သေချာရေရာမှုနှင့် အာမခံထားရှိမှု

သေချာရေရာမှုနှင့် အာမခံထားရှိမှု

အာမခံထားတဲ့ ကိစ္စကို စီးပွားရေးသမား အပါအဝင် လူတော်တော်များများက မလိုအပ်ဘူးလို့ ယူဆကြတယ်။ လိုအပ်တယ်လို့ ယူဆသူတွေထဲမှာလည်း မရှိမဖြစ် လိုအပ်တယ်လို့
လက်ခံသူက အရေအတွက် နည်းပါးပါတယ်။ ဆိုလိုတာက အာမခံထားရှိဖို့လိုတယ်၊ မရှိမဖြစ်တဲ့အရာတော့ မဟုတ်ဘူးဆိုတဲ့ သဘောထားမျိုးကိုပြောတာပါ၊ အခု အဓိကပြောချင်တဲ့ အချက်က
အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အာမခံထားရှိခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်တယ် ဆိုတာပါပဲ။ အသေးစားအလတ်စား လုပ်ငန်းရှင်တွေပဲလားဆိုတော့ မဟုတ်
ပါဘူး။ လည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတိုင်းမှာ အာမခံထားရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စွန့်စားလုပ်ဆောင်ရတဲ့ အသေးစားနဲ့ အလတ်စား စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက် အာမခံ
ထားရှိခြင်းဆိုတာ အင်မတန် အရေးကြီးတဲ့ ဥပဒေစီမံချက် တစ်ရပ်ဖြစ်တယ်ဆိုတာကို အလေးပေးပြောချင်တာပါ။
လုပ်ငန်းလုံးဝ ရပ်ဆိုင်းသွားတာမျိုး၊ အရှိန်အဟုန်လျော့ကျသွားတာမျိုးတွေကို ဖြစ်စေနိုင်တဲ့ လုံးဝမမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေအတွက် စိုးရိမ်ပူပန်နေစရာ မလိုဘဲ ကိုယ့်
လုပ်ငန်းကို လည်ပတ်လုပ်ကိုင်နိုင်အောင် အာမခံထားရှိခြင်းက တာဝန်ခံပေးထားပါသည်။
ပိုက်ပေါက်တာကနေ ရေကြောင့် ပျက်စီးဆုံးရှုံးတာ၊ ငွေကြေးအလွှဲအပြောင်းမှာ ခိုးယူခံရတာ ဒါမှမဟုတ် ကုန်လှောင်ရုံမှာ မီးလောင်တာ စတဲ့ မျှော်မှန်းမထားနိုင်တဲ့ ပေးရန်ရှိ တာဝန်
တွေကြောင့် အခက်တွေ့ ရနိုင်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေရဲ့ ပုံသေရပိုင်ဆိုင်ခွင့်တွေကို မျှော်မှန်းမထားနိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့ အခြား ဥပဒေအရပေးရန်ရှိတဲ့ တာဝန်တွေကနေ ကာကွယ်ပေး
ထားပြီး ဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ ရှေ့ကို ဆက်လှမ်းနိုင်အောင် အာမခံစာချုပ်က ဝန်ဆောင်မှုပေးတာဖြစ်တယ်။
ကံဆိုးလှတဲ့ အချက်ကတော့ အခြားနိုင်ငံတကာ ဈေးကွက်တွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စားလုပ်ငန်းတွေရဲ့ အာမခံထားနှုန်းက အများကြီးနည်းပါးနေသေး
တယ်လို့ ဆိုနိုင်တဲ့အချက်ပါပဲ။ ဒီလိုအာမခံထားရှိမှုနဲ့ ပတ်သတ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာ နားလည်မှုလွဲမှားနေတယ်လို့ ယူဆစရာဖြစ်နေပါတယ်။ အာမခံထားရမယ်ဆိုရင်
ကိုယ့်ရဲ့ လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်မယ့် အာမခံ အမျိုးအစားကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဥပမာ – ကိုယ့်လုပ်ငန်းမှာရှိတဲ့ ပုံသေရပိုင်ခွင့်တွေ အနက် ဘယ်ဟာက အရေးတကြီး
ဖြစ်လဲဆိုတာ အရင်စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ဥပဒေအရ ကိုယ့်အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ တာဝန်ရှိသလဲဆိုတာ ကိုလည်း စိစစ်ရမှာပါ။ နောက်ဆုံး
တစ်ချက်အနေနဲ့ မဖြစ်မနေ လိုအပ်တဲ့ အလုပ်သမားနစ်နာကြေးအာမခံ ဆိုတာမျိုးကိုလည်း ထည့်သွင်း ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။

တင်နိုင်တိုးရေးသားသော မြန်မာ့သတင်းစာများထဲမှ သမိုင်းဆိုင်ရာဆောင်းပါးများ စာအုပ်ထဲမှ ကူးယူဖော်ပြထားပါသည်။

Related Posts