စွမ်းပကား

အလေ့အထများ လှုပ်ရှားမှု၏ စွမ်းပကား

(The Power of Habits in Action)
အာရုံစူးစိုက်ခြင်း၏ စွမ်းပကား စာအုပ်၏ အဆိုတိုင်း ကျွန်မလှုပ်ရှားမှုများ၏ ၉၀ ရာခိုင်နှုန်းသည် အမြဲတမ်းလိုလို အလေ့အထများဖြစ်နေပါက ကျွန်မလိုချင်သောရလဒ်များရရှိအောင် မည်သည့် အလေ့အထများကို ကျွန်မလိုလားသနည်း၊ မည်သည့် အလေ့အထများကို နေရာယူစေလိုသနည်း။ ဤကဲ့သို့ တွေးခေါ်ခြင်းသည် ရလဒ်များရရှိခြင်းနှင့် စပ်လျဉ်းပြီး ကြီးမားသောကွဲပြားမှု ဖြစ်ပေါ်စေသည်။ ကျွန်မ ဤလက်တွေ့အချက်ကို ထည့်သွင်းစဉ်းစားသည့် အချိန်မှစပြီး ကျွန်မ သတိပြုမိသည့် ကျွန်မ၏ အတွေးအခေါ်ကို ပြောင်းလဲစေသည့် အချက်အလက်အချို့ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

–    ကျွန်မတွင် ဆုတ်ဆိုင်းမှုများရှိခဲ့လျှင် ကျွန်မ ကိုယ့်ဘာသာ စည်းကမ်း မရှိသူတစ်ဦးအဖြစ် အပြစ်မတင်ပါ။ ကောင်းမွန်ပြည့်စုံအောင် ကြိုးပမ်းရန်ကိုလည်း လက်မြှောက်အရှုံးပေးခြင်းမရှိပါ။ ကျွန်မ၏ အလေ့အထအဟောင်းသည် အသစ်ထက်ပိုပြီး အရိုးစွဲနေသည်ကို ရိပ်စားမိသည်။ ထို့အတွက် အလေ့အထဟောင်း  ပျောက်ပျက်သွားသည့်အထိ အလေ့အထအသစ်ကို ထပ်ခာတလဲလဲ ပြန်လုပ်နိုင်သည်။

–    အလေ့အထသစ်တစ်ခုနေရာယူရန် သုံးပတ်၊ သို့မဟုတ် လေးပတ် ကြာမြင့့်ပြီးသည့်အခာ ထိုအလေ့အထအသစ်ကို ကျွန်မ ချိူးဖျက်ရန် တစ်ဖန်ခက်ခဲပါမည်။ ကျွန်မ၏ ‘စိတ်လွန်ဆွဲပွဲ’ တွင်လည်း အလေ့အထဟောင်းဘက်သို့ အားသာတော့မည်မဟုတ်တော့ဘဲ အလေ့အထသစ်ဘက်သို့သာ အားသာသွားပါမည်။

–    အလေ့အထဟောင်းကို တီထွင်ခဲ့သူမှာ ကျွန်မသာဖြစ်သည်။ ထို့ကြောင့် အလေ့အထသစ်ကို လိုက်နာရန်လည်း ကျွန်မသာလျှင် အစီအစဉ်ရေးဆွဲနိုင်သည်။ ဥပမာ- ဝိုင်အရက်ကို ပထမ စစသောက်ချင်း ကြိုက်နှစ်သက်သူ ရှိပါသလား။ စီးကရက်ရော။ ထို ‘အလေ့အထများ’သည် ဘဝနေထိုင်မှုစနစ်တစ်ခုဖြစ်ရန် ကြိုးစားအားထုတ်မှု လိုအပ်သည်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် ဝိုင်၊ စီးကရက် စသည်တို့သည် ပထမတွင် အရသာဆိုးသည်၊ မအီမသာပင် ဖြစ်စေသည်။ သို့သော်လည်း ဤအရာတို့ကို သောက်သုံးသည့် အလေ့အထရှိသူတို့သည် ထိုဆန့်ကျင်ဘက်သဘောတို့ကို ကျော်လွန်ပြီး အပြုအမူတစ်ခုအသွင် နေရာယူစေကာ လိုအပ်ချက်တစ်ခုအဖြစ် နှစ်သက်တတ်ကြသည်။ ထိုသဘောအတိုင်းပင် မည်သူမဆို အလုပ်တစ်ခုအတွက် အလေ့အထသစ်တစ်ခု နေရာယူစေလျှင် မရနိုင်ပေဘူးလား။


ထို့ကြောင့် ကျွန်မ၏ အကြံပြုချက်မှာ သင်၏ လတ်တလော အလေ့အထများကို တွေးမှတ်ပါ (လတ်တလော ကျရှုံးမှုများ၊ သို့မဟုတ် တိုးတက်မှု မရှိသောအရာများ မပါဝင်ပါ)။ ထို့နောက် ရလဒ်ပြောင်းလဲမှုအတွက် လိုအပ်သောအလေ့အထသစ်များကို ထည့်သွင်းပါ။

သင်၏ရှိရင်းစွဲ မကောင်းသောအလေ့အထများသည် ‘ပုံမှန်’ ဟု သင်ခံစားရသည်။ သင် ထပ်ခာတလဲလဲလုပ်နေခဲ့၍ ဖြစ်သည်။ သင်၏အပြုအမူကို အနည်းဆုံး သုံးပတ်မှ လေးပတ်အတွင်း ပြောင်းလဲအောင်လုပ်ခြင်းသည် ကြောင်တိကြောင်တောင်တော့ ဖြစ်စေမည်။ သို့သော် လတ်တလောအလေ့အထများသည်လည်း အစပိုင်းက အလားတူပင် ကြောင်တိကြောင်တောင် ဖြစ်ခဲ့ပေသည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျောရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts