အီရန် ကွန်ထရာ

အီရန် ကွန်ထရာ အရှုပ်တော်ပုံ ( အပိုင်း- ၄ )

အီရန် ကွန်ထရာ အရှုပ်တော်ပုံတွင် အစိုးရ ရှေ့နေများက နော့သ်၊ ပွိုင်ဒက်တာ၊စီးကော့နှင့် ဟာကင်မ်တို့ကို တစ်မူတည်းပေါင်းပြီး စစ်ဆေးလိုသည်။ သို့ရာတွင် တရားသူကြီးက တစ်ဦးစီ ခွဲစစ်ရန် အမိန့်ပေးသည်။ နော့သ်ကို ပထမဦးဆုံး စစ်ဆေးသည်။ သမ္မတရေဂင်က နော့သ်ကို အကောင်းမြင်ပြီး ထောက်ခံနေသည်။ သို့သော် အိမ်ဖြူတော်က နော့သ်ကို အကူအညီပေးရန် ငြင်းဆိုလိုက်သည်။ သူက အရေးကြီးသည့် ကိစ္စများကို သက်သေခံရန် သမ္မတ ဂျော့ ဘုရှ်တို့ကို တရားရုံးသို့ လာရောက်ပြီး အစစ်ခံရန် တောင်းဆိုသည်။ဤတောင်းဆိုချက်က အမှုတွင် အားလုံး ပါဝင်ပတ်သတ်နေကြောင်း ပြဆိုသည်ဟု အစိုးရ ရှေ့နေများအဖွဲ့က ယူဆလိုက်သည်။
တရားရုံး စစ်ဆေးမှုသည် ပျင်းရီငြီးငွေ့ဖွယ်ရာ ကောင်းလှသည်။

အထောက်အထား အသစ်တွေလည်း တစ်ခုမျှ မတွေ့။ နော့သ်ကလည်း သူသည် အမိန့်ကို နာခံသူဖြစ်ကြောင်း ခုခံကာကွယ်နေသည်။ ကွန်ထရာအတွက် ငွေပို့ခြင်းသည် အမိန့်အတိုင်းသာ လုပ်ခြင်း ဖြစ်သည်ဟု ယုံကြည်နေသည်။ အီရန် ကွန်ထရာ အရှုပ်တော်ပုံ ကို ၁၃ရက်တိုင်အောင် စုံစမ်းစစ်ဆေးပြီးနောက် ဂျုရီအဖွဲ့က နော့သ်ကို စွဲချက်တင်ထားသည့် အမှုပေါင်း ကိုးမှုတွင် နော့သ်၌ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ကြသည်။ သို့သော် နော့သ်သည် အရေးကြီးသည့် အစိုးရ စာရွက်စာတမ်းများကို ဖျက်ဆီးမှု၊ မှတ်တမ်းအတု ပြုလုပ်မှု၊ လုံခြုံရေး အကြောင်းပြ ထောက်ပံ့ငွေ လက်ခံမှုတို့တွင်တော့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်။ နော့သ်ကို ဆိုင်းငံ့‌ ထောင်ဒဏ် သုံးနှစ်၊ လူမှုရေးလုပ်ငန်းများကို နာရီပေါင်း နာရီပေါင်း ၁,၂၀၀ ထမ်းဆောင်ရန်နှင့် ဒဏ်ငွေ ဒေါ်လာ ၁၅,၀၀၀ ချမှတ်လိုက်သည်။

နောက်ပိုင်း သမ္မတဖြစ်လာသူ ဂျော့ ဘုရှ် အတွက် အသက်ရှုချောင်သွားသည်။ နော့သ်တစ်ယောက် ထောင်ဒဏ်ခံလိုက်ရသည်၊မခံလိုက်ရသည်တော့ မသိ။ ဘုရှ်တစ်ယောက် သူ့ကိုထောင်ဒဏ်မှ လွတ်ရန် ဖိအားတွေပေးပြီး ကြိုးစားခဲ့သည်ကတော့ သေချာသည်။
နော့သ်ကို မျိုးချစ်စိတ် ရှိသည့်စစ်သားတစ်ယောက်အနေဖြင့် ချဲ့ကားပြောဆိုမှုများက လက်ယာဝါဒီများအတွက် စံပြုစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသလို ရီပတ်ဘလီကန်တို့အတွက် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားခြင်း ခံထားရသည်အထိ ဖြစ်သွားသည်။ သူ့ပြစ်မှုအတွက် တရားရုံးက နိုင်ငံရေးလှုပ်ရှားမူများကိုပါ ကန့်သတ်ထားလိုက်သောကြောင့်သာ ထိပ်တန်းသို့ရောက်မလာခြင်း ဖြစ်သည်။

စီးကော့နှင့်ဟာကင်မ်တို့သည် အပြစ်ရှိသည့် မှန်သော်လည်း အလျှောက်ကောင်းသဖြင့် အထောင်းသက်သာကာ နှစ်နှစ်ခံဝန်ချုပ်နှင့် ငွေဒဏ် အနည်းငယ်သာ သတ်မှတ်ခြင်းခံရသည်။ ဟာကင်မ်သည် သူ ရရန် ရှိသည့် ဒေါ်လာ ၇.၃ သန်းကို ဆွစ်ဘဏ်တွင် သိုသိုဝှက်ဝှက် ထိန်းသိမ်းထားလိုက်နိုင်သည်ကတော့ သေချာသည်။ ပွိုင်ဒက်တာကို ထောင်ဒဏ် ခြောက်နှစ် အပြစ်ပေးလိုက်သည်။ နော့သ်သည် ၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် လက်နက်များကို တင်ပို့ရာ၌ သူကိုယ်တိုင် ကြီးကြပ်ခဲ့ရသည်မှန်သော်လည်း ၁၉၈၆ခုနှစ် ဇန်နဝါရီလတွင် ကွန်ဂရက်ကို တင်ပြခဲ့ပါသည်ဟု တရားရုံးတွင် ဝန်ခံခဲ့သည်။

နော့သ် အပေါ်တင်ထားသည့် စွဲချက်အားလုံးး ပယ်ဖျက်ခြင်း ခံရသည်။ ခရစ်ယန်ဂိုဏ်းချုပ် တယ်ရီ ဝိတ်သည် ဘေရွတ်သို့ ဓားစာခံများအတွက် စေ့စပ်ဆွေးနွေးရန် စေလွှတ်ခြင်းခံရသူဖြစ်သည်။ သူ့ကိုလည်း ဓားစာခံအဖြစ် ပြန်လည် ဖမ်းဆီးထားလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဓားစာခံတွေ ပြန်လွှတ်လာသည်။ ဆန်ဒီနစ္စတာ အစိုးရလည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသည်

Ref: Iran-Contra, by Nigel Cawthorne

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော် နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်

Related Posts