မြန်မာ့သမိုင်း

မြန်မာ့သမိုင်း

မြန်မာလူမျိုးသမိုင်း (ဗမာ)

မြန်မာ့သမိုင်းသည် လွန်ခဲ့သောနှစ်ပေါင်း၁၃၀၀၀ ပထမဆုံးလူသားအခြေချနေထိုင်ခဲ့သောကာလမှ ယနေ့ခေတ်အထိအကျုံးဝင်သည်။သမိုင်းတင်ခေတ်၏ အစောဆုံးလူသား‌များသည် တိဗက်ဗမာစကားပြောလူမျိုးများ ဖြစ်ကြသည်။ သူတို့သည် တောင်ဘက်ပြည်ဒေသအထိ ကျယ်ဝန်းသောပျူမြို့ပြနိုင်ငံများကို တည်ထောင်ခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ ၉ရာစုအစောပိုင်းတွင် အခြားလူမျိုးစုဖြစ်သော ဗမာလူမျိုးတို့သည် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် ဧရာဝတီမြစ်ဝှမ်းနှင့် ၎င်း၏ အစွန်းအဖျားဒေသများကို ပထမဆုံးအကြိမ်အဖြစ်စုစည်း၍ ပုဂံဘုရင့်နိုင်ငံကို ဆက်လက်တည်ထောင်ခဲ့ ကြသည်။

ဤကာလအတွင်း ဗမာဘာသာ၊ ဗမာ့ယဥ်ကျေးမူသည် ပျူဓလေ့တွင် တဖြည်း ဖြည်း အစားထိုးဝင်ရောက်လာခဲ့သည်။ ၁၂၈၇ခု မွန်ဂိုကျူး ကျော်စစ်ဖြစ်ပြီး နောက်ဘုရင့်နိုင်ငံအများ အဖြစ်ပြိုကွဲသွားခဲ့ရာ ထိုအထဲတွင် အင်းဝဘုရင့် ‌နိုင်ငံ၊ ဟံသာဝတီဘုရင့်နိုင်ငံ၊ မြောက်ဦး ဘုရင့်နိုင်ငံနှင့် ရှမ်းပြည်ထောင်များသည် အဓိက အင်အားစုနိုင်ငံများဖြစ်ခဲ့ကြသည်။ ထိုဘုရင့်နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မဟာမိတ်အကူးအပြောင်း၊ စစ်မက်အရေးအခင်းများအဖြစ် နိုင်ငံရှုခင်းကို လွှမ်းမိုးခြယ်လှန်ခဲ့ကြသည်။

၁၆ရာစုအလယ်တွင် တောင်ငူမင်းဆက် (၁၅၁၀-၁၇၅၂) သည် နိုင်ငံကို ပြန်လည်စုစည်း၍ အရှေ့တောင်အာရှသမိုင်းတွင် ကာလတိုအကြီးမားဆုံး အင်ပါယာကြီးကို တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းတောင်ငူမင်းများသည် အဓိက အုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမူများကို ပြဌာန်း၍၁၇ရာစုနှင့် ၁၈ရာစုဦးတွင် ပိုသေးငယ်၊ ပိုငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝသော ဘုရင့်နိုင်ငံကို ပေါ်ပေါက်စေခဲ့သည်။ ၁၈ရာစုအလယ်တွင် ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) သည်နိုင်ငံကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး အစွန်းအဖျားဒေသများတွင် ဗဟို အုပ်စိုးမှု တိုးမြှင့်ထားသည့်‌ တောင်ငူခေတ် ပြုပြင်ပြောင်းလဲမူအတိုင်း ဆက်လက်ကျင့် သုံးခဲ့ကြသည်။

ကုန်းဘောင်မင်းဆက်သည် အာရှတိုက်တွင် စာတတ်မြောက်သူဦးရေ အများဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်‌ စေခဲ့သည်။ ၎င်းသည် အိမ်နီးချင်းနိုင်ငံအားလုံးနှင့်လည်း စစ်မက်ဆက်လက်ဖြစ်ပွားခဲ့သည်။ အဂ်လိပ်-ဗမာစစ်ပွဲစဥ် (၁၈၂၄-၁၈၅၅) သည် ‌‌‌‌‌‌ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုကို ဦးတည်စေခဲ့သည်။ ဗြိတိသျှ အုပ်ချုပ်မှုသည် များစွာသောရေရှည် တည်တံ့သည့် လူမှုရေး၊ စီးပွားရေး၊ ယဥ်ကျေးမှု၊ အုပ်ချုပ်ရေးပြောင်းလဲမှုများကို ယူဆောင်လာခဲ့ပြီး တစ်ချိန်က လယ်ယာအခြေပြုလူမှုအဖွဲ့ အစည်းကို အလုံးစုံ ပြောင်းလဲစေခဲ့ သည်။ ဗြိတိသျှ အုပ်ချုပ်မှုသည် နိုင်ငံ၏များပြားလှသော တိုင်းရင်းသားမျိုးနွယ်စုများအကြား မတူကွဲပြားမှုများကို အသားပေးခဲ့ကြသည်။

၁၉၄၈လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံသည်နိုင်ငံနှင့်တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသော သောင်းကျန်သူအဖွဲ့ များနှင့် ခေတ်အဆက်ဆက်ဗဟိုအစိုးရများအကြား ဖြစ်ပွားခဲ့သော အရှည်ကြာဆုံးပြည်တွင်းစစ်ပွဲဖြစ်ပွားသော နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ဆဲပင်ဖြစ်သည်။ နိုင်ငံသည်၁၉၆၂မှ ၂၀၁၀အထိနှင့် တစ်ဖန်၂၀၂၁မှ ယနေ့အထိစစ်တပ်၏ အတုအယောင်အမျိုးမျိုးဖြင့် အသွင်ပြောင်းအုပ်ချုပ်မှု အောက်သို့ ရောက်ရှိခဲ့ပြီး ဤသို့သံသရာလည်ဖြစ်စဥ်ကြောင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်လာခဲ့သည်။

မြန်မာသမိုင်းအကြောင်းသည်ဝီကီပီးဒီးယားမှကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

သမိုင်း

Related Posts