ရှက်ပါ ကြောက်ပါ လိပ်ပြာသန့်စွာ ၁ နုနုရည်(အင်းဝ)

တခါတလေ ကိုယ့်ရဲ့ လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက်စဉ်းစားကြည့်မိတယ်။
ကျွန်မ ခုနှစ်နှစ်၊ ရှစ်နှစ်သမီးအရွယ်လောက်တုန်းကပေါ့။ အဘိုးရယ်၊ ကျွန်မရယ်မြေးဘိုးမြေးဘွားသုံးယောက် စစ်ကိုင်းဘက်က အမျိုးတွေဆီကို အလည်သွားကြတာ။ ကျွန်မ ‘ဘဘ’ရဲ့ တစ်ဝမ်းကွဲတဲ့ ညီအစ်ကိုမောင်နှမတွေဆီကိုပေါ့။ ကျွန်မတို့ အင်းဝကူးတို့ဆိပ် ငှက်ဆိပ်ကနေ ငှက်ကလေးနဲ့ ဒုဠဝတီ၊ ဧရာဝတီ မြစ်ပြင် ကျယ်ကြီးကို ဖြတ်ပြီး စစ်ကိုင်းဘက်ကို သွားရတာလေ။

ဟိုရောက်တော့ အမျိုးတွေအိမ်မှာ စားကြသောက်ကြရင်း လူကြီးတွေက စကားစမြည်ပြောနေချိန် ကျွန်မတို့ကလေးတစ်သိုက်ကဆော့ကြ၊ ကစားကြရင်းနဲ့ အိမ်အတွင်းဘက်က စာအုပ်စင်တွေနားရောက်သွားကြတယ်။ ကျွန်မနဲ့ ရွယ်တူ ဦးလေးဝမ်းကွဲတစ်ယောက်က စာအုပ်တွေကို ဆွဲချပြီးဆော့တော့ ကျွန်မတို့လည်း စာအုပ်တွေကို လျှောက်လှန်ကြတယ်။ အရုပ်ကြည့်တာလေ။ အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့ ကာတွန်းကိုရှာတာပေါ့။ စာအုပ်ကြီးတွေကလည်း ဓာတ်ပုံရုပ်ပုံတောင်မပါတဲ့ အထူကြီးတွေ။ အဲဒီကြားထဲ ကျွန်မဦးလေးဝမ်းကွဲက ကာတွန်းပါတဲ့ စာအုပ်တစ်အုပ်ရသွားတယ်။ တကယ်တော့ စာအုပ်က လယ်ယာစိုက်ပျိုးရေးနဲ့ပက်သတ်တဲ့ ကာတွန်းလေးတွေပါတော့ ကျွန်မတို့ ကာတွန်းမက်ကလေးတွေ ခေါင်းချင်းဆိုင်ပြီး ဖတ်ကြတာပေါ့။

အဲ့သလိုဖတ်နေတုန်းမှာပဲ အပြင်ကနေ အဘိုးနဲ့အဘွားက “သမီးရေ ပြန်ကြစို့”တဲ့။ ဒီမှာက ဖတ်စရာကာတွန်းက အများကြီးကျန်သေးတယ်။ အဲဒီမှာတင် ကျွန်မက ကျွန်မဦးလေးကို ဒီစာအုပ်ကျွန်မယူသွားမယ်လို့ပြောတယ်။ ကျွန်မရဲ့ ဗိုလ်ကျနေကျထုံးစံအတိုင်းပဲပေါ့။ ဒါပေမဲ့ ကျွန်မဦးလေးကလည်း သူ့အိမ်မှာဗိုလ်ဆိုတော့ မပေးဘူးလေ။ စာအုပ်ကို ပြိုင်လုကြတုန်း သူ့အမေက နောက်ဖေးကလှမ်းခေါ်တော့ သူက ပြေးထွက်သွားရော။ စာအုပ်ကို တအားလိုချင်နေတဲ့ ကျွန်မက ဘာလုပ်တယ်မှတ်လဲ။ ဂါဝန်အောက်နားစကို ‘မ’ပြီးစာအုပ်ကိုထည့်လိုက်တယ်။ ပြီးတော့ ဂါဝန်စကို လက်နဲ့ စုကိုင်ပြီး အခန်းအပြင်ဘက်ကို ထွက်လာတယ်။ ကိုယ့်ကိုယ်တော့ လုံလှပြီပေါ့။

