ကြက်သားနာနတ်သီးချက်

ကြက်သားနာနတ်သီးချက်

ပါဝင်သောပစ္စည်းများ

  • ကြက်သား – သုံးဆယ်ကျပ်သား
  • နာနတ်သီးမှည့် – တစ်လုံး
  • ဆီ – ငါးကျပ်သား
  • ခရမ်းချဉ်သီး – နှစ်လုံး
  • ပဲငံပြာရည် – နှစ်ဇွန်း
  • ကော်ရည် – နှစ်ဇွန်း
  • ငရုတ်ကောင်း၊ ဆား – သင့်ရုံ
  • တရုတ်နံနံ – တစ်စည်း

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်သားကို ရေဆေး ခုတ်ထစ်၍ ဆားနယ်ပါ။ နာနတ်သီးကို အစိတ်များစိတ်ပါ။ ခရမ်းချဉ်သီးကို လေးစိတ်စိတ်ထားပါ။

*ကြက်သားကို ဆီနှင့်အရောင်ညိုလာသည်အထိ ကြော်ပါ။ နာနတ်သီးစိတ်၊ ပဲငံပြာရည်ထည့်ပါ။

*အဖုံးအုပ်၍ ၁၅မိနစ်ခန့်ထည့်ပါ။ ကော်ရည်ကို ရေနှင့် သမအောင်ရော၍ ထည့်ပါ။ အရည်များ စေးပျစ်လာသည်အထိမွှေပါ။

*ခရမ်းချဉ်သီး၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပါ။

*၁၀မိနစ်ခန့် အဖုံးအုပ်၍ ထည့်ပြီးလျှင် သုံးဆောင်နိုင်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts