သင်၏အတွေးများကို

သင်၏အတွေးများကို ခွဲခြားဖော်ထုတ်ခြင်း

သင်၏အတွေးများကို ခွဲခြားဖော်ထုတ်ခြင်း

ဖြစ်ရပ်များက သင်၏ခံစားမှုများကို ထကြွနိုးကြားလာအောင် မောင်းဖြုတ်လိုက်သောအခါ အတွေးတစ်ခုက အမြဲတစေပင် ကပ်၍ပါလာလေ့ရှိ၏။ သင်က ဤကိစ္စကို အဇ္ဈတ္တမှ ပုံရိပ်တစ်ခု သို့မဟုတ် အသံတစ်သံ သို့မဟုတ် “ငါ ဒီအင်တာဗျူးကို သိပ်ကြောက်တယ်၊” “သူ ငါ့ကို ဒေါပွနေတယ်၊” “ဒီမီးရထားကြီးက ခါတိုင်းလို ပျောက်နေဦးမှာပဲ” စသည်ဖြင့် ဝါကျတစ်ခုအား ကြားနေရသကဲ့သို့ တွေးဖူး၊ ကြုံဖူးနိုင်၏။

အတွေးတစ်ခုသည် ပစ္စက္ခမှ ဖြစ်ရပ်တစ်ခု၊ အတိတ်မှ မှတ်ဉာဏ်တစ်ခု သို့မဟုတ် အနာဂတ်အား နမိတ်ဖတ်မှုတစ်ခု ဖြစ်နိုင်၏။ အပြုသဘောဆောင်သော တွေးတောမှု မဟာဗျူဟာ၏ အဓိက မဏ္ဏိုင်မှာ အတွေးများကို ဆီလျော်အောင် ပြုပြင်ခြင်း၊ အပြုသဘောကို အသားပေးပြီး အပျက်သဘောကို ဖျက်ဆီးပစ်ခြင်းတို့ပင် ဖြစ်သည်။ သင်၏အတွေးများကို ပြုပြင်ပြောင်းလဲလိုက်မည်ဆိုပါက သင်၏ စိတ်ခံစားချက်များကိုပါ အလိုအလျောက် ပြောင်းလဲသွားစေပါလိမ့်မည်။ သင်၏လုပ်ရပ်များကို လမ်းကြောင်းပြောင်းပေးပါလိမ့်မည်။

ယုံကြည်မှုများကို နားလည်သဘောပေါက်ခြင်း

သင့်အတွေးများ၏ အောက်ခြေတွင် သင်၏အတွေ့အကြုံများမှာ ရလဒ်အနေဖြင့် အမြစ်တွယ်နေသော ယုံကြည်မှုများရှိကြ၏။ ၎င်းတို့သည် ဘာသာရေးဆိုင်ရာ ယုံကြည်မှုများ ဖြစ်ရန်မလိုပါ။ သို့ရာတွင် သင်၏ကမ္ဘာကြီးအား မြင်သည့်အမြင်ကို အရောင်ခြယ်ပေးနေသည့် သင်၏စိတ်နေစိတ်ထားနှင့် အခိုင်အမာယုံကြည်မှုများပင် ဖြစ်ကြ၏။ အတွေးများသည် နှိုင်းယှဉ်ချက်အရ ဖြစ်ပေါ်လာတတ်ကြသော်လည်း ယုံကြည်မှုများကိုမှု လုံးဝမှန်ကန်သည်။ ငြင်းပယ်၍မရ၊ ပရမသတ္ထသစ္စာများ ဖြစ်ကြသည်ဟု ခံစားရလေ့ရှိ၏။

ယုံကြည်မှုများသည် သင့်အတွေး၏ အခြေခံအချက်များဖြစ်သောကြောင့် အပျက်ကိုဆောင်သည့် ယုံကြည်မှုက သင့်ဘဝ၏ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်၏။ အကယ်၍ သင်သည် အပျက်သဘော ယုံကြည်မှုများကို ဖော်ထုပ်နိုင်ပြီး အပြုသဘောယုံကြည်မှုများသို့ ပြောင်းလဲနိုင်မည်ဆိုပါက သင်၏ဘဝကို ချဉ်းကပ်ပုံချဉ်းကပ်နည်းတွင် ပို၍ ယုံကြည်စိတ်ချမှု ရှိလာပါလိမ့်မည်။

လျှပ်တစ်ပြက် မှတ်သားရန်

  • သင်၏ခံစားမှုများ၊ အတွေးများ၊ ယုံကြည်မှုများကို ခွဲခြားစိတ်ဖြာနိုင်ရန် လိုအပ်သည်။
  • အပြုသဘောဆောင်သည့်အတွေးက အပြုသဘောဆောင်သည့် ခံစားမှုကို ဖြစ်ပေါ်စေပြီး အပြုသဘောဆောင်ရွက်မှုကို စေ့ဆော်တိုက်တွန်း၏။
  • သင်၏ခံစားမှုများ၊ အတွေးများနှင့် ယုံကြည်မှုများကို အပျက်သဘောမှ အပြုသဘောသို့ ပြောင်းလဲပစ်နိုင်၏။
  • အပြုသဘောတွေးခေါ်မှုက ဘဝအား ချဉ်းကပ်သည့်ပုံစံတစ်ခုလုံးကို ဩဇာသက်ရောက်စေ၏။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts