ပျော်ချင်ရင် လိုက်နာသင့်သည့်အချက် (၇)ချက်

ပျော်ချင်ရင် လိုက်နာသင့်သည့်အချက် (၇)ချက်

(၁) သင့်ရဲ့အတိတ်နဲ့ ငြိမ်းချမ်းမှုယူပါ ။ဒါမှ သင့်ရဲ့အတိတ်က သင့်ရဲ့ပစ္စုပ္ပန်ကို မနှောက်ယှက်တော့မှာပါ ။ လူတော်တော်များများ စိတ်ဆင်းရဲရတဲ့အကြောင်းအရင်းကတော့ အတိတ်က အကြောင်းတွေကို ပြန်တွေးနေလို့ပါပဲ ။

အတိတ်က မအောင်မြင်ခဲ့တာတွေ ၊ ကျရှုံးခဲ့တာတွေ ၊ စိတ်ညစ်စရာတွေကို ပြန်တွေးလေ့ရှိလို့ စိတ်ဆင်းရဲကြတာ များပါတယ် ။ ဒီတော့ အခုချိန်ကစပြီး ပြန်သွားလို့မရတော့တဲ့ အတိတ်နဲ့ ငြိမ်းချမ်းရေးယူပြီး လက်ရှိလုပ်နေတာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လိုက်ပါ ။

(၂) အခြားသူတွေ သင့်အကြောင်း ဘယ်လိုတွေးလဲဆိုတာ သင့်ကိစ္စမဟုတ်ပါဘူး ။ အခြားသူတွေက သင့်အကြောင်းကို ဘယ်လိုတွေးမလဲဆိုပြီး စဉ်းစားရတာလည်း တကယ်တော့ သင့်ကိုစိတ်ညစ်စေပါတယ် ။ ဘာမှမလုပ်ရသေးဘူး ငါ ဒါလုပ်ရင် သူတို့တွေ ဘာများပြောကြမလဲ ဆိုပြီး တွေးရတာက သင့်အတွက် ပင်ပန်းလှပါတယ် ။ သင် လုပ်စရာရှိရင် ဖြစ်မြောက်အောင် လုပ်ပါ ။ ကဲ့ရဲ့တာ ၊ ချီးကျူးတာက သူတို့အလုပ်ပါ ။ သင့်အလုပ် မဟုတ်ပါဘူး ။ သင့်အလုပ်က လုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပါ ။

(၃) အချိန်က အရာအားလုံးနီးပါးကို ကုစားနိုင်ပါတယ် ။အချိန်ပေးပါ ။ အကောင်းဆုံး သမားတော်ကတော့ အချိန်ပါပဲ ။ တချို့ကိစ္စတွေက အချိန်ပေးဖို့ လိုပါတယ် ။ ချက်ချင်းလုပ် ချက်ချင်းမဖြစ်ပါဘူး ။ အချိန်အတိုင်းအတာ တစ်ခုပေးမှ ဖြစ်တာပါ ။ ဒါကြောင့် အချိန်ပေးသင့်တဲ့ အရာတွေ အချိန်ပေးပါ ။

(၄) သင့်ရဲ့ ဘဝကို အခြားသူများရဲ့ ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့ ။ သူတို့ကိုလည်း မဝေဖန်ပါနဲ့ ။သင်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှမတူတဲ့ တစ်ဦးတည်းသောသူ တစ်ယောက်ပါ ။ ဒီတော့ သင့်ကိုယ်သင် ဘယ်သူနဲ့မှလိုက်ပြီး မယှဉ်ပါနဲ့ ။ သူများတွေကိုလည်း မဝေဖန်ပါနဲ့ ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဘဝပန်းတိုင် ဘာလဲဆိုတာ သင်မှ မသိတာ ။

(၅) အတွေးမလွန်ပါစေနဲ့။ အရာအားလုံးရဲ့အဖြေကို သိစရာမလိုပါဘူး ။ အကောင်းမြင်တတ်ဖို့ပဲ လိုတာပါ ။ အချို့တွေက အရမ်းအတွေးလွန်တတ်ပါတယ် ။ အားလုံးရဲ့အဖြေကို သိချင်ကြပါတယ် ။ အကျိုးဆက်အနေနဲ့ စိတ်ပင်ပန်းပါတယ် ။ သင် အရာအားလုံးရဲ့အဖြေကို သိဖို့မလိုပါဘူး ။ လောကကြီးမှာ သင့်ကို ဘယ်လိုအရာတွေ ဖြစ်ပျက်လဲဆိုတာက အရေးမကြီးပါဘူး ။သင်က ထိုအရာတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာသာ အရေးကြီးတာပါ ။

(၆) သင့်ရဲ့ပျော်ရွှင်မှုအတွက် သင်ကလွဲပြီး မည်သူ့မှာမှ တာဝန်မရှိပါဘူး ။ သင့်ရဲ့ပျော်ရွှင်မှုအတွက် တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို တာဝန်မပေးလိုက်ပါနဲ့ ။ သူတို့ မရှိတော့ရင် သင် မပျော်မရွှင် ဖြစ်လာပါလိမ့်မယ် ။ သင် သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ ။

(၇) ပြုံးပါ။လောကကြီး တစ်ခုလုံးက ပြဿနာတွေက သင့်ပြဿနာချည်းပဲ မဟုတ်ပါဘူး ။ မသေချာတဲ့ မနက်ဖြန်ကို စိတ်ပူမည့်အစား သေချာတဲ့ ယခုလက်ရှိ အချိန်လေးမှာ ပျော်ရွှင်အောင်နေပါ ။

သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ (မိုးရှင်း) စာအုပ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

OpenMoreOnline

ဘဝနေနည်

ရသ

Related Posts