စိတ်ဓါတ်ကြံ့ခိုင်မှု

စိတ်ဓါတ်ကြံ့ခိုင်မှု ရှိစေမယ့် နည်းလမ်း (၅) သွယ်

စိတ်ဓါတ်ကြံ့ခိုင်မှု ရှိစေမယ့် နည်းလမ်း (၅) သွယ်

စိတ်ဓါတ်ကြံ့ခိုင်မှုရှိခြင်းဟာ ဘဝအနိမ့်အမြင့် အတက်အကျတွေကို အကောင်းဆုံးရင်ဆိုင် ဖြတ်သန်းနိုင်မယ့် အစွမ်းတစ်ခုပါပဲ။ လောကဓံလှိုင်းတွေများလှတဲ့ ဘဝခရီးမှာ စိတ်ဓါတ်ကြံ့ခိုင်သန်မာသူတွေပဲ အောင်အောင်မြင်မြင် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကြံ့ခိုင်ဖို့အတွက် အလေ့အကျင့်ဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးချင်ပါတယ်။

  • ကိုယ့်စွမ်းကိုယ်စကို ယုံကြည်ပါ။ သံသယနဲ့ မယုံကြည်မှုတွေဟာ ရှေ့ခရီးဆက်မရအောင် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားတဲ့ ဘရိတ်တွေ ဖြစ်နေပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှု မြင့်မားသူ ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် သံသယမရှိပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှေ့တန်းတင်ပြီး အလုပ်လုပ်ပါ။
  • အတွေးမလွန်ပါနဲ့။ တစ်ခုခုကို ဆုံးဖြတ်ချိန်မှာ တွန့်ဆုတ်မနေဘဲ ပြတ်သားဖို့ဆိုရင် ကိုယ့်ခေါင်းထဲမှာ အတွေးတွေ သိပ်များလွန်းမနေဖို့ လိုပါတယ်။ လိုတာထက် ပိုတွေးခြင်းဟာ အချိန်တွေကုန်၊ စိတ်ပင်ပန်းရုံကလွဲပြီး ထိရောက်တဲ့ အဖြေတော့ ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။
  • အနေကျပ်မှာကို မကြောက်နဲ့။ ဘဝမှာ “အကျပ်” ကလေးတွေက အရေးကြီးတဲ့ အပြောင်းအလဲပါ။ ဘွဲ့ရချင်ရင် အပင်ပန်းခံပြီး စာကြိုးစားရပါတယ်။ ဒီအတွက် သက်သက်သာသာလေးနဲ့ သွားလို့မရပါဘူး။ ဝိတ်ကျချရင် Gym သွားပြီး ပြင်းပြင်းထန်ထန် စွဲစွဲမြဲမြဲ အားကစားလုပ်ရပါတယ်။ ဒါလည်း “အကျပ်” ပါပဲ။ အောင်မြင်သူတွေဟာ အဲ့ဒီလို အကျပ်အတည်းလေးတွေ ကျော်ဖြတ် လာတာကြောင့် ပိုပြီး ရင့်ကျက် သန်မာခဲ့တယ်ဆိုတဲ့ အချက်ကို မမေ့လိုက်ပါနဲ့။
  • ပြောင်းလဲရဲပါစေ။ စိတ်ခွန်အားကြီးသူတို့ရဲ့ စရိုက်လက္ခဏာ နှစ်ခု ရှိပါတယ်။ တစ်ခုက ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုနဲ့ နောက်တစ်ခုက ဘဝမှာ အပြောင်းအလဲတွေ လုပ်ဖို့ကို မကြောက်တတ်တာပါပဲ။ ပြောင်းလဲရဲတဲ့ သတ္တိကို မွေးပြီး အခြေအနေအားလုံးကို ရင်ဆိုင်နိုင်သူဟာ စိတ်ဓါတ်အင်အားကြီးလာမှာ အမှန်ပါပဲ။
  • သင့် Willpower ကို နေ့စဉ် လေ့ကျင့်ခန်းဆင်းပါ။ အားကစားသမားတစ်ယောက် နေ့တိုင်း လေ့ကျင့်ခန်း မပြတ်လုပ်သလိုမျိုး စိတ်ဓါတ်ကြံ့ခိုင်ချင်ရင် နေ့တိုင်းမှာ ကိုယ့်ဘာသာ စည်းကမ်းထားပြီး Will Power (စိတ်သတ္တိ)အားကောင်းအောင် ‌လေ့ကျင့်ရပါမယ်။ လုပ်ချင်ပေမယ့် အကျိုးမဲ့တာတွေ ရှောင်ကြဉ်တာ ၊ စိတ်မပါပေမယ့် အကျိုးရှိတာတွေကို လုပ်ဆောင်တာ၊ သက်တောင့်သက်သာဘဝကနေ ရုန်းထွက်ကြည့်တာမျိုးကို နေ့တိုင်းနေ့တိုင်း လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

စိုးနိုင်မင်းရေးသားသော သူ့ဘဝစာအုပ်လေး စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။

Related Posts