အလေ့အထများ၏ စွမ်းပကား

အလေ့အထများ၏ စွမ်းပကား

(The Power of Habits)

မိတ်ဆက်ကဏ္ဍတွင် ပြောပြခဲ့သလို ကျွန်မသည် ကိုယ်ထူကိုယ်ထ အကြံပေးစာအုပ်များကို အငမ်းမရဖတ်သူတစ်ဦး ဖြစ်သည်။ ‘ကျွန်မ ဒီအရမ်းကောင်းတဲ့ စာတစ်အုပ်ကို ခုတင်ဖတ်ပြီးတယ်။ ကျွန်မ အဲဒီအကြောင်းကို ပြောပြချင်တယ်’ ဆိုသည့် ဝါကျပေါ်အခြေခံပြီး ကျွန်မ၏ သက်မွေးမှုလုပ်ငန်းတစ်ခုလုံးကို အနက်ဖွင့်ခဲ့သည်။

လူလူချင်းဆက်ဆံမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စေ့ဆော်မှု၊ မိမိကိုယ်ကို တိုးတက်အောင်ကြံဆောင်ခြင်း၊ ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် ပန်းတိုင်သို့ အရောက်လှမ်းခြင်း ယင်းတို့အားလုံးကို ကျွန်မ မည်မျှ လုပ်ရလုပ်ရ မတင်းတိမ်နိုင်ပါ။ သို့သော် မကြာမီက ကျွန်မ ဖတ်ရသော စာအုပ်စာတမ်းများတွင် အကြောင်းအရာများထပ်နေသည်ကို တွေ့ရသည်။ စာအုပ် ‘အသစ်’ များသည် အဓိကအားဖြင့် အလားတူ ကိစ္စများကိုသာ ဖွင့်ဆိုထားကြသည်။ ကျွန်မ ယခင်ကဲ့သို့ ဘဝတိုးတက်ရေးဆိုင်ရာဗဟုသုတအသစ်တစ်ခုရခြင်းအတွက် ပျော်ရွှင်ချမ်းမြေ့ခြင်းမျိူး မခံစားရတော့ပါ။ စာအုပ်များက အကြံပြုထားသောအချက်များကို ကျွန်မလိုက်နာလျက်ရှိသော်လည်း ရသင့်ရထိုက်သည့်ရလဒ်များကိုရမနေပါ။ ခရစ္စမတ်တွင် စားသောက်ထားခြင်းကြောင့် ဝိတ်တက်ခြင်းကိုလည်း မလျှော့ချနိုင်ပါ။ ယမန်နှစ်ကထက် ကျွန်မ၏ ကုန်ထုတ်စွမ်းအား မတက်လာပါ။ စေတနာ့ဝန်ထမ်းအလုပ်တွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းနှင့် မဆက်သွယ်ဖြစ်ပါ။ ကျွန်မ ဘီးရာချိုင့်တွင် နစ်နေပါသည်။

ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်ဖွံ့ဖြိုးမှု နည်းလမ်းများတွင် ကျွန်မ၏ အနှစ်သက်ဆုံးစံတစ်ခုမှာ အဆင့်မြင့်စွာ ထိရောက်ထက်မြက်သူများ၏အလေ့အထခုနှစ်ခု ဆိုသည့် ဂန္ထဝင် စာအုပ်ဖြစ်သည်။ ကျွန်မ ထိုစာအုပ်ကို တစ်ကြိမ်မက ဖတ်သည်။ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ယခုဤစာအုပ်ရေးသည့်အချိန်အထိ အကြိမ် ၄၀ ခန့် သင်ကြားခဲ့သည်။ (သုံးရက်ကြာသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်သဖြင့့် တကယ်တမ်း အကြိမ် ၁၂၀ ဖြစ်သည်)။ ကျွန်မ ထိုအစီအစဉ်ကို နှိုက်နှိုက်ချွတ်ချွတ် သိသည်ဟု လွတ်လွတ်ကျွတ်ကျွတ် ပြောနိုင်သည်။

