ဒီအကြံ မင်းကိုဘယ်သူပေးတာလဲ

အဲဒီအကြံ မင်းကို ဘယ်သူပေးတာလဲ

တစ်နေ့မှာ သူဌေးကြီးအားလ်ရှောက ကျွန်တော့်ကို ခုလို မေးခွန်းတစ်ခု ရုတ်တရက် မေးလိုက်ပါတယ်။ “ဂျင်မ် မင်း ငါ့ဆီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ”တဲ့။

ကျွန်တော်က ” ၆ နှစ်ရှိပါပြီခင်ဗျာ “လို့ ပြန်ဖြေလိုက်ပါတယ်။

သူက ထပ်မေးတယ်။ “အလုပ်ရတာ အဆင်ပြေရဲ့လား။ ရတဲ့လခနဲ့ရော လုံလောက်ရဲ့လား”

ကျွန်တော်က “အလုပ်က အဆင်ပြေပါတယ် ခင်ဗျာ။ ဒါပေမဲ့ ရတဲ့လခက စားလောက်သောက်လောက်ရုံပါပဲ”

ဒီတော့ သူက “ဒါဆိုရင် မင်း ဒီအလုပ်ဆက်မလုပ်နဲ့တော့ကွာ။ ၆ နှစ်ဆိုတဲ့အချိန်ဟာ မင်း ဒီအလုပ်နဲ့ မကြီးပွားနိုင်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်တဲ့အချိန်ပဲကွ” လို့ ပြောလိုက်ပါတယ်။

ခဏလေးကြာတော့ သူက အခုမေးခွန်းကို ထပ်မေးပြန်ပါတယ်။ “ဒါနဲ့ အဲဒီအကြံ မင်းကို ဘယ်သူပေးလိုက်တာလဲ” တဲ့။

ကျွန်တော် ရုတ်တရက် ကြောင်သွားတယ်။ သူ့မေးခွန်းကို အသေအချာ ပြန်စဉ်းစားနေမိတယ်။ စဉ်းစားရင်း ကျွန်တော့ခေါင်းထဲမှာ ခုလို အတွေးတစ်ခုပေါ်လာတယ်။ ဟုတ်တယ်။ ငါ ဒီအလုပ်လုပ်နေတာ ၆ နှစ်ရှိသွားပြီး ပိုက်ဆံစုမိတာမရှိတဲ့အပြင် အကြွေးတောင် တင်နေသေးတယ်။ ဒီအကြံကို ငါ ဘယ်သူ့ဆီကယူခဲ့တာပါလိမ့်။ ၆ နှစ်လုပ်ပြီးလို့ ဘာမှ မစုမိဘူးဆိုတော့ နောက်အနှစ် ၂၀ ဆက်လုပ်လို့ကော ငါ ကြီးပွားချမ်းသာနိုင်ပါ့မလား။ ဒီတော့ ငါဘာလုပ်သင့်သလဲ။ အဲဒီနေ့မှာပဲ ကျွန်တော့်ဘဝကို အပြောင်းအလဲလုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

မှတ်ချက်။ Jim Rohn ရဲ့ စာအုပ်တစ်အုပ်က ယူထားတာပါ။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts