အတွေးများကို

အတွေးများကို မိအောင်ဖမ်းခြင်း

အတွေးများကို မိအောင်ဖမ်းခြင်း

သင်ခြေရာခံရမည့် အခြေခံအကျဆုံးအချက်မှာ သင်၏ အတွေးများကို အခြေခံခြင်းပင် ဖြစ်၏။ အကယ်၍ သင်သည် အပျက်သဘော ခံစားနေရပါက အချိန်အနည်းငယ်မျှ စိတ်ကို ဖြေလျှော့ချလိုက်ပြီးနောက် သင်၏စိတ်ထဲ၌ မည်သည့်အတွေးများ ပေါ်ပေါက်လာသည်ကို မှတ်သားထားပါ။ သင်၏စိတ်က မည်ကဲ့သို့ အလုပ်လုပ်နေသည်ဆိုသော အချက်အလက်များကို စုဆောင်းပါ။ သင်၏အတွေးများကို စိတ်အာရုံထဲ၌ လျှပ်တစ်ပြတ် ဓာတ်ပုံရိုက်ယူသကဲ့သို့ မိအောင်ဖမ်းကြည့်ပါ။

မည်ကဲ့သို့သော ပုံရိပ်များကို မြင်ယောင်လာပါသနည်း။ မည်သည့် အသံများကို ကြားနေရပါသနည်း။ သင့်ကိုယ်သင် မည်ကဲ့သို့ ပြောဆိုနေပါသနည်း။ အတိတ်မှ မည်သည့်မှတ်ဉာဏ်များနှင့် အနာဂတ်မှ မည်သည့်စိတ်ကူးယဉ်အိမ်မက်များ ပေါ်ပေါက်လာကြသနည်း။ “ ငါ ဒီကိစ္စကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ် ” သို့မဟုတ် “ သူ့ကိုငါ တစ်ကယ်စိတ်ကုန်တယ်” စသည်ဖြင့် သင်၏အတွေးကို ဝါးကျတစ်ကြောင်းတည်းဖြင့် ဖော်ထုတ်ကြည့်ပါ။ ပို၍ အာရုံစူးစိုက်နိုင်အောင် မျက်စိကို စုံမှိတ်ထားပါ။

အတွေးများကို တိတိကျကျဖော်ထုတ်ခြင်း

အပျက်သဘောဆောင်သည့် အတွေးကို မိအောင်ဖမ်းခြင်းသည် ၎င်းအား ပြောင်းလဲရာ၌ ပထမခြေလှမ်းဖြစ်၏။ သင်၏စိတ်ထဲ၌ မည်ကဲ့သို့ ခံစားနေရသည်ကို အာရုံစိုက်၍ အထူးသီးသန့်ရှာဖွေပါ။

အသုံးဝင်သော လေ့ကျင့်ခန်းများ

  • သင်ငယ်စဉ်က ဓာတ်ပုံများကို ရှာကြည့်ပြီး ထိုစဉ်က ရရှိခဲ့သော ယုံကြည်မှုများကို ပြန်စဉ်းစားကြည့်ပါ။
  • သင့်ဘဝ၏ အရေးအပါဆုံး ပုဂ္ဂိုလ်သုံးဦးထံမှ အကောင်းမြင် သို့မဟုတ် မကောင်းမြင်သော မည်သည့် ယုံကြည်ချက်များကို ရရှိခဲ့ကြောင်း ပြန်လည်သုံးသပ်ကြည့်ပါ။
  • သင်စိတ်ဆိုးနေသောအခါ သို့မဟုတ် စိုးရိမ်ကြောင့်ကြဖြစ်နေသောအခါ ထိုစိတ်အပေါ်၌ အာရုံစူးစိုက်ပြီး မည်သည့်ကိစ္စကြောင့် ဒေါသထွက်နေရသနည်း။ စိုးရိမ်ကြောင့်ကြ ဖြစ်နေရသနည်း ဟု ပြန်လည် ဆန်းစစ်ကြည့်ပါ။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts