နပိုလီယန်

နပိုလီယန် ဘိုနာပတ် ( ၁၇၆၉ – ၁၈၂၁)

စစ်အာဏာရှင်နှင့် ပြင်သစ်ဧကရာဇ် နပိုလီယန် သည် ‘တပ်ကြပ်လေးဟု အပြောင်အပြက် ခေါ်ဝေါ်ခြင်း ခံခဲ့ရသူဖြစ်သည်။ သူ၏စစ်ရေးရည်မှန်းချက်တွင် လူသန်းပေါင်းများစွာ၏ ဘဝများ နစ်နာဆုံးရှုံးခဲ့ရသည်။ ပညာရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့၌ တိုးတက်ဖွံ့ဖြိုးအောင်ခိုင်မာသော အပြောင်းအလဲအမျိုးမျိုးကို ဆောင်ရွက်ခဲ့သည့်တိုင် သူ၏စစ်ရေးရည်မှန်းချက်က လူကြိုက်နည်းအောင် ဖန်တီးခဲ့သည်။ အနောက်ဥရောပနှင့် အလယ်ဥရောပတိုက် နေရာအများစုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဂရိတ် ဗြိတိန်တို့အား တိုက်ခိုက်သိမ်းပိုက်ရန်သူ၏ ကြိုးပမ်းအားထုတ်မှုသည် ရေတပ်ဗိုလ်ချူပ်ကြီး နယ်လ်ဆင်ကြောင့် ပျက်ပြားခဲ့ရသည်။ နောက်ဆုံးတွင် ဝါတာလူး တိုက်ပွဲ၌ဝယ်လ်လင်တန် နယ်စားကြီးကြောင့် နပိုလီယန် အရေးနိမ့်ခဲ့ရသည်။

၁၇၆၉၊ ဩဂုတ်လ၊ ၁၅ – ကော်ဆီကာ၊ အဂျစ်စီယို၌ မွေးဖွားသည်။
၁၇၉၈ – သူ၏ ရေတပ်သင်္ဘောစုက နိုင်းလ်တိုက်ပွဲတွင် အနို်ငရရှိသည်။
၁၈၀၄ – ပြင်သစ်ဧကရာဇ်အဖြစ် သူ့ကိုယ်သူ တင်မြှောက်သည်။
၁၈၀၅၊ မေလ၊ ၂၆ – အီတလီဘုရင်အဖြစ် နန်းတင်ခံခဲ့ရသည်။
၁၈၁၂ – ရုရှားသို့ ကျူးကျော်ဝင်ရောက်သည်။ သို့သော် တပ်ခေါက် ပြန်ရလေအောင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။
၁၈၁၃ – ဗြိတိန်၊ ရုရှား၊ ဆွီဒင်၊ စပိန်၊ ပေါ်တူဂီ၊ ပရပ်ရှား၊ ဩစတြီးယားနှင့် ဂျာမန်ပြည်နယ်အချို့ မဟာမိတ်ဖွဲ့ထားသော တပ်များနှင့် နိုင်ငံပေါင်းစုံတိုက်ပွဲကြီး ဖြစ်ပွားရာ အရေးနိမ့်ခဲ့ရသည်။
၁၈၁၄၊ မတ်လ၊ ၃၁ – ပါရီ သိမ်းပိုက်ခံခဲ့ရသည်။ ဧပြီလတွင် နပိုလီယန်သည် ထီးနန်းစွန့်လိုက်ရပြီး အယ်လ်ဘာကျွန်းသို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။
၁၈၁၅၊ ဖေဖော်ဝါရီလ၊ ၂၆ – အယ်လ်ဘာမှ ထွက်ပြေးလွတ်မြောက်ပြီး ပါရီသို့ ပြန်ရောက်လာသည်။
၁၈၁၅၊ ဇွန်လ၊ ၁၈ – ဝါတာလူးတိုက်ပွဲ၌ အရေးနိမ့်ခဲ့ရသည်။
၁၈၂၁၊ မေလ၊ ၅ – စိန့်ဟယ်လီနာကျွန်းသို့ ပြည်နှင်ဒဏ်ပေးခံရစဉ် ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts