မန်နူရယ် နိုရေးဂါး

ကျွန်တော် မူးယစ်ဆေးဝါး မှောင်ခိုသမား ( မန်နူရယ် နိုရေးဂါး )

မန်နူရယ် နိုရေးဂါး

ပနားမားမှ ဗိုလ်ချုပ် မန်နူရယ် နိုရေးဂါး သည် စီအိုင်အေအတွက် အလုပ်လုပ်‌ ပေးနေသူဖြစ်သည်။ သို့သော် စီအိုင်အေက သူ့ကို နှစ်ဖက်ချွန် သူလျှိုအဖြစ် ကျူးဘားနိုင်ငံနှင့် ဆိုဗီယက်ယူနီယံတို့အတွက်ပါ သတင်းပေးနေကြောင်း သိလိုက်ရသည်။ ဖလော်ရီဒါရှိ မူးယစ်ဆေးဝါး ဂိုဏ်းများနှင့် သူ ဆက်သွယ်မူရှိကြောင်း သိလိုက်ရသည်က သူ့ကံကြမ္မာကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ သူ့ကို ဖမ်းဆီးရန် ပနားမားသို့ ကျူးကျော် ဝင်ရောက်ရသည်အထိ နိုင်ငံရေး အနေအထားက ဆိုးဝါးသွားခဲ့ရသည်။ ပနားမားနိုင်ငံကို ၁၉၀၃ ခုနှစ်တွင် ကိုလံဘီယံနိုင်ငံမှ ခွဲထွက်ပီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရသည် ပနားမားတူးမြောင်းကို ဖောက်ခွင့်‌ပေးပြီး အစိုးရအသစ်အပေါ် ထောက်ထားညှာတာမူများ ပေါ်လွင်စေခဲ့သည်။ နိုရေးဂါးကို ၁၉၃၈ ခုနှစ်တွင် ပနားမားမြို့ ဆင်းရဲသားရပ်ကွက်‌လေး တစ်ခုတွင် မွေးဖွားသည်။ အရွယ်ရောက်လာသည့်အခါ တပ်ထဲဝင်ပြီး အမျိုးသား ဂုဏ်ထူးဆောင်တပ်တွင် ရာထူးတိုးမြှင့် ခံထားရသည်။

၁၉၆၉ ကြည်းတပ် ဗိုလ်ချုပ်ကြီး အိုမာ တော်ရီကျိုးကို တော်လှန်သည့် အာဏာသိမ်းမူ တစ်ခုအား နိုရေးဂါးက စွမ်းစွမ်းတမံ အကာအကွယ်ပေးနိုင်ခဲ့သဖြင့် သူ့ကို စစ်ထောက်လှန်းရေးဌာနတွင် အကြီးအကဲအဖြစ် သူကောင်းပြုခြင်း ခံရသည်။ ၁၉၈၁ ခုနှစ်တွင် တော်ရီကျိုး လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားသည်။ မန်နူရယ် နိုရေးဂါး ကို ပနားမား ကာကွယ်ရေး စစ်သေနာပတိ အဖြစ် ခန့်အပ်လိုက်သည်။ တရားမဝင် နိုင်ငံရေး အကြီးအကဲဟူ၍လည်း ဆိုနိုင်သည်။ နိုရေးဂါး သည် သူ့‌ထောက်လှန်းရေးတပ်၏ ကွန်ရက်များကို အသုံးပြုပီး ဆန့်ကျင်သူများကို စတင် တိုက်ဖျက်‌တော့သည်။ ရွေးကောက်ပွဲ ဝင်မည့်သူများ၊ မဲဆန္ဒရှင်များကိုလည်း ခြိမ်းခြောက်အကျပ်ကိုင်မူများ ပြုလာသည်။ မဲဆန္ဒရှင်များကို ခြိမ်းခြောက်၍ မရသည့်အခါတွင် မဲပုံးများကို အနှောင့်အယှက်ပေးပြီး ပြဿနာရှာသည်။

နိုရေးဂါးအား စွတ်စွဲမူတွေ ရှိလာခြင်း

၁၉၈၇ ခုနှစ်တွင် နိုရေးဂါး သည် မူးယစ်ဆေးဝါး ‌မှောင်ခိုလုပ်သည်ဆိုသော စွတ်စွဲချက်များ ထွက်ပေါ်လာသည်။ အမေရိကန် အထက်လွှတ်တော်က အရေးယူဆောင်ရွက်ရန် ခွင့်ပြုလိုက်သည်။ စီအိုင်အေက သူ့ကို စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း ရာထူးမှ ချထားရန် တောင်းဆိုလိုက်သည်။ နိုရေးဂါး၏ ဒုတိယ စစ်သေနာပတိ ရောဘတ်တို ဒိုင်ယာ ဟိုင်းရေးရားသည် တော်ရေးဂျိုးကို သတ်မူဖြင့် ရာထူးမှ အချခံလိုက်ရသည်။ ၁၉၈၄ ရွေးကောက်ပွဲတွင် တော်ရီဂျိုးကို မဝင်နိုင်စေရန် အတိုက်အခံခေါင်းဆောင် ဟူဂို စပါဒါဖိုရာနှင့် ပူးပေါင်းပြီး လုပ်ကြံခြင်း ဖြစ်သည် ဟု စွတ်စွဲပြီး အရေးယူခြင်းဖြစ်သည်။ ဟာရေးရားကလည်း ရာထူးမှ ချက်ခြင်း နှုတ်ထွက်ပေးလိုက်သည်။

ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မီယာမီနှင့် တမ်ပါတို့တွင် ရုံးထိုင်ပီး နိုရေးဂါး ကို စွဲချက်တင်နိုင်ရေး စီစဉ်ဆောင်ရွက်ကြသည်။ သူတို့က နိုရေးဂါး ကို ပနားမားနိုင်ငံအား ရာဇဝတ်မူထူပြောသည့် နိုင်ငံတစ်နိုင်ငံဖြစ်စေရန် ကြံဆောင်မူ၊ ကိုလံဘီယာကို ဗဟိုပြုပီး အမေရိကန်သို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းမူတို့ဖြင့် အလိုရှိနေကြသည်။ ဤသို့ မကောင်းမူလုပ်ငန်းများဖြင့် ဒေါ်လာ ၄.၆သန်းခန့် နိုရေးဂါး ပိုင်ဆိုင်နေပီဟုလည်း စွတ်စွဲထားကြသည်။

နိုရေးဂါး၏ ရုပ်သေးအစိုးရ

အမေရိကန် အစိုးရသည် ပနားမားနိုင်ငံအား စီးပွားရေး ပိတ်ဆို့မူများ ပြုလုပ်ထားလိုက်သည်။ နိုင်ငံ၏ အမည်ခံ သမ္မတ အီရစ် ဒယ်ဗာလီသည် နိုရေးဂါး ၏ ရုပ်သေးအစိုးရ ဖြစ်သော်လည်း နိုရေးဂါးကို သူက တာဝန်မှ ရပ်စဲလိုက်ကြောင်း ကြေငြာသည်။ သို့သော် ပနားမားဥပဒေပြုလွှတ်တော်က ဒယ်ဗာလီကိုလည်း သမ္မတရာထူးမှ ထုတ်ပယ်လိုက်သည်။ ရွေးကောက်ပွဲရလဒ်ကိုလည်း တရားမဝင်တော့ကြောင်းနှင့် ပယ်ဖျက်လိုက်ကြောင်း ကြေငြာလိုက်သည်။

ထိုကြေငြာချက်များသည် အမှန်တော့ နိုရေးဂါး ကို ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။
တနောက်ပိုင်း စစ်တပ်ကလည်း နိုရေးဂါး ကို ဆန့်ကျင်လာကြသည်။ သူပုန် တပ်ဖွဲ့ကလည်း နိုရေးဂါး ကိုဖမ်းရန် ပနားမားကာကွယ်ရေးတပ်ကို လေးနာရီကြာအောင် ဝိုင်းထားကြသည်။ နိုရေးဂါးကို သစ္စာရှိသော တပ်ဖွဲ့ကလည်း နိုရေးဂါးကို အကာအကွယ်ပေးထားကြသည်။ မအောင်မြင်သော အာဏာသိမ်းခေါင်းဆောင်များကို အဆုံးစီရင်ခြင်း ခံလိုက်ရသည်။ နိုရေးဂါးကို စစ်တပ်မှ ထုတ်ပယ်လိုက်ပြီဆိုသော သတင်းများက ပျံ့နေသည်။

အမေရိကန်တပ်သည် ကာနယ် ဇုန်တွင် ရှိနေပြီး သူပုန်တစ်ချို့ကို အထောက်အပံ့တွေ ပေးနေသည်။ အမေရိကန် လွှတ်တော်ကလည်း ဝေဖန်ရေးတွေ တွင်တွင်လု်ပရုံကလွဲ ဘာမှမတတ်နို်င။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁၅ရက်တွင် နိုရေးဂါးသည် သူ့ကိုယ်သူ သမ္မတအဖြစ် ပနားမားအမျိုးသားလွှတ်တော်တွင် ကြေငြာလိုက်သည်။ ထို့ပြင် ပနားမားသည် အမေရိကန်ကို စစ်ကြေငြာလိုက်သည်။

အခြေအနေများ တင်းမာလာခြင်း

နောက်တစ်နေ့တွင် တာဝန်မှ အနားရထားသည့် အမေရိကန်တပ်သားတစ်ယောက်ကို ပနားမားစစ်သားတစ်ယောက်က သတ်ပြစ်လိုက်သည်။ အခြား အမေရိကန်တစ်ယောက်လည်းအရိုက်ခံရသည့်အပြင် သူ့ဇနီးပါ အခြိမ်းခြောက်ခံလိုက်ရသည်။ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အမေရိကန်တို့ ပနားမားသို့ ကျူးကျော်ဝင်ရောက်လာသည်။ အခြားတပ်သား ၉၅၀၀ကိုလည်း ပနားမားသို့ရောက်ရှိနေသည့် တပ်သား ၃၅၀၀ နှင့် ပူးပေါင်းရန် လေယာဉ်ဖြင့် ခေါ်လာနေပြီဖြစ်သည်။ အမေရိကန် တင့်ကားများသည် ကာနယ်ဇုန်ကို ဖြတ်ကျော်လာကြသည်။ အမေရိကန်တို့က ပနားမား ကာကွယ်ရေးစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ပီး တပ်စွဲထားလိုက်သည်။ ပနားမား တူးမြောင်းကိုလည်း ပိတ်ထားလိုက်သည်။

နောက်တစ်နေ့တွင် ပင်တဂွန်က ခုခံသူများကို ချေမှုန်းနိုင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။ အမေရိကန်ဘက်မှ ၂၃ယောက် ကျဆုံးသွားသည်။ ပနားမားတပ်သား ၃၀၀ခန့် အသတ်ခံရပီး ၁၅၀၀ အဖမ်းခံလိုက်ရသည်။ အရပ်သား ၂၃၀ ခန့် သေဆုံးသွားသည်။ ကြားထဲတွင် ပြတ်တောင်း ပြတ်တောင်းပြတ်တောင်း တိုက်ပွဲလေးများ ထပ်မံဖြစ်ပွားသွားသေးသည်။ အမေရိကန်တို့က အောင်ပွဲအတွက် ဂုဏ်ယူနေကြသည်။ သို့သော် နိုရေးဂါး သည် အဖမ်းခံရန် ငြင်းဆန်နေဆဲဖြစ်သလို မည်သည့်နေရာတွင် ‌ရောက်နေမှန်းလည်း မသိရ‌ပေ။

နိုရေးဂါး ကိုယ်တိုင်အဖမ်းခံခြင်း

နောက် ၄ရက်အကြာတွင် ပနားမားမြို့တော် ပုတ်ရဟန်းမင်းကြီးအပိုင် သီလရှင်ကျောင်းတစ်ကျောင်းအတွင်း ခိုလှုံနေကြောင်း သတင်းရကြသည်။ ဘာသာရေးခေါင်းဆောင်များထံ နိုရေးဂါးအား အပ်နှံရန် အမေရိကန်တို့က တောင်းဆိုကြသည်။ ဗာတီကန်ကလည်း မအပ်နှံနိုင်ကြောင်း အကြောင်းပြန်ကြားသည်။ အ‌မေရိကန်တို့သည် သီလရှင် ကျောင်းကို ဝိုင်းထားပီး နေ့ရောညပါ ရော့ခ်သီချင်းများကို မနားတမ်းကျယ်လောင်စွာ ဖွင့်ထားကြသည်။ အမေရိကန်သို့ ပနားမားရောက်ပီး နှစ်ပတ်အကြာတွင် နိုရေးဂါး သည် သီလရှင်ကျောင်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာပီး အမေရိကန် အာဏာပိုင်များထံ အဖမ်းခံလိုက်သည်။

သူ့ကို လေယာဉ်ဖြင့် မီယာမီသို့ ခေါ်သွားသည်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမူဖြင့် ရုံးတင်တရားစွဲကြသည်။ ဥပဒေအကြောင်းအရ အငြင်းပွားစရာတွေ ဖြစ်လာသည်။ နိုရေးဂါးဘက်မှ ခုခံကာကွယ်ပေးသူတွေက သူ့ကိုဖမ်းလာသည့် ပုံစံက တရားမဝင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအာ ကျူးကျော်ဝင်ရောက်ပီး ဤသို့‌ဆောင်ရွက်ခြင်းဖြင့် တရားမျှတသည့် ကြားနာစစ်ဆေးမူမဖြစ်နိုင်ကြောင်း ခုခံလျှောက်လဲကြသည်။ နိုရေးဂါး ပိုင် ဒေါ်လာ သန်း ၂၀ခန့်ကို နိုင်ငံတကာဘဏ်များမှ ထုတ်ယူ၍ မရနိုင်အောင် တားဆီးလိုက်ကြသည်။

သို့သော် နောက်ပိုင်းတွင် နိုရေးဂါး သည် သူတရားရင်ဆိုင်နေသည့်စရိတ်များကို ပုံမှန်ပေးနိုင်နေသဖြင့် တားဆီးပိတ်ဆို့မူတွေ မထိ‌ရောက်သေးကြောင်း တွေ့ရသည်။ နိုရေးဂါး အား လွှတ်ပေးရန်မှာလည်း စီအို်ငအေအတွက် ပြဿနာဖြစ်သည်။ နိုရေးဂါး ကို သူ့ပြည်သူများအား ‌ထောက်လှန်းရန် ခိုင်းစေသူများက စီအိုင်အေကသူတွေဖြစ်နေသည်။ နိုရေးဂါးက သူ့အနေဖြင့် အိတ်ဇိုးစပ် ဒုံးလက်နက်များကို ဖော့ကလန်စစ်ပွဲအတွင်းက စီအိုင်အေအမိန့်ဖြင့် အာဂျင်တီးနားသို့ ပို့ပေးခဲ့ရကြောင်း ဝန်ခံသည်။

၁၉၉၂ ခုနှစ် ဧပြီလတွင် သူ့ကို မူးယစ်ဆေးဝါးမူဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်။ နိုရေးဂါး အနေအထားက သိပ်မကောင်းတော့။ သူ့ဇနီးကလည်း သူ့ကို အမူစစ်ဆေးနေစဉ် ကာလတွင် ဒီဇိုင်နာတစ်ယောက်၏ အလှပြဝတ်စုံမှ ကြယ်သီးများကို ဖြုတ်ခိုးသဖြင့် အဖမ်းခံရသည်။ နိုရေးဂါးကိုလည်း ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက်သည်။

Ref: I Was a Drug Smuggler for the CIA , by Nigel Cawthorne.

ဆရာတင်ညွန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts