝗟𝗶𝘀𝘁𝗲𝗻 𝘁𝗼 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳

ကိုယ့်ကိုကိုယ် နားထောင်ပေးပါဆိုရာမှာ ကိုယ်ဘာခံစားနေရလဲ? ကိုယ်အဆင်ပြေရဲ့လား? ကိုယ်ဘာလိုအပ်နေတာလဲ? ဘယ်အရာတွေက ကိုယ့်အတွက် အရေးကြီးတာလဲ စသဖြင့် ကိုယ့်စိတ်အတွင်းထဲကလာတဲ့ အရာတွေအပေါ် ဂရုတစိုက်နားထောင်ပေးရင်း နေရာပေးခြင်းပါ။

𝗨𝗻𝗱𝗲𝗿𝘀𝘁𝗮𝗻𝗱 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳

မိမိကိုယ်ကို နားလည်ခြင်းဆိုရာမှာတော့ ကိုယ့်ခံစားမှုကစလို့ အပြုအမူနဲ့ တုံ့ပြန်ပုံတွေအပါအဝင် ကိုယ့်ကို မပျော်ရွှင်စေတဲ့အရာ၊ ပျော်ရွှင်စေတဲ့အရာ ၊ trigger ဖြစ်တဲ့အရာ ၊တုံ့ပြန်တဲ့ပုံစံနဲ့ အဆင်ပြေအေးချမ်းမှုကို ပြန်လည်ဆောင်ကြဉ်းနိုင်တဲ့အရာ စတဲ့အရာအားလုံးအပေါ် နားလည်သိရှိထားခြင်းပဲ ဖြစ်ပါတယ်။

𝗕𝗲 𝗞𝗶𝗻𝗱 𝘁𝗼 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳

မိမိကိုယ်ကို ကြင်နာခြင်းဆိုရာမှာတော့ တခြားသူရဲ့ ခံစားချက်၊ လိုအင်၊ အဆင်ပြေမှုတွေကိုပဲ ဦးစားပေးရင်း ကိုယ့်ကိုကိုယ် နေရာမပေးမှုတွေရှိခဲ့ရင် ပြန်လည်နေရာပေးနိုင်အောင်၊ Mind and Body က အချက်ပေးတဲ့အရာတွေကို နားမထောင်မိပဲ မိမိကိုယ်ကို ဂရုမစိုက်မိရင် ဒီဂရုစိုက်မှုကို ပြန်လည်ပေးစွမ်းနိုင်အောင်၊ တခြားသူအပေါ် မေတ္တာပေးနိုင်သလိုပဲ မိမိကိုယ်ကို ပြန်လည် မေတ္တာပေးနိုင်အောင် လုပ်ဆောင်ခြင်းတွေပဲ ဖြစ်ပါတယ်။

𝗙𝗼𝗿𝗴𝗶𝘃𝗲 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳

ခွင့်လွှတ်ခြင်းဆိုရာမှာတော့ အတိတ်ရဲ့ အမှားတွေအပေါ် မိမိကိုယ်ကို မလွတ်မြောက်နိုင်အောင် ချည်နှောင်ထားရင်း လက်ရှိအထိ သက်ရောက်နေမှုတွေ၊ ခွင့်မလွှတ်နိုင်မှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေဆီကနေ ကိုယ့်ကိုကိုယ်ဆွဲထုတ်လွတ်မြောက်ခွင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

𝗔𝗽𝗽𝗿𝗲𝗰𝗶𝗮𝘁𝗲 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳

ချီးကျူးဂုဏ်ယူပေးဖို့ ဆိုရာမှာတော့ သေးသေးကြီးကြီး လုပ်နိုင်ခဲ့တဲ့အရာတွေရော၊ လုပ်နိုင်နေသေးတဲ့အခြေအနေကိုရော၊ လုပ်ဖို့ဆုံးဖြတ်ထားတဲ့ စိတ်အပေါ်ရော ချီးကျူးဂုဏ်ယူပေးခြင်းပဲ ဖြစ်ပါတယ်။

𝗟𝗼𝘃𝗲 𝗬𝗼𝘂𝗿𝘀𝗲𝗹𝗳

ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ ကျန်းမာအဆင်ပြေခြင်းအတွက် ပြောင်းလဲသင့်တဲ့အရာကိုပြောင်းလဲတာ၊ ကြိုးစားသင့်တဲ့အရာကို ကြိုးစားတာ၊ လွှတ်ချသင့်တဲ့အရာကို လွှတ်ချတာက မိမိကိုယ်ကို ချစ်ခြင်းပဲဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် စိတ်ကျန်းမာရေးဟာ မိမိရဲ့နေ့စဉ်ဘဝဆိုင်ရာ အတွေးများ၊ ခံစားမှုများ၊ အပြုအမူ၊ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ အများနှင့်ပေါင်းသင်းဆက်ဆံရေး စတဲ့အရာအားလုံးအပေါ် သက်ရောက်နေတတ်တာဖြစ်ပါတယ်။ ဒါ့ကြောင့်ကိုယ့်စိတ်လေးအဆင်ပြေ၊ အေးချမ်း၊ ပျော်ရွှင်ရလေအောင် မိမိကိုယ်ကို နားလည်သိရှိခြင်း၊ ချစ်ခြင်းများနဲ့အတူ လိုအင်များကို နားထောင်ရင်း မိမိကိုယ်ကို ကရုဏာထား ဆက်ဆံနိုင်ပါစေ။

Healing with Andrea facebook page မှကူးယူတင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

Related Posts