လူတွေ စုံနေကြပါပြီ။ အားလုံး ထိုင်နေကြပါတယ်။ သူတို့တွေကို စောင့်ဆိုင်းနေကြတယ်။
စင်ပေါ်မှာ စားပွဲဝိုင်းတစ်ခု။ ထိုင်ခုံက သုံးခုံ။ လူသုံးယောက် ထိုင်ပြီး ဆွေးနွေးကြတော့မယ်။
စင်အောက်မှာက ဆယ်တန်းကျောင်းသားတွေ ရှိပါတယ်။
သူတို့ ရောက်လာကြပြီ။ သူတို့အတွက် နေရာမှာ ထိုင်ပြီး အားလုံးကို ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်ပါတယ်။
ကျွန်တော်တို့ ဒီနေ့တော့ ပညာရေးအကြောင်းပြောရအောင်။
တစ်ယောက်ချင်းစီ…. နည်းနည်းချင်းစီ… စပြောတယ်။
မင်းတို့မှာ မေးခွန်းမရှိဘူး။ ဖန်တီးတွေးခေါ်မှုတွေ မရှိဘူး။ လက်တွေ့တွေ မရှိဘူး။ စည်းကမ်းတွေကို သွေဖီခွင့်မရှိဘူး။ နယ်ပယ်ကျဉ်းမြောင်းလှတယ်။ ပိုသိချင်လို့ဆိုပြီး ဘယ်သူမှ စာကြည့်တိုက် မသွားကြဘူး။ အဖြေလွှာမှာ အဖြေမှန်ရင် အမှတ်ကောင်းမယ်။ မင်းတို့ရင်ဘတ်ထဲက ဆန်းသစ်မှုတွေကို ဘယ်သူမှ အမှတ်မပေးကြဘူး။ အေးကွာ….ငါတော့ လုံးဝ မကြိုက်ဘူး။
ထားလိုက်ပါတော့။
နောက်တစ်ယောက်….
မင်းတို့ စာဖတ်ကွာ။ မင်းတို့ရဲ့ သင်ယူမှုတွေကို ဘောင်မကျဉ်းစေနဲ့။ ဖတ်စာအုပ်ထဲက အကုန်မဟုတ်ဘူး။ မင်းတို့ လေ့လာမှုတွေကို အမြဲတမ်းပြုလုပ်နေရမယ်။ မင်းတို့က အနာဂတ်အတွက် အရေးပါတယ်။
ဟုတ်ပါပြီ။
အန်ကယ်ပြောချင်တာက ပညာဆိုတာ အရမ်း အရေးကြီးတယ်။ မင်းတို့ ပညာရေးစနစ်က ဘာကောင်းလဲကွာ……………………………………………………………..
………………………………………………………………………………………………………
……………………………………………………………………………………………………….။
အင်း……ပြီးသွားပါပြီ။
ကဲ….သားတို့ မေးခွန်းတွေ မေးနိုင်ပါပြီ။
မေးကြနော်…မေးကြ။
ရှက်မနေကြနဲ့။
ကြိုက်တဲ့လူ ကြိုက်တာ ထမေးလို့ ရတယ်။
…………………………………………………….
…………………………………………………….
သားသိချင်တာက ပညာဆိုတာဘာလဲ ဆရာ။
သမီးကို အိမ်က စာမကျက်ကြလို့တဲ့….ဝါသနာမှ မပါတဲ့ ဟာကို။
ဆရာ…..သား သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က ဖိအားအရမ်းပေးတယ် ဆရာ၊ သားကတော့ မှားတယ်လို့ ထင်တယ်။
ပညာဆိုတာ ဟိုဟာလို့ ထင်တယ်ဆရာ။
သမီးကတော့ ဒီလိုလုပ်ရတာ ပိုကြိုက်တယ်။
စာဖတ်တယ်ဆိုတာ တော်တော်ကောင်းမယ်နော် ဆရာ။
ဒီစနစ်က တစ်မျိုးကြီးပဲနော် ဆရာ။
သားတို့က နွားတွေ ဖြစ်ကုန်ရော။
သမီးကတော့ အားလုံးကို ဟိုလို ဖြစ်စေချင်တယ်။
သားကတော့ ဒီလိုပဲ ကြိုက်တယ်။
………………………………………………………………..
………………………………………………………………….
…………………………………………………………………..
……………………………………………………………………
အခမ်းအနား အစီအစဉ်အရ ဆရာကြီးများက နှုတ်ဆက်စကား…..
ခဏ …ခဏ……ဒီကောင်လေးမေးဦးမယ်နဲ့တူတယ်။
ဟုတ်ကဲ့ပါရှင်… အချိန်အတိုင်းအတာအရ နောက်ဆုံးမေးခွန်းမေးသူ အဖြစ် သတ်မှတ်လိုက်ပါပြီ။
မေးပါသား။
……………………………
……………………………
ပြောပါသား။…..မရှက်ပါနဲ့။
သူမပြောခင်…ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့ KG စနစ်လည်း မမှီခဲ့ပါဘူး။ ဝင်ခွင့်ကလည်း မရေမရာနဲ့ပါ။ အဲအချိန်တုန်းက အမှတ် နဲ့ ခွဲနေပါတယ်။
ပြောလေသား။
ဟုတ်…ဟုတ်ကဲ့ပါ။ ဆရာတို့ အားလုံး မင်္ဂလာပါ ခင်ဗျ။
ဆရာတို့ ပြောသွားတာကို သားနားထောင်နေခဲ့ပါတယ်။
သား သိချင်လာတာလေး ရှိလို့ပါ။
ဆယ်တန်းက သားတို့အားလုံးအတွက် အရေးကြီးပါတယ်တဲ့ ဆရာ။
မိဘတွေက အမျိုးမျိုး ထောက်ပံ့ကြတယ်။
ကျူရှင်တွေ၊ ဂိုက်တွေ….ဘော်ဒါတွေ ပို့ပြီး။
အဲ…..အရေးကြီးတယ်ပေါ့နော်။
နောက်တစ်ဖက်မှာ ကလေးတစ်ယောက် တစ်ယောက်ရှိတယ် ဆရာ။
သူက ပါရမီရှိတယ် ဆရာ။ သူက creation ပိုင်းမှာ အရမ်း ထူးချွန်ပြီး အင်ဂျင်နီယာအလုပ်နဲ့ ကမ္ဘာကျော်ဖြစ်နိုင်တယ်ဆိုပါတော့။
ဒါပေမယ့် သူအရမ်းဆင်းရဲတယ် ဆရာ။
သူ ကျောင်းတော့ တက်နိုင်ပါတယ်။
ဒါပေမယ့် သူ Royal Rose, British Council တွေ ဝေးလို့
ငယ်ငယ်ကတည်းက ကျူရှင်တောင် မတက်နိုင်ရှာခဲ့ဘူး။
ဆယ်တန်းမှာလည်း သူ ကျောင်းပဲ တက်ခဲ့ရတယ် ဆရာ။
မိဘတွေကိုလည်း ကူညီရသေးတယ် ဆရာ။
သူ အင်္ဂလိပ်စာမတော်ဘူး ဆရာ။
မြန်မာစာလည်း အရမ်းကြီးမရေးနိုင်ရှာဘူး။
သူ ဆယ်တန်းရဲ့ စာတွေကိုလည်း အရမ်းကြီး မကျွမ်းရှာဘူး။
ကျောင်းက သင်တာတွေကို သူကြိုးစားလုပ်တယ် ဆရာ။
သူ အောင်သွားခဲ့ပါတယ်။
ဒါပေမယ့် အမှတ်မကောင်းခဲ့ဘူး။
သူ ဘယ်လို အင်ဂျင်နီယာ လုပ်မလဲ ဆရာ။
အမှတ်ကလည်း မမှီ။
အိမ်ကလည်း မထောက်ပံ့နိုင်ရှာ။
သူ့ပါရမီတွေနဲ့…..
သူ ဈေးရောင်းနေခဲ့တယ်။
ဒါက မျှတရဲ့လား ဆရာ။
ဆရာတို့ ပြောခဲ့ကြတယ်။
ပညာရေးစနစ်က မှားနေတယ်လို့။
ဟုတ်ပါပြီ။
အပေါ်ကလို အခြေအနေမျိုးတွေလည်း ရှိနိုင်ပါတယ်။
သား မေးချင်တာက…..
ဆရာတို့ ပြောခဲ့တဲ့ မှားနေတယ်ဆိုတဲ့ ဒီစနစ်က
အပေါ်ကလို…အခြေအနေမျိုးတွေကို
လျစ်လျူရှုပြီးတော့…
ကျွန်တော်တို့ရဲ့ အနာဂတ်ကို သတ်မှတ်ရလောက်အောင်
……………………………………………………………………….
……………………………………………………………………….
ပြီးပါပြီ။
Written by Swan Htet (HapEye.Net)