ကျွန်တော်တို့ ဘာတွေ လေ့လာသင်ယူဖို့ လိုနေသေးလဲ?

ကျွန်တော်တို့ ဘာတွေ လေ့လာသင်ယူဖို့ လိုနေသေးလဲ ?

ကျွန်တော်တို့ ဘာတွေ လေ့လာသင်ယူဖို့ လိုနေသေးလဲ ?

တစ်ဖက်မှာရှိတဲ့ နိုင်ငံတကာကတော့ Talent Shortage ဆိုပြီးဝေဖန်ကြပါတယ်။ ကိုယ့်ဆီမှာ လူမရှိတော့ ဈေးသက်သာတဲ့ India, Philippine အစရှိတဲ့ နိုင်ငံကသူတွေ ခေါ်ငှားနေကြရပါပြီ။ (ဒေါ်လာ ၁၀ဝ၀ ~ ၁၅၀ဝ ပေးရင်ကိုယ့်ထက် နှစ်ဆလုပ်နိုင်စွမ်းရှိပါတယ်)

လုပ်ငန်းရှင်ဘဲဖြစ်ဖြစ်၊ ဝန်ထမ်းဘဲဖြစ်ဖြစ် မိမိကိုယ်ကို တိုးတက်ကြီးပွားလိုစိတ် အမှန်တကယ် ရှိတယ်ဆိုရင် အမြဲတစေ လေ့လာသင်ယူနေဖို့လိုပါတယ်။ ကျနော့် ပါမောက္ခဆရာမကြီးပြောသလို MBA ပြီးတာနဲ့ဘာမှမဖြစ်သေးဘူးဆိုတာ ကလေးတွေသိအောင်ပြောပြပေးပါ ဆိုသလိုပေါ့။

ကျနော် နိုင်ငံတကာ ကုမ္ဗဏီဝန်ထမ်းဘဝမှာ သင်တန်းတွေအများကြီး တက်ခဲ့ရသလို ခုချိန်ထိလည်း ကိုယ်မသိတာတွေ၊ အသစ် အသစ် ပေါ်ပေါက်လာတဲ့ သီအိုရီတွေအတွက် လေ့လာနေရဆဲပါ။ Trainer and Consultant တစ်ယောက်မို့လေ့လာရတာမျိုးတင် မဟုတ်ဘဲ၊ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့လည်း မိမိဝန်ထမ်းတွေ တိုးတက်လာစေဖို့ လိုအပ်တဲ့ သင်တန်းတွေပေးနိုင်ဖို့လည်းလုပ်ရပါတယ်။ ညီငယ်ညီမငယ် တွေအနေနဲ့လည်း ဒီပလိုမာတစ်ခုရတာနဲ့ကိုယ့်ကိုကိုယ် အရာရာသိသွားပြီ၊ လစာတိုးတောင်းမယ်၊ ရာထူးတိုးပေးတဲ့ဆီ ပြောင်းမယ်ဆိုတဲ့ အယူလွဲတွေရှိမှာစိုးရိမ်ပါတယ်။

Training and Development လို့ပြောကြရင် ဝန်ထမ်းတွေအတွက် အဓိက အပိုင်း(၃) ပိုင်း ခွဲမြင်ကြည့်လို့ရပါတယ်။

Core Service Skills

မိမိလုပ်ငန်းတိုးတက်အောင်မြင်ဖို့ပိုကောင်းလာဖို့မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကို အသုံးပြုရမည့် အရည်အချင်းတွေပါ။

Complementary Service Skills

လူသားတစ်ယောက်အနေနဲ့မဖြစ်မနေ တက်ကျွမ်းနားလည်နေရမယ့် အရည်အချင်းတွေပါ။

Industry-Specific Service Skills

ဒါကတော့ မိမိလုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစား သဘာဝအပေါ်မူတည်ပြီး တတ်ကျွမ်းရမည့် အရည်အချင်းတွေပါဘဲ။

ဒါတွေထဲကမှ စီမံခန့်ခွဲမှုဆိုင်ရာမှာ ကျွမ်းကျင်လာဖို့ လိုအပ်တဲ့ အရည်အချင်းတွေကတော့ –

Communication Skills

လုပ်ငန်းခွင်အတွင်း လုပ်ဖေါ်ကိုင်ဖက်ဌာနများ အားလုံးကို အချိန်နဲ့တပြေးညီကောင်းမွန်စွာ ဆက်ဆံချိတ်ဆက်နိုင်တဲ့ စွမ်းရည်ပါ။

Supervisory Skills

ခေါင်းဆောင်အုပ်ချုပ်နိုင်မှု စွမ်းရည်ပါ။

Interpersonal Skills

တဖက်သားက အထင်ကြီးလေးစားအောင် မိမိကိုယ်ရည်ကိုယ်သွေးကို တောက်ပနေအောင် လုပ်နိုင်တဲ့စွမ်းရည်ပါ။

