သဘာဝတရား၏လှည့်စားမှုများ

သဘာဝတရား၏လှည့်စားမှုများ

တလောကလုံးကြီးကို ခြုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် လူတွေဟာ ဘယ်လိုမျိုးတွေ့ရမလဲဆိုရင် ငိုနေတာလည်းတွေ့ရမယ် ရယ်နေတာလည်း တွေ့ရမယ်။

သေချာစဥ်းစားကြည့်လိုက်ရင် ငိုလိုက်ရယ်လိုက်ဆိုတာ အရူးနဲ့မတူဘူးလား။

တကယ်ပဲ ။ဆင်းရဲဒုက္ခတွေ ကို မေ့ မေ့ ပစ်ကြတယ်

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ၊ ရိုက်ကြနှက်ကြ၊ ပြီးတော့ကျတော့ ကြည်နူးနေကြ ၊ဒုက္ခကို သုခလို့ထင်လိုက် အမျိုးမျိုးလှည့်စားမှုကို ခံနေကြရတယ်။ဟုတ်ရဲ့လား။

အဲ့ဒီ သဘာဝရဲ့လှည့်စားမှု ခံနေရတာတွေကို လှည့်စားမှု ခံရတယ်လို့ မထင်ဘူး။ကျေနပ်နေကြတယ်တဲ့။

တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့လည်း ကိုယ့်ဘဝကိုယ် ဆင်ခြင်သုံးသပ်ကြဖို့ပါ။တို့ ဟာ သဘာဝတရားရဲ့လှည့်စားမှုကို ခံနေကြရသလား။

ဝိပ္ပလာသ လို့ခေါ်တဲ့ အထင်မှားမှု တွေ အမြင်မှားမှုတွေ အသိမှားမှုတွေ တို့မှာ လွှမ်းမိုးခြင်းကို ခံနေရသလား။လို့ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ သဘာဝအမှန်ကို မြင်တတ်ဖို့ပါ။

မြတ်စွာဘုရားက ခုနကဟောတဲ့ သာယာဖွယ်မကောင်းတဲ့အရာ သည် သာယာဖွယ် ကောင်းတဲ့အသွင်သဏ္ဍာန်နဲ့ မေ့လျော့ သူကို လှည့်စားတယ်ဆိုတော့ မမေ့ရင် တော့ မလှည့်စားဘူးလို့ ဒီလို အဓိပ္ပာယ်ရတယ်ပေါ့။

ကာမဂုဏ်အာရုံတွေထဲမှာ စိတ်စိုက်ပြီးတော့ နေတာကို မေ့တယ်လို့ခေါ်တယ်။အရပ်နဲ့မတူဘူးနော်။အရပ်က ခေါ်တာကတော့ ဒါကိုမေ့တယ်လို့မခေါ်ဘူး။

အိမ်လုပ်ငန်းတွေ လုပ်နေတယ်၊စီးပွါးရေးအလုပ်တွေ လုပ်နေတာ မေ့တယ်လို့မခေါ်ဘူး။မြတ်စွာဘုရားက အဲ့ဒါမျိုးကြီး လုပ်နေရင် မေ့တယ်လို့ ခေါ်တယ်တဲ့။

ကုသိုလ်ကောင်းမှုကို သတိရမှ ၊ကာမဂုဏ်အာရုံကိစ္စတွေမှာ စိတ်လွှတ်ထားပြီဆိုရင် ဒါမေ့တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာ။အဲ့ဒီလိုမေ့လျော့နေတဲ့ပုဂ္ဂိုလ် သာယာဖွယ်မရှိတဲ့အရာကလည်း သာယာဖွယ် ရှိတဲ့အသွင်သဏ္ဍာန်၊မုန်းစရာကောင်းတဲ့အရာကလည်း ချစ်ခင်ဖွယ်ရာရှိတဲ့ အသွင်သဏ္ဍာန် ၊ဆင်းရဲဒုက္ခကလည်း သုခ ရဲ့ အသွင်သဏ္ဍာန် နဲ့လှည့်စားသွားပါလိမ့်မယ်တဲ့။

အဲ့ဒီလို လှည့်စားမှု မခံရအောင် သဘာဝတရားတွေရဲ့ အစစ်အမှန်ကို သိဖို့လို တယ်ပေါ့။သတိရှိရှိ အသိဉာဏ်ရှိရှိနဲ့ ကျင့်ကြံ ကြိုးကုတ် အားထုတ်ဖို့လိုအပ်ပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ (သဘာဝတရား၏လှည့်စားမှုများ) တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts