ဂျွန်အဒမ်

ဂျွန်အဒမ် (၁၇၃၅ – ၁၈၂၆)

အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတဖြစ်သော ဂျွန်အဒမ် သည် မက်ဆာချူးဆက် အခြေခံဥပဒေ မူကြမ်းရေးဆွဲရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ ၁၇၈၉-၉၇ ခုနှစ်အတွင်း ဂျော့ဝါရှင်တန်လက်အောက်၌ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တတိယအကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း တာဝန်ထမ်းဆောင်ရန် ဝါရှင်တန်က ငြင်းပယ်ခဲ့ပြီးနောက် ၁၇၉၇ ခုနှစ်တွင် အဒမ်သမ္မတ ဖြစ်လာသည်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်း လူကြိုက်နည်းသော နိုင်ငံခြားသားနှင့် နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ဥပဒေကြောင့် အသိအမှတ်ပြုခံခဲ့ရသည်။ ယင်းဥပဒေမှာ နိုင်ငံခြားသားတို့အား နိုင်ငံအတွင်းမှ အတင်းအဓမ္မ မောင်းထုတ်ခြင်းနှင့် စာပေလွတ်လပ်ခွင့်အား ကန့်သတ်ထားခြင်း ဖြစ်သည်။ ယင်းဥပဒေကြောင့်လည်း နောက်ရွေးကောက်ပွဲတို့တွင် အဒမ်အား အရေးနိမ့်စေခဲ့သည်။

၁၇၃၅၊ အောက်တိုဘာလ၊ ၃၀ – မက်ဆာချူးဆက်ပြည်နယ်၊ ဘရိန်းထရီး၌ ဖွားမြင်သည်။
၁၇၈၀ – မက်ဆာချူးဆက်ပြည်နယ် အခြေခံဥပဒေကို ရေးဆွဲသည်။
၁၇၈၉၊ ဧပြီလ၊ ၂၁ – လွတ်လပ်သော အမေရိက၏ ပထမဆုံးဒုသမ္မတ ဖြစ်လာသည်။
၁၇၉၇ – သောမက်ဂျက်ဖာဆင်ကို အနိုင်ရပြီး နိုင်ငံတော်သမ္မတ ဖြစ်လာသည်။
၁၇၉၈ – နိုင်ငံခြားသားနှင့် နိုင်ငံတော်အား အကြည်ညိုပျက်စေသည့် ဥပဒေကို အတည်ပြုသည်။
၁၈၂၆၊ ဇူလိုင်လ၊ ၄ – အမေရိကန် လွတ်လပ်ရေး နှစ်ငါးဆယ်ပြည့်တွင် မက်ဆာချူးဆက်ပြည်နယ်၊ ကွင်စီ၌ ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

Related Posts