Presentation Skills

တဖက်သားကို တင်ပြပြောဆိုရာမှာ အချက်ကျကျ လေယူလေသိမ်းဟန်ပန်နဲ့တကွ ပြောဆိုတတ်ခြင်းပါ။

Problem Solving Skills

ပြဿနာတွေကိုအချိန်နဲ့တပြေးညီ ဖြေရှင်းနိုင်စွမ်းလိုပါတယ်။

Change Management

လုပ်ငန်းတွေဟာ တသတ်မတ်တည်းသွားနေလို့မရပါဘူး။ အချိန်အခါအလိုက် အပြောင်းအလဲ ရှိတတ်ပါတယ်။ ဒီနေရာအမှာ ပြောင်းအလဲရဲ့ သဘောတရားကို နားလည်ပြီး အားလုံးပါဝင် လက်ခံလာအောင် ဦးဆောင်နိုင်စွမ်းပါ။

Conflict Management

ပဋိပက္ခဆိုတာ လုပ်ငန်းခွင်မှာ ရှိရပါမယ်။ မရှိရင်ဘာမှမလုပ်ကြဘဲ ဝိုင်းလိမ်နေကြတယ်လို့ မြင်ပါတယ်။ ဒါကို အားလုံးသဘောတူညီမှုရအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုးလိုပါတယ်။

Building Trust and Teamwork

တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ယုံကြည်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့လေ့ကျင့်ပေးဖို့လိုပါတယ်။

Personal Effectiveness

တနည်းအားဖြင့် အပြုသဘောဆောင်တဲ့အမြင်နဲ့ လုပ်နိုင်စွမ်း၊ ပတ်ဝန်ကျင်ကိုဦးဆောင်နိုင်စွမ်း၊ ကောင်းသောအကျင့်၊ မြတ်သောအကျင့်တွေနဲ့ရပ်တည်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်မျိုးပါ။

EQ (Emotional Quotient)

ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊ သည်းခံနားလည်ပေးနိုင်စွမ်း ဆိုတာတွေဟာ စီမံခန့်ခွဲမှုရဲ့ အောင်မြင်နိုင်စွမ်းသော သော့ချက်အရည်အချင်းတွေပါ။

Decision Making Skills

ချင့်ချိန်နှိုင်းဆ၊ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်မျိုးတွေပါ။

Strategic Thinking

မဟာဗျူဟာလို့ခေါ်တဲ့ ရေရှည်ကို မျှော်တွေးနိုင်တဲ့ စွမ်းရည်မျိုးပါ။

Creativity

တီထွင်ကြံစည်ဖန်တီးနိုင်တဲ့ စွမ်းရည်မျိုးပါ။

Influencing Others

တဖက်သား လက်ခံလာအောင် လွှမ်းမိုးပြောဆိုနိုင်စွမ်းမျိုးလိုပါတယ်။

Negotiation Skills

စိတ်ရှည်စွာ ဘက်ပေါင်းစုံကနေ ညှိနိုင်ဆွေးနွေးနိုင်စွမ်းမျိုးပါ။

Finance Skills

ငွေကြေး၊ စာရင်းအင်းပိုင်းတွေရဲ့ အခြေခံတွေကို မသိမဖြစ်နားလည်နေရပါမယ်။

နိဂုံးချူပ်ရရင် လုပ်ငန်းရှင်တွေအနေနဲ့မိမိဝန်ထမ်းတွေကို သင်တန်းတွေပေးရာမှာ ဒါတွေသင်ပေးပြီး တတ်သွားရင် ငါ့ဆီကထွက်သွားမလားဆိုတဲ့အတွေးတွေထက် မဆုံးရှူံးနိုင်တဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ မြင်ဖို့အရေးကြီးပါတယ်။

အဆိုးဆုံးတွေးရင်လည်း ပညာဒါနပြုတယ်လို့သဘောထားလိုက်ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်မှာ အတူတူစခဲ့ကြတဲ့ မတိမ်းမယိမ်း လုပ်ငန်းအချင်းချင်း အခုအချိန်မှာ တဖက်နဲ့ အလွန်ကွာသွားတာမျိုး ရှိနေရင် ဒါဟာ ဝန်ထမ်းတွေရဲ့အရည်အချင်းကွာနေလို့ဆိုတာ အဓိကအချက်အနေနဲ့တွေ့ရမှာပါ။

လုပ်ငန်းရှင်နဲ့ဝန်ထမ်း နှစ်ဘက်စလုံး နားလည်ပြုပြင်စေချင်တဲ့ စေတနာပါခင်ဗျာ

လေးစားစွာဖြင့်

Kaung Nyein Soe (Kudos To You)

စီးပွားရေး

Open More Online

Related Posts