ပထမမြောက် အဲလစ္စဘက် (၁၅၃၃ - ၁၆၀၃)

ပထမမြောက် အဲလစ္စဘက် (၁၅၃၃ – ၁၆၀၃)


ပထမမြောက် အဲလစ္စဘက် သည် တူဒေါမျိုုးဆက်တွင် နောက်ဆုံးဖြစ်သည်။ ရင်သွေးမရှိသည့် ပထမမြောက်မေရီဘုရင်မ အနိစ္စရောက်ပြီးနောက် ဆက်ခံသူဖြစ်သည်။ ပရိုတက်စတင့်
ဘုရင်မအားလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် အဲလစ္စဘက်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး လေးစားရိုသေမှုအခံရဆုံး သက်ဦးဆံပိုင်ဘုရင်တို့ထဲမှ
တစ်ဦးအဖြစ်သို့ရောက်ရှိခဲ့သည်။ အထူးသဖြင့် စာပေမှာ သူ၏လက်အောက်၌ ဖွံ့ထွားရှင်သန်လာခဲ့၏။ (ရှိတ်စပီးယားမှာ သူ့ခေတ်တွင် ရှင်သန်နေထိုင်သူဖြစ်သည်)။ ‘အပျိုစင် ဘုရင်မ’ ဟုလည်း
ခေါ်ဆိုကြပြီး အဲလစ္စဘက်သည် ထိမ်းမြားလက်ထက်ခြင်း မရှိခဲ့ပေ။
၁၅၃၃၊ စက်တင်ဘာလ၊ ၇ – အဌမမြောက် ဟင်နရီဘုရင်နှင့် သူ၏ဒုတိယဇနီးအန်းဘိုလင်န်းတို့မှ ဖွားမြင်သည်။
၁၅၅၈ – အင်္ဂလန်ဘုရင်မအဖြစ် ပထမမြောက်မေရီကို ဆက်ခံသည်။
၁၅၇၀၊ ဖေဖော်ဝါရီလ၊ ၂၅ – ပုပ်ရဟန်းမင်းကြီးပဉ္စမမြောက် ပီရပ်စ်က ခရစ်ယာန်အသင်းတော်ဝင်အဖြစ်မှ ကြဉ်လိုက်သည်။ ရိုမန်ကတ်သလစ် လျှို့ဝှက်ပူးပေါင်းကြံစည်သူတစ်စုတို့က
ဘုရင်မအား သတ်ဖြတ်ပြီး စကော့တလနဘုရင်မ ပထမမြောက် မေရီနှင့် အစားထိုးခန့်အပ်ရန် ကြံစဉ်ရာတွင် ရီဒိုလ်ဖိုက ဦးဆောင်သည်။
၁၅၈၇ – စကော့တလန်ဘုရင်မ ပထမမြောက်မေရီ ကွပ်မျက်ခံရသည်။
၁၅၈၈ – အဆုံးအဖြတ်ပေးသည့် အောင်ပွဲရလဒ်အဖြစ် စပိန်ဘုရင် ဒုတိယမြောက် ဖိလစ်က စပိန်ပိုင် ကာမာဒါသို့ပို့ခဲ့သည်။
၁၆၀၃၊ မတ်လ၊ ၂၄ -ဆာရေးရှိရစ်ခ်ျမွန် နန်းတော်တွင် ကွယ်လွန်အနိစ္စရောက်သည်။ သူ့ကိုဆက်ခံမည့်သူအား ရွေးချယ် သတ်မှတ်ခဲ့ခြင်း မရှိပေ။

မိုးသိမ်းဘာသာပြန်ဆိုသော ခေါင်းဆောင် ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။

Related Posts