Tomino’s Hell (トミノの地獄) တိုမီနို​လေးရဲ့ ငရဲ

Tomino’s Hell သည် ကျိန်စာသင့်​နေသည့် ဂျပန် ကဗျာတစ်ပုဒ် ဖြစ်သည်။ ဤကဗျာကို ယိုမိုတာ အီနုဟီကို ဟူသည့် ကဗျာဆရာက ​ရေးသားခဲ့ပြီး “နှလုံးသားက လိမ့်​နေတဲ့ ​ကျောက်တုံးလိုပဲ” အမည်ရှိ ကဗျာစာအုပ်တွင် စတင်ပါဝင်ခဲ့သည်။ ​

နောက်ပိုင်းတွင် ဤကဗျာသည် ကျိန်စာသင့် ကဗျာ တစ်ပုဒ် အဖြစ် လူသိများလာသည်။ ဤကဗျာကို အသံထွက်၍ ဖတ်သည့်သူတိုင်းသည် စိတ်ထဲမှာ မသက်မသာ ခံစားကြရသည်။ ထို့အပြင် အသံထွက်၍ ဖတ်သည့်သူများထံသို့ ကံဆိုးမှုများ ကျရောက်လာတတ်သည်။ နေမ​ကောင်းဖြစ်ခြင်း မှစ၍ ​သေသွားနိုင်သည်အထိ အန္တရာယ် ရှိသည်။ ထို့ကြောင့် ဤကဗျာကို အသံထွက်၍ မဖတ်သင့်ပေ။ ဖတ်လိုပါက စိတ်ထဲမှသာ ဖတ်သင့်သည်။

ane wa chi wo haku, imoto wa hibaku, kawaii tomino wa tama wo haku
hitori jigoku ni ochiyuku tomino, jigoku kurayami hana mo naki.
muchi de tataku wa tomino no ane ka, muchi no shubusa ga ki ni kakaru.
tatakeya tatakiyare tatakazu totemo, mugen jigoku wa hitotsu michi.
kurai jigoku e anai wo tanomu, kane no hitsuji ni, uguisu ni.
kawa no fukuro niya ikura hodo ireyo, mugen jigoku no tabijitaku.
haru ga kite soro hayashi ni tani ni, kurai jigoku tani nana magari.
kago niya uguisu, kuruma niya hitsuji, kawaii tomino no me niya namida.
nakeyo, uguisu, hayashi no ame ni imouto koishi to koe kagiri.
nakeba kodama ga jigoku ni hibiki, kitsune botan no hana ga saku.
jigoku nanayama nanatani meguru, kawaii tomino no hitoritabi.
jigoku gozaraba mote kite tamore, hari no oyama no tomehari wo.
akai tomehari date ni wa sasanu, kawaii tomino no mejirushini.

အဓိပ္ပါယ်-

အစ်မကြီးက ​သွေးကို အန်တယ်၊ ညီမ​လေးက မီးကို ​ထွေးထုတ်တယ်။ ချစ်စရာ တိုမီနို​လေးက​တော့ ဖန်ကွဲစ​တွေ အန်တယ်။ တိုမီနို​လေးဟာ တစ်ယောက်တည်း ​သေသွားပြီး ငရဲသို့ ကျဆင်းသွားတယ်။ ငရဲဆိုတာ အ​မှောင်ထုက ကြီးစိုးနေပြီး ပန်း​တွေ မပွင့်တဲ့ ​နေရာ​ပေါ့။ ကြာပွတ် ကိုင်ထားတာ တိုမီနို​လေးရဲ့ အစ်မကြီး မဟုတ်ဘူးလား။ ကြာပွတ်အရှိုးရာ​တွေက စိုးရိမ်စရာ အ​ခြေအ​နေပဲ။ ကြာပွတ်နဲ့ ရိုက်ရင်း။ တုတ်နဲ့ ရိုက်ရင်း။ ထု​ထောင်းရင်း။ ထာဝရ ငရဲသို့ သွားရာလမ်းက တစ်​ကြောင်းတည်း။ ငရဲရဲ့ အမှောင်ထုမှာ လမ်းညွန်ပြသဖို့ ​တောင်းဆိုချင်တယ်။ ​ရွှေ​ရောင်သိုးငယ်က​နေ။ နိုက်တင်​ဂေး ငှက်က​နေ။ သား​ရေအိတ်ထဲမှာ ဘယ်​လောက်များ ကျန်​သေးပါလိမ့်။ ငရဲဆီသို့ အဆုံးမရှိတဲ့ ခရီးအတွက် ပြင်ဆင်ရင်း။ ​တောင်ကြားက သစ်​တော​တွေဆီကို ​နွေဦး​ရောက်လာခဲ့တယ်။ ငရဲရဲ့ အ​မှောင်ဆုံး ချိုင့်ဝှမ်းကို ခုနှစ်ပတ် လှည့်ခဲ့တယ်။ ​လှောင်ချိုင့်ထဲမှာ နိုက်တင်​ဂေး ငှက်တစ်​ကောင်၊ လှည်းမှာ သိုးတစ်​ကောင်။ တိုမီနို​လေးရဲ့ မျက်လုံးမှာ မျက်ရည်​တွေ ပြည့်လျှမ်း​နေတယ်။ ငိုလိုက်စမ်းပါ၊ နိုက်တင်​ဂေး ငှက်ရယ်။ သစ်ပင်​တွေနဲ့ မိုးစက်​တွေအတွက်၊ သင့်ရဲ့ အစ်မအတွက် အချစ်​တွေကို ​အော်ထုတ်လိုက်ပါ။ ​အော်ငိုသံဟာ ငရဲတစ်ခုလုံးကို ပဲ့တင်ရိုက်ခတ်ပြီး ​သွေးနီ​ရောင် ငရဲပန်း​တွေ ပွင့်လာ​စေတယ်။ ငရဲပြည်ရဲ့ ​တောင်ခုနစ်ထပ်၊ ချိုင့်ဝှမ်း ခုနစ်သွယ်ကို ဖြတ်ပြီး ချစ်စရာ တိုမီနို​လေး ခရီးသွား​နေတယ်။ ငရဲပြည်က ကြိုဆို​နေတယ်။ ဆူး​တောင်ကုန်းရဲ့ ချွန်မြတဲ့ အပ်သွား​တွေက တလက်လက် ​တောက်​နေတယ်။ စူးမြစွာနဲ့ အသားကို ​ဖောက်ထိုးဝင်သွားတယ်။ တိုမီနို​လေးအတွက် အမှတ်အသားလိုပါပဲ။

တိုမီနိုအကြောင်း အသေးစိတ် လေ့လာရန်

ရသ

Related Posts