အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ

၊ နှစ် ၊

အရင်က အက်သစ်(Ethic)ဆိုတဲ့စကားကို ကြားတဲ့အခါ နည်းနည်းကလေး ဘာသာတရားဆန်သလိုပဲ။ နိဗ္ဗာန်တို့၊ ကောင်းကင်ဘုံတို့၊ ဘုရားသခင်တို့၊ တမလွန်တို့နဲ့ ဆက်စပ်ပြီးတော့မှ လိုက်နာရ၊ လိုက်နာကြ၊ လိုက်နာအပ်၊ လိုက်နာသင့်တဲ့ ကျင့်စဉ်တစ်ရပ်လို့တော့ နားလည်ခဲ့တာပါ။

နောက်တော့မှ အဲဒီ အက်သစ်လို့ခေါ်တဲ့ ကိုယ်ကျင့်တရားရဲ့ရှေ့မှာ စကားလုံးတွေ အများအပြားထည့်သွင်းလို့ရသလို ကိုယ်ကျင့်တရားရဲ့ နယ်ပယ်ကြီးဟာ တစ်နံတစ်လျား ကျယ်ပြန့်လှပါကလားလို့ တစ်စတစ်စ ရိပ်စားမိလာခဲ့ရတာပါ။

Business Ethic တဲ့။ စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားပေါ့။ ပိုက်ဆံရရင်ပြီးရော၊ မြတ်ရင်ပြီးရော မလုပ်ရဘူးဆိုတာကို ညွှန်ပြနေတာပါ။ Political Ethic တဲ့။ နိုင်ငံရေးဆိုင်ရာ ကိုယ်ကျင့်တရား။ မဲရရင်ပြီးရော၊ နိုင်ရင်ပြီးရော၊ အစိုးရလုပ်ရရင်ပြီးရော မလုပ်ရဘူးဆိုတာကို ညွှန်ပြနေတာပါ။ ဒီလိုပါပဲ ဆေးပညာရှင်တွေရဲ့ ကိုယ်ကျင့်တရား၊ အားကစားသမားတွေရဲ့ ကိုယ်ကျင့်တရားဆိုတာမျိုးတွေနဲ့ ကိုယ်ကျင့်တရားနယ်ပယ်ကြီးက ကျယ်ပြောလို့ သွားလိုက်တာ။ ဟိုတစ်ရက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်တဲ့ စာအုပ်ကလေး လှန်ဖတ်မိတော့ တစ်နေရာရာမှာ Environmental Ethic တဲ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိုယ်ကျင့်တရားဆိုပါလား။ ကောင်းလိုက်တာ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ မောင်သာချို၏ အမှိုက်မချတာလည်း သီလ၊ ရေခလုတ် မီးခလုတ်ပိတ်တာလည်း သီလ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts