positive energy

ကိုယ်ရဲ့ energy ကို ဘယ်လိုမြှင့်တင်ရမလဲ။

လူတစ်ယောက်မှာ aura လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ energy ဆိုတာ ရှိပါတယ်။ ကိုယ့်ရဲ့ energy က နိမ့်တဲ့အခါ မကောင်းတဲ့ အတွေးတွေ၊ ဝမ်းနည်းမှုတွေ ကြောက်စိတ်တွေ ဖုံးလွှမ်းခံရတတ်ပြီး Energy မြင့်တဲ့အခါ သတ္တိတွေ၊ စိတ်အားတက်ကြွမှုတွေ၊ ပျော်ရွင်မှုတွေ ဖုံးလွမ်းပါတယ်။ အခုလို ကာလမှာ ကိုယ့်ရဲ့ စွမ်းအင်ဟာ အရမ်းအရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်ဟာ မကောင်းတဲ့ အငွေ့အသက်တွေဖုံးလွှမ်းနေပြီဆို ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ပိုပြီး attract လုပ်တတ်ပြီး
ကိုယ်ကိုတိုင်ကလည်း ကိုယ်ပတ်ဝန်းကျင်က သူတွေကို negative energy တွေ စပြီးပေးပါတော့တယ်။ ဒါ့ကြောင့် အောက်က ဇယားလေးအတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို positive energy အဖြစ်ပြောင်းလဲကြည့်ပါ။

Meditation
ပထမဆုံးကတော့ တရားထိုင်ခြင်းပါ။ ဝင်လေထွက်လေကို ရှုရှိုက်ပြီး ကိုယ့်ရဲ့ စိတ်အာရုံကို စုစည်းပါ။ ဝင်လေတိုင်းမှာ အားအင်သစ်တွေပါလာပြီး ထွက်လေတိုင်းမှာ ကြောက်စိတ်တွေ ပင်ပန်းနွမ်းနယ်မှုတွေ ပါသွားတယ်လို့ မှတ်ယူပါ။

Gratitude
ကိုယ်ဟာ ကောင်းတဲ့တစ်ခုခုကို ကျေးဇူးတင်လိုက်ခြင်းဟာ စကြာဝဠာကို ဒီမျိုး များများပေးပါလို့ တောင်းဆိုလိုက်တာနဲ့ တူတူပါဘဲ။ ဒါ့ကြောင့် ကြောက်စိတ်တွေ၊ ဒေါသတွေ၊ ဝမ်းနည်းစိတ်တွေ ဝင်လာတဲ့အခါ စာရွက်နဲ့ ခဲတံကို ယူပြီး ကိုယ့်ဘဝမှာ ယနေ့ထိ ကျေးဇူးတင်မိတဲ့ အရာတွေကို ချရေးပါ။

Sleep
အိပ်စက်ပါ။ တစ်ခါတစ်လေ မင်မင်ဆို ညအိပ်ယာထဲမှာ ဖုန်းကြည့်ရင်း ရုတ်တရက် ကြောက်စိတ်တွေ၊ ဒေါသတွေ ဖြစ်လာတတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ ဖုန်းကို ပိတ်ချပြီး အိပ်စက်အနားယူလိုက်ပါ။ နိုးထလာတဲ့အခါ ကံကောင်းခြင်းတွေနဲ့ အားအင်သစ်တွေစောင့်မျှော်နေပါလိမ့်မယ်။

Sun
နေပူဆာလှုံပါ။ နေရောင်ခြည်ဟာ စွမ်းအင်အရင်းအမြစ်ဖြစ်ပါတယ်။ နေရောင်ခြည်ထဲက ကောင်းသော စွမ်းအင်တွေကို စုပ်ယူပါ။ နေရောင်ခြည်နွေးနွေးနဲ့ ကိုယ့်ရဲ့ အသက်သွေးကြောနဲ့ တစ်သားတည်းဖြစ်နေတဲ့ ခံစားချက်ကို ထွေးပိုက်ပါ။

Nature
သဘာဝနဲ့ ထိတွေ့ပါ။ လေပြည်အေးအေးရဲ့ ခံစားချက်ကို ထိတွေ့ပါ။ သစ်ပင်လေးတွေ သစ်ရွက်လေးတွေကို ထိတွေ့ပါ။ မိုးရေစက်တွေနဲ့ ထိတွေ့ပါ။ ပထဝီမြေကြီးနဲ့ ခြေထောက်နဲ့ ကိုထိပါ။ သူတို့ထဲက စီးဆင်းနေတဲ့ ကောင်းတဲ့ စွမ်းအင်တွေကို တစ်ခဏလေး မျက်လုံးလေးမှ်တ်ပြီး ခံစားကြည့်ပါ။

Journal
မင်မင် အကြိုက်ဆုံး နည်းလမ်းထဲက တစ်ခုဖြစ်ပါတယ်။ Journalling လုပ်တာဟာ ကိုယ့်ကိုကိုယ် ဆက်သွယ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ စာရေးကိရိယာအစုံရှိမှ လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ စာအုပ်နဲ့ ခဲတံရှိရင် journalling စလုပ်လို့ရပါပြီ။ ကိုယ်အခုခံစားနေရတဲ့ ခံစားချက်တွေ၊ကိုယ့်ရဲ့ အိမ်မက်တွေ၊ ကိုယ်ရဲ့ ဝမ်းနည်းမှုတွေစိတ်ထဲမှာရှိတာတွေကို ချရေးပါ။

Art
အနုပညာနဲ့ ဆက်သွယ်ပါ။ အနုပညာဆို ပန်းချီဆွဲခြင်းတစ်မျိုးဘဲ မဟုတ် သီချင်းဆိုတာ၊ သီချင်းနားထောင်တာ၊ ကတာ ၊ လက်မှု ပစ္စည်းလေးတွေလုပ်တာ၊ ဟင်းချက်တာ ၊ မုန့်စားတာ၊ ကိုယ်ကြိုက်တဲ့ idol ကို ကြည့်တာ ကအစ ကြိုက်တာလုပ်နိုင်ပါတယ်။ ကိုယ့်ကို စိတ်ပျော်ရွင်စေမယ့် ဘယ်အရာမဆို ကိုယ့်ရဲ့ energy ကိုမြှင့်တက်စေပါတယ်။ အချိန်ကိုသတ်မှတ်ပြီး နှစ်နာရီဆို နှစ်နာရီ ၊ သုံးနာရီဆို သုံးနာရီ အတွင်း ကိုယ်ဝါသနာပါရာကိုပြုလုပ်ပါ။ အရေးကြီးတာ ဒီ သတ်မှတ်ထားတဲ့ အချိန်အတွင်း လုံးဝ အပြစ်တင်စိတ် မဖြစ်ပါနဲ့။ ဒီအချိန်လေး အတွင်းမှာ ကိုယ့်ကိုကိုယ် focus ထားပါ။

အပြင်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ နှလုံးသားထဲကစတင်တာပါ။ ကိုယ့်နှလုံးသားထဲမှာ ကောင်းသော energy ရှိမှ ကိုယ့်ဆီ ကောင်းသော energy တွေ ပြန်ရောက်လာမှာဖြစ်ပါတယ်။ ကြောက်စိတ်တွေ ၊ ဒေါသတွေ လွှမ်းမိုးမခံဖို့ အရေးကြီးပါတယ်။

Elysian (FB Page) မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်

Related Posts