ဦးသန့်

ဦးသန့်နှင့် ကမ္ဘာ့မီးတောက်များ

ဦးသန့်နှင့် ကမ္ဘာ့မီးတောက်များ

ဦးသန့် ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်လိုက်သည်နှင့် စစ်ပြီးစ၊ မငြိမ်းချမ်းသေးသောပြဿနာအရပ်ရပ်တို့ကို ရင်ဆိုင်ဖြေရှင်းရလေတော့သည်။ လူမျိုးရေးပဋိပက္ခများ၊ ပိုင်နက်အငြင်းပွားမှုများ၊ စစ်ဖြစ်ပွားနေသော နိုင်ငံအချင်းချင်း၊ ငြိမ်းချမ်းစေမှုများ အဖွဲ့ဝင်နိုင်ငံမဖြစ်သေးသော နိုင်ငံများအဖွဲ့ဝင်ဖြစ်လာစေရေး၊ နယ်ချဲ့ကျူးကျော်မှုမဖြစ်စေရန် ဟန့်တားရေး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များထားရှိရေး စသည့် ပြဿနာများနှင့် ရင်ဆိုင်ရလေသည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံးခြုံရေးကိစ္စများဆောင်ရွက်ရာတွင် ရံဖန်ရံခါ လက်နက်ကိုင်တပ်ဖွဲ့များကိုအသုံးပြုရသည်။ တပ်ဖွဲ့များ၏ အဓိကတာဝန်မှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်သည်။ ယင်းတပ်ဖွဲ့များဖွဲ့စည်းခွင့်၊ ဘဏ္ဍာရေးငွေသုံးစွဲခွင့်နှင့် လုပ်နည်းလုပ်ဟန် သတ်မှတ်ရေးများအတွက် ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပြဿနာတစ်ရပ်ဖြစ်နေသည်။

တပ်ဖွဲ့ဝင်များအတွက် ဘဏ္ဍာငွေမှာ အလုံမလောက်ဖြစ်နေပြီး ၁၉၄၆-ခုနှစ်မှစတင်ပြီး အလွန်အကြပ်အတည်းဖြစ်လာခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အဖွဲ့ဝင်နိုင်ငံအချို့မှ ဘဏ္ဍာငွေထည့်ဝင်ရန် နှောင့်နှေးမှုကြောင့်ဖြစ်သည်ဟုဆို၏။ ဆိုဗီယက်၊ ပြင်သစ်နှင့် အခြားသောနိုင်ငံအချို့က ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဖွဲ့စည်းအသုံးပြုနိုင်ခွင့်အာဏာမှာ လုံခြုံရေးကောင်စီ၌သာရှိကြောင်း အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ တပ်ဖွဲ့များစေလွှတ်ထားခဲ့ခြင်းမှာ မှားယွင်းပြီးအာဏာမဲ့စေလွှတ်ခြင်းသာဖြစ်ကြောင်း၊ ရေရှည်တွင် အခက်ခဲရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၁၉၅၀-ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအရေးပေါ် အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အရ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိပါးနှောက်ယှက်မှုများ ဖြစ်ပေါ်ခိုက်တွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ သဘောထားကွဲလွဲမှုကြောင့် ချက်ချင်းအရေးမယူခဲ့သော်၊ အဖွဲ့ဝင်နိုင်ငံများက စုပေါင်း၍ ငြိမ်းချမ်းထိန်းသိမ်းရန် ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ထောက်ခံခဲ့သည်။

ပမာအားဖြင့် ဆိုက်ပရပ်ကျွန်းနှင့် အာရပ်ပြည်ထောင်စုတွင် ထားရှိခဲ့သော အရေးပေါ်ငြိမ်းချမ်းရေးတပ်ဖွဲ့များကိစ္စနှင့် စပ်လျဉ်း၍ ပဋိပက္ခများ ပေါ်ပေါက်သည့်အခါတွင် ကောင်စီဝင်အင်အားကြီး နို်ငငံတို့၏ ဆုံဖြတ်ချက်ကို စောင့်ဆိုင်းနေပါက ပဋိပက္ခဖြစ်ပွားသည့် နိုင်ငံကလေးများသာ ထိခိုက်နစ်နာမည်ဟု ဦးသန့်က အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။ ငြိမ်းချမ်းရေးအန္တရာယ်များကို ဖြစ်နိုင်သည့်နည်းနှင့် အမြန်ဆုံးတားဆီးရန် အရေးကြီးပေသည်။

ငြိမ်းချမ်းရေးတပ်ဖွဲ့များထားရှိခြင်း၏ အကျိုးကျေးဇူးကို နိုင်ငံအများအပြားက အသိအမှတ်ပြုကြရသည်။ ရန်ပုံငွေထည့်ဝင်နေကြရပြီး လိုအပ်သည့်အချိန်အခါတွင် လူအင်အားကိုလည်း ပါဝင်ကူညီပေးပို့ကြရသည်။ တပ်ဖွဲ့ဝင်တိုင်း အဆင့်အတန်းမြင့်မားရေးအတွက် နိုင်ငံအချို့မှ အကြံညဏ်များပင် ပေးခဲ့ကြသည်။

ဘဏ္ဍာငွေအခက်အခဲမရှိစေရန် ကြိုတင်ခန့်မှန်းချက်များပြုလုပ်၍ အဖွဲ့ဝင်နိုင်ငံတို့က အချိုးကျပေးထိုက်ကြောင်း ထောက်ခံခဲ့ကြသည်။ သို့ရာတွင် ဘဏ္ဍာရေးအကြပ်အတည်းကို အကြောင်းပြု၍ ယင်းတပ်ဖွဲ့များ ဆက်လက်ထားရှိရေးပြဿနာမှာ ကုလသမဂ္ဂတစ်ရပ်ကိုဖွဲ့၍ စုံစမ်းစေရပြန်သည်။

၁၉၆၇-ခုနှစ်၊ ဇွန်လ ကျင်းပခဲ့သော အထူးအစည်းအဝေးများတွင် ဤကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း မပြီးပြတ်ခဲ့ပေ။ ကုလသမဂ္ဂအဖွဲ့မှတာဝန်ပေးအပ် စေလွှတ်ထားသော ငြိမ်းချမ်းရေးအဖွဲ့များမှာ အမျိုးမျိုးအစားစား ရှိနေသည်။ လက်ရှိဖွဲ့စည်းပြီး ၃၃-နိုင်ငံ စုံစမ်းရေးကော်မတီမှ ယင်းအဖွဲ့များအကြောင်းကို အသေးစိပ် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဦးသန့်ကမူ … ထိုအချိန်အတွင်းမှာ ရံပုံငွေထည့်ဝင်ကြရန်ပျက်ကွက်သည့် နိုင်ငံများသို့ ထပ်မံနှိုးဆော်မေတ္တာရပ်ခံခဲ့သည်။ မည်သည့်နည်းနှင့်မဆို စစ်ရေးပဋိပက္ခဖြစ်နိုင်သည့် နှစ်ဦးနှစ်ဘက်ကြားတွင် ငြမ်းချမ်းရေးထားရှိရန် အလွန်လိုအပ်လှပေသည်။ ယင်းတပ်ဖွဲ့များကို ကာလဒေသအလိုက် ကုလသမဂ္ဂအဖွဲ့ကြီးမှ ဆက်လက်ထားရှိ အသုံးချသွားနို်ငရန် မျှော်ကိုးလျက်ရှိကြသည်။

ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်အား ၁၉၆၇-ခုနှစ်၊ အောက်တိုဘာလ ၉-ရက်နေ့တွင် ၁၃-နိုင်ငံမှ နို်ငငံရေးရာပုဂ္ဂိုလ်ကျော်များက တွေ့ဆုံပြီး ငြိမ်းချမ်းရေးတပ်များ အင်အားတိုးချဲ့ထားသင့်ကြောင်း အကြံညဏ်များပေးခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး၏အန္တရာယ်ကို အချိန်မီတားဆီးထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂ အမြဲတမ်းတပ်ဖွဲ့များ ဖွဲ့စည်းထားသင့်ကြောင်း ယင်းတို့က တိုက်တွန်းခဲ့ကြသည်။

ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဖွဲ့စည်းအသုံးပြုခြင်းနှင့် ပတ်သတ်၍ မူမမှန် ပုံစံမကျကြောင်း ဆိုဗီယက်ရုရှနှင့် ပတ်သက်၍ မူမမှန် ပုံစံမကျကြောင်း ဆိုဗီယက်ရုရှနှင့် နိုင်ငံအချို့က မကြာခဏပင် ကန့်ကွက်ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၌သာ အလုံးစုံအာဏာရှိပြီး အတွင်းဝန်ချုပ်ကသော်လည်းကောင်း၊ အထွေထွေ ညီလာခံမှသော်လည်းကောင်း တပ်ဖွဲ့ကိစ္စကို မည်သို့မျှ ဆောင်ရွက်ပိုင်ခွင့်မရှိကြောင်းကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

