Together

Learn Together, Win Together ⇒ Learning English ( Part 6)

မင်္ဂလာပါ ခင်ဗျာ။ Learn Together Win Together ကနေ ပြန်လည် ကြိုဆိုပါတယ် ခင်ဗျာ။ ဒီအပိုင်းမှာတော့ phonetics အတွက် ဒုတိယမြောက် video လေး ဖြစ်တဲ့ phonetics chart explained ကို လေ့လာကြပါမယ် ခင်ဗျာ။ Video လေးကို ကျွန်တော်တို့ အတူတူ ကြည့်လိုက်ကြတာပေါ့။ ပြီးမှ video ကနေ ရလာတဲ့ knowledge လေးတွေကို ပြန်လည် ဆွေးနွေးကြတာပါမယ် ခင်ဗျာ။
Learning English with all our Heart (Part 6=>Learning Phonetics through video{2})

ပထမဆုံးအနေနဲ့ သူဇယားကို ရှင်းပြပါတယ်။  အသံကွဲ ၄၄မျိုးအထိ ရှိကြောင်းနဲ့ ဒါတွေကို ပေါင်းစပ်ပြီး အသံထွက်ရတာဖြစ်ကြောင်း သူပြောပါတယ်။

ပထမဆုံး Vowels တွေအကြောင်း စပြောပါတယ်။ a,e,i,o,u ငါးလုံးတည်း ရှိနေပေမယ့် အသံထွက်တွေ အများကြီး ကွဲနေပါတယ်။ Single Vowels တွေကို ဇယားအနေအထားနဲ့ အတူ ပါးစပ်အနေအထား လျှာအနေအထားတွေပါ ပြောင်းလဲသွားပုံကို တွဲပြီး ရှင်းပြပါတယ်။

ပြီးတော့ Diphthong အကြောင်းကို ဆက်ရှင်းပြတယ်။ Diphthong ကတော့ vowels တွေပဲဖြစ်ပြီး vowels နှစ်လုံးပေါင်းစပ်ကာ နောက်အသံသစ်တစ်မျိုး ထွက်လာတာမျိုးပဲ ဖြစ်ပါတယ်။ သူတို့ကို second အသံကို အားပြုပြီးတော့ ထွက်ရပါတယ်။

အဲနောက်မှာတော့ Consonant Sound တွေ အကြောင်းကို ရှင်းပြပါပြီ။ အပေါ် နှစ်တန်းကို Consonant pair sounds တွေလို့ ထပ်ပြီး ခွဲလိုက်ပါတယ်။ အကြောင်းကတော့ အသံထွက်ဆင်တဲ့ symbol နှစ်ခုစီ ရှိနေကြလို့ပါ။ သူတို့တွေကို တစ်ခုချင်းစီ ခွဲခြားပြီး သေချာထွက်ပေးထားပါတယ်။
အောက်ဆုံး တစ်တန်းကတော့ Single Consonant တွေပါ။ သူတို့ကတော့ ကိုယ်ပိုင်အသံထွက်တွေ ရှိကြပါတယ်။

အားလုံးပဲ လေ့လာရတာ အဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ။ Phonetics ကို ခွဲခြားထားပုံတွေနဲ့ အသံထွက်ပုံတွေကို တော်တော်လေး ရင်းနှီးသွားလောက်ပါပြီ။ ကျွန်တော်တို့ အသံထွက်တစ်ခုချင်းစီကို ကျွမ်းကျင်အောင် လေ့လာကြဖို့ပဲ ကျန်ပါတော့တယ်။ နောက်အပိုင်းမှာ ပြန်တွေ့ပါမယ် ခင်ဗျာ။ မိတ်ဆွေတို့ လိုရာပန်းတိုင်ကို လှမ်းကိုင်ပြီး မြန်းစံနိုင်ကြပါစေလို့ ဆုမွန်ပြုလိုက်ပါတယ် ခင်ဗျာ။

Feeling Everything~Living Everyday

ပညာရေး

Open More Online

Related Posts