ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာ

လွယ်ကူလျင်မြန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာ စားဖြစ်ဖို့ရည်ရွယ်ပါတယ်။ ပုံစံမျိုးစုံလုပ်စားနိုင်ဖို့ စဉ်းစားလို့ရအောင် အမျိုးအစားခွဲပြီး ပြောပြပေးသွားပါမယ်။

  1. Good Carbs ( ကောင်းမွန်တဲ့ ကာဗွန်ဟိုက်ဒရိတ်) ကို အုတ်ဂျုံ ၊ ပေါင်မုန့် ၊ ထမင်း ဒါတွေကနေ ရနိုင်ပါတယ်။ တနေ့တာ အားအင်အပြည့်နဲ့စတင်နိုင်ရင်နဲ့ အဆီကျဖို့ အကူညီပေးပါလိမ့်မယ်။
  2. Protein ကို nuts ( အစေ့အဆံ) ၊ protein powder ၊ ကြက်ဥ တွေကနေ ရရှိနိုင်ပါတယ်။
  3. အသီးအနှံတွေကတော့ စတော်ဘယ်ရီ ၊ ပန်းသီး ၊ ဌက်ပျောသီး ၊ လိမ္မော်သီး ၊ စပျစ်သီး စသဖြင့် စားသုံးနိုင်ပါတယ် ။အသီးအနှံတွေက antioxidants ကြွယ်ဝပြီး vitamins , minerals and fiber တွေ အများအပြားကို ရရှိနိုင်ပါတယ်။
  4. Healthy Fat ကတော့ nut (အစေ့အဆံ) ၊ ထောပတ်သီး ၊ သံလွင်ဆီ ၊ အစေ့အဆံအဆီတွေကနေ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Lifestyle Through Fitness facebook page မှကူးယူဖော်ပြထားပါသည်

သုတ

Open More Online

Related Posts