သဘာဝတရား၏ လှည့်စားမှုများ

လူတွေက အလှည့်စားခံနေကြရတာ။ သဘာဝတရားကိုကြည့်။ ဒုက္ခကို သုခ လို့ ထင်နေကြတာ။

အသာတံ သာတရူပေန ပိယရူပေန အပိယံ ဒုက္ခံ သုခဿ ရူပေန ပမာတံ အတိ ဝတ်တတိ။

အသာတံ သာယာစရာမကောင်းတဲ့အရာက ၊ သာတ ရူပေန သာယာစရာကောင်းတဲ့ အသွင်သဏ္ဍာန်အားဖြင့်ပမတ်တံ မေ့လျော့ တဲ့ ပုဂ္ဂိုလ် အတိ ဝတ်တတိ လှည့်စားကာ ကျော်လွန်၍ ဖြစ်ပေါ်လာတတ်ပါပေတော့၏။

အပီယံ မုန်းစရာကောင်းတဲ့ အရာကလည်း ပဲပိယံ ချစ်ခင်စရာကောင်းတဲ့အရာ ပိယ ရူပေန ချစ်စရာကောင်းတဲ့ အရာ၏ အသွင် သဏ္ဍာန် အားဖြင့် ပမတ်တံ မေ့လျော့နေတဲ့ ပုဂ္ဂိုလ် ကို အတိ ဝတ်တတိ လှည့်စားကာဖြစ်ပေါ်၍ လာတတ်ပါပေတော့၏။

ဒုက္ခ ဆင်းရဲဒုက္ခကလည်းပဲ သုခဿ ရူပေန ချမ်းသာ သုခရဲ့အသွင်သဏ္ဍာန်အားဖြင့် ပမတ်တံ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်ကို လှည့်စား၍နေတတ်ပါပေသည်ဟူ၍ ဘဂဝါ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် အဝေါစ ကောင်းစွာမသွေ ဟောကြားတော် မူခဲ့ပါပေသတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ သဘာဝတရား၏လှည့်စားမှုများ တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။

OpenMoreOnline

ဘဝနေနည်း

Related Posts