တောသားဖြစ်ရတာလောက် အောက်ကျသည်မှာ ကမ္ဘာမှာ ရှိမည်မထင်။ တောသားလည်း ဆိုသေး၊ လယ်သမားလည်း ဖြစ်ပြန်ဆိုတော့ သားဆိုးရော့မပ။
Tag: Nga Ba
ငဘသည် ထိုကာကွယ်ရေးဌာနသို့ သွားရောက်ကာ ဗိုလ်ကြီးအခေါ်ခံရသူအား သခင်ဖြိုးတုပ်၏ တို့ဗမာဝါဒအကြောင်းကို ခရေစေ့တွင်းကျ သတင်းပေးနေသည်။
ငဘရွာကို ချောချောမောမော ပြန်ရောက်သည်မှာ ကံကြီး၍ဟု ဆိုရပေမည်။
လမ်းတစ်လျှောက်လုံး၌ “မီးတုတ် မီးတုတ်၊ ရှို့ရှို့” ဟူသော ကြွေးကြော်သံကို ကာယကံမြောက် အကောင်အထည်ပေါ်အောင် ကြိုးစားရှာသော တို့ဗမာနှင့် ကရင်မျိုးချစ်ပုဂ္ဂိုလ်တို့မှာ တစ်ယောက်တစ်လှည့်စီ သူ့ရွာကိုယ့်ရွာ မီးတိုက်နေကြသည်။
တရားသူကြီး ရုံးတက်သောအခါ ရမန်ဆယ့်ငါးရက် ထပ်ပေးသည်။ ဦးသာဂေါင် အာမခံပေးသည်ကို မလုံလောက်၍ နောက်တစ်ယောက် ထပ်တောင်းသည်။ အာမခံအတွက် နက်ဖြန်ချိန်းလိုက်သည်။