အပြင်ကလူတွေက ကျွန်မကို ကြည့်ပြီး “သမီး ဂါဝန်ထဲကဘာတွေလဲ”လို့မေးတယ်။ ကျွန်မက မဖြေဘဲ ကျွန်မအဘွားရင်ခွင်ထဲ တိုးဝင်တယ်။ အဘွားက “ပြပါဦး” ဆိုပြီး ကြည့်တော့မှ စာအုပ်တစ်အုပ်ထွက်လာတော့ အားလုံးဝိုင်းရယ်ကြတာပေါ့။ ပြီးတော့ ဘဘရဲ့ညီမ ကျွန်မဘွားဘွားလေးက “ဪ..သမီးက ဒီစာအုပ်ကို လိုချင်လို့လား ယူ ယူ” လို့ပြောတယ်။ ကျွန်မ ဝမ်းသာအားရ အဲဒီစာအုပ်ကိုယူခဲ့တာပေါ့။ အပြန်လမ်းမှာ အဘိုးနဲ့အဘွားရဲ့ မျက်နှာရိပ် မျက်နှာကဲလည်း ကလေးဆိုတော့ နားမလည်။ တစ်ခါတည်း စစ်ကိုင်းပွဲဆိပ်၊ ငှက်ဆိပ်သောင်ပြင်လည်းရောက်ရော ကျွန်မအဘိုးက ကျွန်မမကြားဖူးတဲ့ အသံမာမာကြီးနဲ့ “ပေးစမ်း”ဆိုပြီး ကျွန်မလက်ထဲက စာအုပ်ကိုဆွဲယူပြီး သောင်ပြင်ပေါ်လွှင့်ပစ်လိုက်တာ။ ပြီးတော့ ကျွန်မလက်နှစ်ဖက်ကိုစုကိုင်ပြီး အော်တော့တာပဲ။

“ဘာလို့ သူများစာအုပ်ကိုလိုချင်ရတာလဲ။ သူများမသိအောင် ဘာလို့ယူရတာလဲ။ သူများပစ္စည်းကို မသိအောင်မယူရဘူး။ နောက်ဘယ်တော့မှ မလုပ်ရဘူး” အများကြီးပဲပြောတာ။ ဒေါသသံ မကျယ်ကြီးနဲ့။ “နောက်လုပ်ဦးမလား။ လုပ်ဦးမလား” လို့လည်း မေးသေးတယ်။

အဲဒီအချိန်မှာ ကျွန်မဖြစ်သွားတာကတော့ တအားကြောက်သွားတာပါပဲ။ သိပ်အလိုလိုက်၊ သိပ်ချစ်တဲ့အဘိုးရဲ့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ အသံနဲ့မျက်နှာအမူအရာတွေကိုလည်း တအားကြောက်တယ်။ ကြောက်ကြောက်နဲ့ ဘာမှမပြောနိုင်ဘဲ ကျွန်မက တအားငိုတော့တာပဲ။ အဘွားကို အားကိုးတကြီးဖက်ငိုတော့ပေါ့။ အဘွားကလည်းတစက်ကလေးမှ မချော့ဘဲ လက်ကိုပဲအသာဆွဲခေါ်သွားပြီး ငှက်ပေါ်တက်တယ်။ ငှက်ပေါ်မှာထိုင်မိတာနဲ့ ရှိုက်ရှိုက်နေတဲ့ ကျွန်မမျက်ရည်တွေကို အသာသုတ်ပေးပြီး ဘာပြောသလဲသိလား။

စာရေးဆရာများ ပြောကြားသည့် ပြည်သူ့နီတိ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts