စိတ်အကြည်ဓာတ်ပျက်စေသူများအကြောင်း

စိတ်အကြည်ဓာတ် ပျက်စေသူများအကြောင်း

တစ်ခါတလေကျရင် တချို့ တချို့ သူတွေက သူတို့ရဲ့ စိတ်အလို မကျမှုတွေ ၊ ဒေါသဖြစ်စရာ ကိစ္စတွေကို မဆီမဆိုင် ဘေးက လူဆီလာပြီး ပုံချတတ်တာတွေ ရှိပါတယ် ။

တနည်းအားဖြင့် ပြောရရင် သူတို့ရဲ့ စိတ်အလိုမကျမှုတွေကို တခြားသူတွေဆီမှာ သွယ်ဝိုက်ပြီး ပေါက်ကွဲလိုက်တာမျိုးပေါ့ ။

အမှားလုပ်တာလည်း သူပဲ ။ သူ လုပ်တဲ့အမှားကို သူ့ဘာသာသူနေတဲ့သူဆီ ပုံချတာလည်း သူပဲ ။

အဲ့လို အခြေအနေတွေ ကြုံလာရတဲ့အခါ ဘယ်သူမဆို
“ ဟ . . . ငါ့ကို ဗလိုင်းကြီးပါလား ” လို့ တွေးမိကောင်း တွေးမိနေလိမ့်မယ် ။

တစ်ယောက်ယောက်က ဒီလို စိတ်အနှောင့်အယှက် ပေးသွားရင် စိတ်က ဘယ်လိုမှ ဖျောက်မရတော့ တနှံ့နှံ့ မကျေမလည်တွေဖြစ် ၊ ဒေါသတွေဖြစ် အကြည်ဓာတ်တွေ ပျောက်ကုန်တာတွေ ရှိတယ်မလား ။

တကယ်တော့လေ အဲ့လိုလူတွေက သူတို့ရဲ့ စိတ်အလိုမကျမှုတွေ ဒေါသဖြစ်စရာတွေက တစ်စ တစ်စ စုလာမိတဲ့အခါ အဲ့ဒါကြီးကို ဖောက်ခွဲပစ်ဖို့အတွက် နေရာရှာနေကြတာ ။

ပြောရမယ်ဆိုရင် အဲ့လိုလူတွေက အမှိုက်တွေ အများကြီးကို သယ်ထားတဲ့ အမှိုက်ကားနဲ့ တူတယ် ။ သူတို့ရဲ့ အမှိုက်ထုပ်တွေကို မကျေမချမ်းတဲ့စိတ်နဲ့ လိုက်ပစ်ထုတ်ဖို့ လုပ်နေကြတာပေါ့ ။

ကိုယ်လည်း သူ့အပေါ် ယုတ်မာခဲ့ဖူးတာမရှိဘဲနဲ့ ကိုယ့်မကောင်းကြောင်းကို အတင်းတုပ်တာတို့ ၊ ကိုယ်လည်း ဘာမှမလုပ်ဘဲနဲ့ ကိုယ့်ကို ဗလိုင်းကြီး လာစော်ကားနေတာတို့ ။ တကယ်တော့ ဒါတွေက ကိုယ့်ဆီကို အမှိုက်တွေ လာလွှင့်နေတာ။

အဲဒီအချိန်မှာ ကိုယ်က သူတို့နဲ့ ပြိုင်ပြီး ရန်မဖြစ်မိစေဖို့ ၊ သူတို့ ပေးတဲ့ စိတ်ညစ်စရာတွေ ၊ စိတ်ရှုပ်စရာတွေ ၊ မနာလို ဒေါသဖြစ်တာတွေကို လက်ဆင့်ကမ်း မယူမိစေဖို့ဘဲ တွေးပါ ။

သေချာတာတစ်ခုကတော့ ကိုယ့်ဆီကို လာပစ်တဲ့ အမှိုက်ထုပ်တွေကို မသိမ်းထားမိဖို့ လိုတယ်နော်

ကိုယ့်ဆီမှာ ရနေတဲ့ စိတ်ရဲ့ အကြည်ဓာတ်တွေကို အဲ့လိုလူတွေကြောင့် အပျက်မခံပါနဲ့ ။ ဒီအမှိုက်ထုပ်က ကိုယ်မှ မယူရင် ကိုယ့်ဆီ မရောက်လာပါဘူး ။

ပျော်ရွှင်သောစိတ်ထား Happy Mindset (ခဲတံ) စာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ

Related Posts