ဤကိစ္စကို ရုရှနိုင်ငံမှ ဆွေးနွေးရာတွင် အာဖရိကတိုက်၊ ကွန်ဂိုနိုင်ငံရေးတွင် ကုလသမဂ္ဂတပ်များကြောင့် ကွန်ဂိုအမျိုးသားခေါင်းဆောင်ပက်ထရစ်လူမွန်ဘာ သေဆုံးခဲ့ကြရကြောင်း ပြီးခဲ့သော ကိုရီးယားစစ်နှင့် လက်ရှိကိုရီးယားနိုင်ငံတွင် ထားရှိသောကုလသမဂ္ဂ စစ်ဌာနချုပ်၏ လုပ်ငန်းများကိုလည်း အပြစ်တင်ဝေဖန်သွားသည်။

ငြိမ်းချမ်းရေးတပ်များကို အမေရိကန်၏ အကျိုးအတွက် ၎င်းတို့အလိုကျသာ ထားရှိကြောင်း စွပ်စွဲလိုက်သည်။ ကွန်ဂိုနိုင်ငံအရေးတွင် ကုလသမဂ္ဂတပ်ဖွဲ့များကြားဝင်ခဲ့ရစဉ်အခါက ဆိုဗီယက်နို်ငငံ၏ သဘောတူညီချက်လည်း ရှိခဲ့ပါသည်ဟု အမေရိကန်နို်ငငံက အထက်ပါစွပ်စွဲချက်ကို ပြန်လည်ချေပသည်။

ဆိုက်ပရပ်ကျွန်းနိုင်ငံတွင် ဂရိနှင့်တူရဂီအမျိုးသား၏ ပတ်သက်ပြီးငြိမ်းချမ်းရေးတပ်ဖွဲ့ပြဿနာမှာ ပို၍ အရေးတကြီးဖြစ်ခဲ့သည်။ ဂရိအမျိုးသားအစောင့်တပ်များက ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်များသိမ်းဆည်းခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးကိစ္စကို ကုလသမဂ္ဂတပ်ဖွဲ့များ ကြားဝင်ခဲ့ရစဉ်အခါက ဆိုဗီယက်နိုင်ငံ၏ သဘောတူညီချက်လည်းရှိခဲ့ပါသည်ဟု အမေရိကန်နိုင်ငံက အထက်ပါစွပ်စွဲချက်ကို ပြန်လည်ချေပသည်။

ဆိုက်ပရပ်ကျွန်းနိုင်ငံတွင် ဂရိနှင့်တူရကီအမျိုးသားများ၏ ၁၉၆၇-ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့ပြဿနာမှာ ပို၍အရေးတကြီးဖြစ်ခဲ့သည်။ ဂရိအမျိုးသားအစောင့်တပ်များက ငြိမ်ချမ်းရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်များ သိမ်းဆည်းခဲ့သည်။

နိုင်ငံတစ်နို်ငငံ၏ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးကိစ္စကို ကုလသမဂ္ဂတပ်များက မည်သို့မျှဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဂရိမှ ပြောကြားခဲ့သည်။ တူရကီနိုင်ငံကမူ အဆိုပါတပ်ဖွဲ့များ ပျော့ညံ့ခဲ့၍သာ မိမိတို့တူရကီ အမျိုးသားများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ဖော်ဝေဖန်ခဲ့သည်။

နောက်ဆုံး၌ ဆိုက်ပရပ်အရေးတွင်းလည်း ကုလသမဂ္ဂ၏ ကြားဝင်ဖြန်ဖြေမှုကြောင့် အတိုက်အခံရပ်စဲပြီးဆုံးသွားခဲ့တော့သည်။ သို့ရာတွင် ဆိုက်ပရပ်ရှိ ငြိမ်းချမ်းရေးတပ်အင်အား လက်ရှိ ၄၅၀၀ ခန့်ကို တိုးချဲ့ရန်နှင့် ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်အာဏာများ ပေးသင့် အပေးသင့် အငြင်းပွားခဲ့သည်။

၁၉၆၇-ခုနှစ် ဒီဇင်ဘာလ ၂-ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆိုက်ပရပ်ကျွန်းနိုင်ငံတွင် ထားရှိသော ငြိမ်းချမ်းရေးတပ်များအား ဆက်လက်တာဝန်ပေးအပ်ရန် သဘောတူဆုံးဖြတ်လိုက်သည်။ သို့ရာတွင် တပ်ဖွဲ့အင်အားကိုမူ တိုးချဲ့မပေးခဲ့ပေ။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အတွက် အဆိုပြုခဲ့သူ အတွင်းဝန်ချုပ် ဦးသန့်အဖို့ ကျေနပ်ဖွယ်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် လက်တွေ့ဆောင်ရွက်ချက်တစ်ရပ်ပင် ဖြစ်တော့သည်။

-သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts