Together

Learn Together, Win Together ⇒ Learning English ( Part 7 )

Learn Together, Win Together ⇒ Learning English ( Part 7 ) ~~~~
မင်္ဂလာပါ ခင်ဗျာ။ Learn Together Win Together အစီအစဉ်ဖြစ်ပါတယ် ခင်ဗျာ။ မိတ်ဆွေရဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့်တိုင်းကို လှပစွာ ကုန်ဆုံးနိုင်ပါစေကြောင်း ဆန္ဒပြုပါလိုက်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့ Phonetics ရဲ့ သဘောသဘာဝတွေကို တော်တော်လေး သိရှိထားပြီးပါပြီ။ ဒါပေမယ့် လက်တွေ့ လုပ်ကြည့်မှ တကယ်တတ်မြောက်မှာပါ။ Phonetics က Physical ပိုင်းနဲ့ ဆိုင်တယ်လို့ ရှေ့အပိုင်းတွေမှာ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ဒါကြောင့် နားလည်နေရုံနဲ့ မပြီးသေးပါဘူး။ ကျွန်တော်တို့ လက်တွေ့ ကြိုးစားလေ့ကျင့်ရပါမယ်။

Learning English with all our Heart (Part 7==>Learning Vowels Sound)

Phonetics Chart တစ်ခုလုံးကို ရှင်းပြပြီးနောက်မှာတော့ Section တစ်ခုချင်းအတွက် သူထပ်ရှင်းပြပါတယ်။ ကျွန်တော်တို့ ပထမဆုံး vowels sound တွေကို လေ့လာကြည့်တာပေါ့ ခင်ဗျာ။ အားလုံး အဆင်သင့်ပဲမလား….:=)

အရင်ဆုံး Vowel Sounds တွေရဲ့ သဘောတရားတွေကို သူထပ်ပြီး ပြောပြပါတယ်။ ကျွန်တော်တို့ ရှေ့အပိုင်းတွေမှာ သိခဲ့ပြီးတာတွေပါပဲ။ ပြီးတော့ သင်္ကေတတစ်ခုချင်းစီကို ဥပမာတွေနဲ့ အသံထွက်ပြပါတယ်။
 
သူပြောသွားတာ ယေဘုယျ ဆန်လွန်းနေပါတယ်။ ကျွန်တော်တို့ လိုက်လုပ်ကြည့်ဖို့ သိပ်မလုံလောက်တဲ့ အတိုင်းအတာဖြစ်နေပါတယ်။

သင်္ကေတတစ်ခုချင်းစီအတွက် ရှင်းပြပေးထားတဲ့ video တွေကို Youtube မှာပဲ သူတို့ တင်ပေးထားပါတယ်။ တကယ်တမ်း အဲဒါလေးတွေကို လေ့လာမှ သေချာသိမှာပါ။

Video တွေအရမ်းများတဲ့ အတွက် ကျွန်တော် link ချိတ်ပေးထားပါတယ်။ တစ်ခုချင်းစီကို ဖြည်းဖြည်းမှန်မှန် လေ့လာရင်း တတ်မြောက်သွားအောင် ကြိုးစားတာပေါ့ ခင်ဗျာ။ လေ့လာရာမှာ အခက်အခဲရှိရင်လည်း comment box ကနေ ဝင်ရောက်ရေးသားနိုင်ပါတယ်။ အကြံပြုချက်တွေကိုလည်း စောင့်မျှော်နေပါတယ် ခင်ဗျာ။ အားလုံးပဲ လေ့လာမှုတွေနဲ့ အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေ ခင်ဗျာ။ ကဲ…နောက်အပိုင်းတွေမှာ ပြန်တွေ့ပါမယ်။

Learn Together, Win Together ⇒ Learning English ( Part 7 )

သင်္ကေတ တစ်ခုချင်းစီ လေ့လာရန်

Feeling Yourself~Be Myself

ပညာရေး

Open More Online

Related Posts