သို့သော် ကျွန်မ အာရုံစူးစိုက်ခြင်း၏စွမ်းအား ဆိုသည့် စာအုပ်ကို ဖတ်ရသည့်အခာကျမှ ကျွန်မတို့အတွက် အရေးကြီးသော ခံစားချက် တစ်ခုကိုရသည်။ ကျွန်မအနေဖြင့် ‘အလေ့အထခုနှစ်ခု’ ဆိုသည့် သင်တန်းကို ပို့ချနေသော်လည်း ဤအစီအစဉ်သည် အလေ့အထများချမှတ်ခြင်းနှင့်စပ်လျဉ်းပြီး အထူးအထွေ ဘာနည်းလမ်းအသစ်မှ မပေးပါ။ ထို့ကြောင့် ‘ဒဿနခုနစ်မျိုး’ ဟု မခေါ်ထားသလို ‘သီအိုရီ ခုနှစ်ခု’ ဟုလည်း မခေါ်ထားပာ။ သို့သော် ကျွန်မအနေဖြင့် ထိုအလေ့အထ ခုနစ်ခုကို ချမှတ်ရန်လား၊ ချိုးဖျက်ရန်လား မရှင်းလင်းပါ။ ‘အာရုံစူးစိုက်ခြင်းများ၏စွမ်းအား’ ကို ဖတ်သည့်အခာတွင်မူ လပောင်းများစွာ ကျွန်မရှာဖွေနေခဲ့သည့် ‘ဟုတ်ပြီ’ ဆိုသည့် တဒင်္ဂအချိန်ကို နောက်ဆုံးရလိုက်သည်။

ရည်မှန်းချက်များချမည့်အစား အလေ့အထများချပါ။

ကျွန်မ တိတိကျကျ ဆိုလိုသည်မှာ သင်၏ ထပ်၍ထပ်၍ လှုပ်ရှားမှုများကိုကြည့်ပြီး ယင်းတို့သည် သင်လိုချင်နေသည့်နေရာ၊ သိုု့မဟုတ် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့်နေရာမှစတင်ကြသည်။ ဥပမာ- ‘ငာ ပိုပြီးစနစ်တကျ ရှိမှ ဖြစ်မယ်’။ အင်း… ထိုရည်မှန်းချက်ကိုချသည့်အခာ ကျွန်မအနေဖြင့် ဖိုင်တွဲထိန်းသိမ်းရန် နည်းစနစ်သစ်များချမှတ်ခြင်း၊ သို့မဟုတ် ရုံးခန်းတွင် ဖိုင်တွဲများရှုပ်ပွခြင်း မရှိအောင် အမူအကျင့်သစ်များ စမ်းသပ်ခြင်း ဆောင်ရွက်မည်။ သို့သော် ယင်းနည်းလမ်းသည် ရောထွေးနေသောရလဒ်များကိုသာ ရရှိစေသည်။

လုပ်ငန်းဆောင်တာတို့ မည်သည် တွေးခေါ်မှုအလေ့အထလောက် ပြဿနာမရှိပါ။ ကျွန်မက ရည်မှန်းချက်ဆိုသည်ကို ‘လုပ်ရန်ရှိ’ စာရင်းပါ အချက်တစ်ခုအဖြစ် မြင်ခဲ့သည်။ ကျွန်မ တောက်တိုမည်ရ အလုပ်များကို လုပ်ပြီးသည့်အခာ ပျော်စရာကဏ္ဍသို့ ပြန်ရောက်ချင်သည်။ အကျိုးဆက်အနေဖြင့် ကျွန်မသည် ရည်မှန်းချက်ဆိုခြင်းကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ခံစားရသည်၊ လုပ်ရန်ရှိ ဝေယျာဝစ္စတစ်ခုဟု မှတ်ယူသည်။ ထိုအတွေးက ကျွန်မ လုပ်စရာ ရှိသည်ကို လုပ်သည်။ ထို့နောက် ထိုကြိုးပမ်းမှုမှ တစ်ရက် နှစ်ရက် အနားယူသည် (တိုးတက်မှုလည်း ဆုံးရှုံးသည်)။ ထို့နောက် ထိုအလုပ်ကို လုံးဝရှောင်တိမ်းသည်။ နောက်ပိုင်းတွင်မှ ကျွန်မ၏ ရည်မှန်းချက်နှင့်စပ်လျဉ်းသည့်အတွေးတို့ကို အလေ့အထအသစ်တို့ ဖန်တီးခြင်းနည်းစနစ်သို့ ပြောင်းလဲပြီးမှသာ ကျွန်မ အလွန်လိုအပ်နေသည့်ရပ်တည်ချက်ပြောင်းလဲမှုကို ရရှိသည်။ ထိုပြောင်းလဲမှုသည် တိုးမြင့်သောစိတ်အားထက်သန်မှုကိုလည်းကောင်း၊ တစ်နေ့တာလုပ်ငန်းဆောင်တာများကို လွယ်ကူစွာ ပြီးမြောက်စေရန်လည်းကောင်း၊ အခွင့်အလမ်းပေးပြီး နောက်ဆုံးတွင် ရလဒ်များကို ရစေသည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျောရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts