ယထာဘူတကျကျ

အစစအရာရာကို ယထာဘူတကျကျ မြင်တတ်ပါစေ

အစစအရာရာကို ယထာဘူတကျကျ မြင်တတ်ပါစေ

အခြေအနေတစ်ရပ်က အမှန်တကယ် ဆိုးရွားနေသည့်တိုင်အောင် သင့်ကို အပျက်မြင်ရှုထောင့်က လွှမ်းခြုံဖိစီးမထားအောင် ရှောင်ရှားနိုင်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် သင်သည် ပြဿနာဖြစ်နေသည့် နယ်မြေများ၌ အာရုံမစူးစိုက်ပဲ ကောင်းသောအချက်များကိုသာ အာရုံစိုက်ပါ။ ဤနည်းဖြင့် သင့်စိတ်၏ ရှေ့တန်းနယ်မြေသည် ကောင်းသောအခြေအနေနှင့်သာ ကြုံတွေ့နေရပါလိမ့်မည်။

ယေဘုယျအားဖြင့် အပျက်သဘောများကို ခြုံငုံ၍ စဉ်းစားမနေပါနှင့်။ အပြုသဘောများကိုသာ အာရုံစိုက်ပါ။ သင်က အခက်အခဲများအား ပုံကြီးချဲ့နေမိသည့် အရိပ်လက္ခဏာများကို ရှာဖွေပါ။ သင်၏ဘဝ တစ်စိတ်တစ်ပိုင်းတွင် အခက်အခဲဖြစ်နေရုံမျှနှင့် ဘဝတစ်ခုလုံး ပျက်စီးမသွားနိုင်ကြောင်း သတိရပါ။

အဓိကအချက်များ

  • သင်၏ပြဿနာများအား အနာဂတ်အထိ ဆွဲဆန့်နေမှုများကို ရှောင်ကျဉ်ပါ။ နောက်ဆုံးတွင် အရာရာသည် ပြီးဆုံးသွားသည်သာ ဖြစ်သည်။
  • သင်၏အတွေးများကို သင်လိုရာသို့ ဆွဲဆန့်ပြီး တွေးနေမိကြောင်း သတိပြုမိပါစေ။ နောက်သို့ တစ်လှမ်းပြန်ဆုတ်ပြီး ပို၍မျှတသော တုံ့ပြန်ချက်ကို စဉ်းစားပါ။

ဆောင်ရွက်ရမည့် အချက်များ

သင်သည် မိမိ၏ရှေ့နေဖြစ်ပါစေ။ မိမိကိုယ်ကို စတင်ဝေဖန်မိချိန်၌ ချက်ချင်းပင် ခုခံကာကွယ်ပါ။
မှားရွင်းမှုများအတွက် ခြွင်းချက်ထားပါ။ ပင်ပန်းနွမ်းနယ်နေမှု၊ စိတ်ဝင်စားမှု လျော့နည်းမှု သို့မဟုတ် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ်မပါမှုသည် သဘာဝပင်ဖြစ်သည်။
သေးငယ်သည့် အပျက်သဘော တစ်ခုတည်းကိုသာ ကွက်မကြည့်ပါနှင့်။ ကိစ္စတစ်ခုလုံးကို ခြုံငုံစဉ်းစားပါ။

ရှောင်ကြဉ်ရမည့် အချက်များ

မဖြူလျှင်မည်းရမည်ဆိုသော တွေးနည်းမျိုးကို ရှောင်ကျဉ်ပါ။ တစ်ခုခုမကောင်းသည်နှင့် အကုန်လုံး၊ တစ်ချိန်လုံး၊ အမြဲတမ်း ပျက်နေလိမ့်မည်ဟု မတွေးပါနှင့်။
အပြုသဘောကို မမေ့ပစ်ပါနှင့်။ ကောင်းသော ကိစ္စတစ်ခုခုကို ပြုပြီးသည့်အခါတိုင်း မှတ်သားထားပါ။ မေ့မပစ်လိုက်ပါနှင့်။
ရုတ်တရပ် ချက်ချင်း ဆုံးဖြတ်မှုများကို ရှောက်ကျဉ်ပါ။ ထိုကိစ္စသည် အဆိုးဘက်မှဖြစ်သည်ဟု မဆုံးဖြတ်မီ အစစအရာရာကို အချိန်ယူပြီး စဉ်းစားပါ။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts