Blog

Blog ရေးသားခြင်း အနုပညာ

ကျွန်ုပ်တို့ သိတဲ့ ပညာတွေ၊ အကြံဉာဏ် တွေကို တခြားသူတွေလည်း သိရအောင်လို့ မျှဝေသင့်ပါတယ်။
ဒီလို မျှဝေတဲ့အခါ Facebook မှာ စာတွေရေးကြသလို၊ Website တွေကနေ Blog တွေရေးပြီးလည်း မျှဝေလို့ ရပါတယ်။ သင့်ကိုယ်ပိုင် Website ကဖြစ်စေ၊ Blogger လို Website တွေကဖြစ်စေ သင့်သိတဲ့ ဗဟုသုတတွေကို မျှဝေတော့မယ်ဆိုရင် သိသင့်သိထိုက်တာလေးတွေကို ပြောပြပေးသွားပါမယ်။

အချက် (၉) ချက်နှင့် ရှင်းပြပေးသွားပါမယ်။ လေ့လာလိုက်ရအောင် …..

(၁) Blogs တွေကို တွေရမယ့် အရေးကြီးတဲ့ နေရာ (၂) ခု

Blogs တွေရေးပြီးရင် ပြန်လည်ပြသပေးမယ့် နေရာကို အကြမ်းပျဉ်းအားဖြင့် (၂) နေရာ လို့သက်မှတ်နိုင်ပါတယ်။

  • Blog Grid
  • Blog Detail

Blog Grid က ရေးပြီးသား Blogs တွေကို တစုတဝေးတည်း မြင်ရမယ့် နေရာဖြစ်ပါတယ်။

Blog Grid
Blog Grid

Blog Detail ကတော့ ကိုယ်ရေးတဲ့ Blog တစ်ခုချင်းစီကို အသေးစိတ်ဖတ်တဲ့ နေရာဖြစ်ပါတယ်။

Blog Detail
Blog Detail

သင်ထည့်လိုက်တဲ့ Blog တွေက ဒီနှစ်နေရာမှာ ကောင်းကောင်းမွန်မွန် ပေါ်နေဖို့ အရေးကြီးပါတယ်။

ကိုယ်ရေးပြီးတိုင်း ဒီနှစ်နေရာကို ပြန်စစ်ပေးသင့်ပါတယ်။

(၂) မှန်ကန်သော ပုံ ရွေးချယ်ခြင်း

တချို့ Blog တွေဟာ သင်ပြောချင်တဲ့ အဓိပ္ပာယ်ကို စာတွေနဲ့ ရှင်းပြနေတာထက်၊ သက်ဆိုင်ရာ ပုံ (Image) နဲ့ ဖော်ပြတာက ပိုမို ထိရောက်ပါတယ်။

Height မြင့်လွန်း (ဆွဲရတာပိုကြာစေ) တဲ့ ပုံတွေနဲ့၊ သင်ပြောချင်တဲ့ အချက်တွေနဲ့ မဆိုင်တဲ့ ပုံတွေဆိုရင်တော့ မထည့်သင့်ပါဘူး။ စာဖတ်သူကို စိတ်ရှုပ်စေပါတယ်။

(၃) ခေါင်းစဉ်တွေကို Header Tag အသုံးပြုပေးခြင်း

ရေးမယ့် အကြောင်းအရာရဲ့ အဓိက ခေါင်းစဉ်ကြီးရှိသလို၊ တချို့ Blog တွေက အချက်တစ်ချက်ခြင်းစီ ပြန်လည်ရှင်းပြရမယ့်အတွက် တစ်ချက်ချင်းစီကို Header Tag တွေထားပြီး ရေးခဲ့သင့်ပါတယ်။

အားသာချက်ကတော့ Search Engine ကရှာရင် ကိုယ်ပြောချင်တဲ့ အချက်တွေကို Search Result မှာ တခါတည်း ထည့်ပြပေးထားပါတယ်။

Google Search
Google Search Result

“Create a blog – Blogger Help – Google Support” ဆိုတဲ့ Blog ကို ပြတဲ့အပြင် သူ့ Blog မှာပါတဲ့အချက်တွေကိုပါ တခုချင်းထုတ်ပြထားတာကို တွေရမှာပါ။ ဒီလိုဖြစ်ဖို့ Header Tag တွေကို သေချာသုံးတတ်ရပါမယ်။

(၄) စာပိုဒ်နှင့် စာလုံးတွေကို အဖြတ်အတောက် မှန်အောင်ရေးခြင်း

အပေါ်မှာပြောခဲ့တဲ့ “Blogs တွေကို တွေရမည့် အရေးကြီးတဲ့ နေရာ (၂) ခု” ကို မှတ်မိကြအုံးမှာပါ၊ အဲ့အထဲက Blog Detail မှာပေါ်မယ့် စာတွေကို အဖြတ်အတောက် မှန်မှန်ကန်ကန် ထားဖို့အရေးကြီးပါတယ်။

Blog တစ်ခုတင်ပြီးပြီဆိုတိုင်း ပစ်ထားလို့ မရပါဘူး။ ကိုယ်တင်ပြီးတဲ့ Blog ကို စာလာဖတ်သူတွေအတွက် အဆင်ပြေစေဖို့ စာပိုဒ်နဲ့ စာလုံးအဖြတ်အတောက်တွေကို ပြန်စစ်သင့်ပါတယ်။

(၅) Bulleted Lists တွေအသုံးပြုပေးခြင်း

သင်ရေးမယ့် Blog မှာ အချက်တွေနဲ့ ခွဲပြရမယ်ဆိုရင်တော့ Bulleted Lists တွေကို အသုံးပြုသင့်ပါတယ်။ စာလာဖတ်သူအနေနဲ့ ပိုပြီး ရှင်းရှင်းလင်းလင်း ဖတ်နိုင်ပါတယ်။

Bulleted Lists
Bulleted Lists

(၆) အခြားအရေးကြီး Tags များ

  • Bold
  • Link
  • Strikethrough
  • Italic
  • Text Color

Bold ” – စာကို မူရင်းစာထက် ပိုထင်းသွားစေပါတယ်။

Link ” – တခြား Website တွေကို Link ချိတ်ထားတဲ့ စာလုံးကိုနှိပ်ပြီး အလွယ်တကူ သွားလို့ရတယ်။

Strikethrough ” – စာကို အလယ်က မျည်းတစ်ကြောင်းနဲ့ ဖျက်ထားတဲ့ ပုံစံပါ။

Italic ” – စာကို စောင်းပေးတာပါ။

Text Color ” – စာရဲ့ အရောင်ကို ပြောင်းပေးတာပါ။

ဒီအချက်တွေကတော့ လိုသလို အသုံးပြုနိုင်ပါတယ်။ Blog ရေးတာများလာလေလေ ဘယ်လိုတွေသုံးသင့်တယ် ဆိုတာပိုမြင်လာပါမယ်။

(၇) မြန်မာစာ Blog တွေရဲ့ ပြဿနာ

Myanmar
Myanmar Text

လိုအပ်တဲ့နေရာတွေကို space မခြားခဲ့လို့ပါ။ စာတွေက တစ်ဖက် Region ကို ကျော်ထွက်နေတဲ့ အပြင် အဖြက်အတောက် မမှန်တဲ့ စာတွေက ဖတ်လို့လည်း အဆင်မပြေပါဘူး။

word-wrap: break-word; ” ဆိုတဲ့ Css နည်းပညာ ကိုသုံးနိုင်ပေမယ့် အားနည်းချက်တွေ ရှိနေပါတယ်။ မြန်မာစာမှာတော့ အဖြတ်အတောက်မမှန်ရင် ဖတ်လို့ အဆင်မပြေပါဘူး။

(၈) Blog တစ်ခု၏ နိဂုံးချုပ်

သင်ရေးချင်တာတွေ အားလုံးရေးပြီးရင်တော့၊ သင်နောက်ထပ်ရေးမယ့် Blogs တွေကို ခေါ်တာဖြစ်စေ၊ Blogs တွေအတွက် Form ကနေ Gmail ဖြည့်ခိုင်းတာဖြစ်စေ ထည့်သင့်ပါတယ်။

End

(၉) SEO

Search Engine ကနေ ရှာဖွေတဲ့ အခု သင့် Blog က အရှေ့ဆုံးကနေ ပေါ်နေအောင်ပါ။

Search Engine တွေက ကိုယ်ရှာတဲ့ Keywords ကိုလိုက်ပြီး နီးစပ်တာတွေကို ထုပ်ပြပါတယ်။

SEO
SEO

” Blog ” ဆိုတဲ့ Keywords ကနေ ရှာလိုက်တာနဲ့ သူနဲ့ပတ်သက်တာကိုပဲ ပြပေးတာပါ။ ဒါကြောင့် သင်ရေးတဲ့ Blog က ဘာအကြောင်းကို ရေးတာလဲဆိုတာ အရေးကြီးပါတယ်။ သင်ရေးတဲ့စာက ” Blog ” အကြောင်းဆိုရင် ထို ” Blog ” ဆိုတဲ့ စာလုံးကို တတ်နိုင်သလောက် များများသုံးပေးသင့်ပါတယ်။

အခုပြောပြသွားတာကတော့ SEO ရဲ့ အခြေခံ သဘာလောက်ပါပဲ၊ အပြည့်အစုံကိုတော့ နောက်ထပ် Blog တွေမှာ ထပ်မံပြောပြပေးသွားပါမယ်။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင့်အတွက် အကျိုးရှိတယ်ဆိုရင် ပြန်ပြီးမျှဝေပေးဖို့လည်း တောင်းဆိုချင်ပါတယ်။


ပျော်ရွင်ဖွယ် နေ့ရက်လေးဖြစ်ပါစေခင်ဗျာ။

Related Posts