ဖရန်ကလင်

ဘင်ဂျမင် ဖရန်ကလင် (၁၇၀၆ – ၁၇၉၀)

နိုင်ငံပြု သုခမိန်တစ်ဦးအဖြစ် ကြီးကျယ်ထင်ရှားစွာ ရပ််တည်ခဲ့သော ဖရန်ကလင် သည် အစောပိုင်းကာလက စာပေရေးသားထုတ်ဝေခြင်းဖြင့် အချိန်ကုန်လွန်ခဲ့သူဖြစ်သည်။ နောက်ပိုင်း၌ သိပ္ပံပညာက သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေပြန်သည်။ မိုးကြိုးပစ်ခြင်းသည် လျှပ်စစ်နှင့် ပတ်သတ်ကြောင်း လက်တွေ့ပြသခဲ့သည်။ မိုးကြိုးလွှဲကိုလည်း တီထွင်ခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ ဖရန်ကလင်ကား အမှတ်တရအဖြစ်ကြဆုံးမှာ အမေရိကန်တော်လှန်ရေးအတွင်း သူ၏ အခန်းကဏ္ဍပင်ဖြစ်သည်။ ၁၇၈၃ခုနှစ်တွင် ပါရီသဘောတူစာချူပ်ကို စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ ကျေးကျွန်စနစ် အဆုံးသတ်စေရန်လည်း လုပ်ဆောင်ခဲ့သည်။

၇၀၆၊ ဇန်နဝါရီလ၊ ၁၇ – ဆပ်ပြာထုတ်လုပ်သူတစ်ဦးမှ ဘော့စတွင်တွင် ဖွားမြင်သည်။
၁၇၂၃ – ‘တစ်ပဲနိစုမိတော့လည်း တစ်ပဲနိဝင်တာပေပဲပေါ့’ ဟူသော စကားလုံးများဖြင့် ကျော်ကြားသည့် ဆင်းရဲသားရစ်ချတ်၏ နှစ်ချူပ်စာအုပ်ကို စတင်ရေးသားသည်။
၁၇၅၁ – ပင်န်ဆယ်ဗေးနီးယား ဆေးရုံတည်ထောင်သည်။
၁၇၇၅ – အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးစာတိုက်မင်းကြီးဖြစ်လာသည်။
၁၇၈၇ – အမေရိကန်နိုင်ငံ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ဖော်ထုတ်ရန်အတွက် ပြည်နယ်ဥပဒေရေးရာ ညီလာခံတွင် ပါဝင်ဆောင်ရွက်သည်။
၁၇၉၀၊ ဧပြီလ၊ ၁၇ – ကွယ်လွန်အနိစ္စရောက်သည်။ ဖီလာဒဲလ်ဖီးယားရှိ ခရစ်ယာန်ဝတ်ကျောင်းတော် သင်္ချိုင်းမြေတွင် မြှုပ်နှံသင်္ဂြိုဟ်လိုက်ကြသည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts