ဝက်ခြံ

သင်ဘာ့ကြောင့် ဝက်ခြံ ထွက်နေရသလဲ

အစားအသောက်နဲ့ ဝက်ခြံ ဟာ ဆက်စပ်နေပါတယ်။ အရေပြားကျန်းမာရေးမှာ အစားအသောက်က အရေးပါသလို စားသောကိနေထိုင်ပုံ မမှန်ရင် ဝက်ခြံ ထွက်တတ်တယ်။ ခေတ်သစ်ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ hippocrates က “let food be your medicine and let medicine be your food” အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့ သဘောမျိုး ပြောခဲ့ဖူးပါတယ်။ အစားအသောက်ဟာ လူတယောက်ရဲ့ ကျန်းမာရေးကို များစွာပြောင်းလဲနိုင်သလို အလှအပအတွက်လည်း အရေးပါတယ်။

အရေပြားမှာ မွှေးညှင်းပေါက်က အရေးကြီးတယ်။ ချွေးဂလင်းနဲ့ မွှေးညှင်းပေါက်က လွဲရင် ကျန်တဲ့နေရာတွေဟာ အလုံပိတ်ဖြစ်ပါတယ်။ မွှေးညှင်းပေါက်မှန်သမျှ လူ့အရေပြားအတွင်းပိုင်း အဆီလွှာရဲ့ အောက်ဖက်ကနေ ထွက်လာတယ်။ အဆိုပါမွှေးညှင်းပေါက် (hair follicles) ဟာ အဆီဂလင်း (sebaceous gland) တွေနဲ့ ဆက်စပ်နေပါတယ်။ အဆီဂလင်းရဲ့ တာဝန်က အဆီတမျိုးဖြစ်တဲ့ sebum ကို ထုတ်ပေးပြီး အရေပြားနဲ့ ဆံပင်ကို အစိုဓာတ်ရအောင် ထောက်ပံ့ပေးပါတယ်။

ပုံမှန်အားဖြင့် အဆီ (sebum) ထဲမှာ triglycerides (40-60%), cerides (19-26%), squalene(11-15%) နဲ့ ကိုလက်စတော အနည်းအကျဉ်း ပါဝင်တယ်။ လက်ဖဝါး၊ ခြေဖဝါးကလွဲရင် လူ့ခန္ဓာကိုယ်တစ်ခုလူံးမှာ မွှေးညင်းပေါက်တွေ ရှိပါတယ်။ ပြဿနာကလည်း အဲဒီ မွှေးညှင်းပေါက်တွေ ဖြစ်တယ်။ မွှေးညင်းပေါက် ပိတ်ဆို့ရင် ဝက်ခြံ ထွက်လာတယ်။ လူပျိုပေါက်အရွယ်မှာ လူငယ်အများစု ဝက်ခြံ ထွက်လေ့ ရှိပါတယ်။ ဒီအရွယ်မှာ testosterone နဲ့ estrogen ထက် growth hormone အပြောင်းအလဲကြောင့် ပိုဖြစ်တတ်ကြတယ်။ အစားအသောက်ကလည်း ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေပြီး အဆီဂလင်း ထုတ်လုပ်မှုကို များစေနိုင်တယ်။

လူ့အရေပြားဟာ ခြောက်သွေ့ပျက်ဆီးလွယ်တယ်။ ပျက်ဆီးတဲ့ ဆဲလ်သေတွေဟာ တစ်လတစ်ခါ ကွာကျရတယ်။ ကွာကျတဲ့ ဆဲလ်နေရာမှာ ဆဲလ်အသစ်က ပြန်လည်ဖြစ်ပေါ်လာတယ်။ ဆဲလ်သေကွာကျမှု နည်းတာလည်း မကောင်းပါဘူး။ ဆဲလ်ဟောင်းတွေက အဆီဂလင်းကို ပိတ်ဆို့မှာမို့ ဝက်ခြံထွက်နိုင်ချေ များလာပါတယ်။ ပြောစရာ နောက်တချက်က မျက်နှာအဆီပြန်ခြင်းပါ။ မျက်နှာအဆီပြန်ရင် အရေပြား စေးကပ်လာပြီး ဖုန်၊ပိုးမွှားတွေက မွှေးညှင်းပေါက်တွေမှာ ပိတ်ဆို့ပါမယ်။ ဝက်ခြံဖြစ်စေတဲ့ propionibacteria ဟာ အောကိစီဂျင်မရှိတဲ့ အနေအထားမှာ ကောင်းစွာပေါက်ဖွားနိုင်တယ်။

ဗက်တီးရီးယား စတင်ပေါက်ဖွားတာနဲ့ အဆီဂလင်းရောင်ပြီး ဝက်ခြံဖုထွက်လာတယ်။ ဒီအချိန်မှာ အပြင်က keratin ဆဲလ်သေနဲ့ ပိတ်ဆ်ု့နေတာကြောင့် ဝက်ခြံကို မမြင်နိုင်သေးပါ။ ဒီအဆင့်ကို မြုံတဲ့အဆင့်လို့ သတ်မှတ်တယ်။ မြုံနေတဲ့ ဝက်ခြံဟာ အပေါ်ယံဆဲလ်သေ ကွာကျလာမှသာ ပြည်တည်နာ ဝက်ခြံအိတ်ကို စတင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

keratin ဆိုတာ အရေပြားအပြင်လွှာ epidermis မှာရှိတဲ့ အမျှငိဓာတ်ပရိုတင်း တမျိုးဖြစ်ပါတယ်။ keratinocyte ခေါ်တဲ့ ဆဲလ်တွေနဲ့  ဖွဲ့စည်းထားတယ်။ မြင်လွယ်အောင်ပြောရရင် ဆံပင်၊ ခြေသည်း၊ လက်သည်း စတာတွေကို keratin နဲ့ ဖွဲ့စည်းထားတယ်။ လက်သည်း၊ခြေသည်းမှာ keratin (၇၇%)၊ ရေ(၁၈%) နဲ့ အဆီ (၅%) ပါဝင်တယ်။ လက်သည်းဟာ keratin အလွှာ (၁၀၀)လောက်နဲ့ အထပ်ထပ်ဖွဲ့စည်းထားပြီး ခြေသည်းကတော့ အလွှာပေါင်း(၁၅၀)လောက်နဲ့ အထပ်ထပ်ဖိအုပ်ထားတယ်။ ဆံပင်မှာ keratin (၉၀%)၊ ရေဓာတ်(၉%)ပါဝင်ပြီး ရောင်ခြယ် (၁%) ခန့်သာ ပါဝင်တယ်။ခြောက်သွေ့တဲ့ ဆံသားမှာ ရေဓာတ်ပါဝင်မှု ပိုနည်းပါမယ်။ တိရိစ္ဆာန်တွေရဲ့ ခြေသည်း လက်သည်းတွေကလည်း keratin တွေသာ ဖြစ်တယ်။ အရေပြားမှာ keratin တွေက မာကျောမှုမရှိပဲ ခြေသည်းလက်သည်းတွေကတော့ အလွှာအထပ်ထပ် ဖိသိပ်ကျပ်ညှပ်အောင် ပြုလုပ်ထားတာမို့ မာကျောလှပါတယ်။ သို့သော် ရေဓာတ်ပါဝင်မှု နည်းတာကြောင့် ပိုမိုထိခိုက်ပျက်ဆီးလွယ်တယ်။

အရေပြားမှာ keratin ထုတ်လုပ်မှု အဆမတန်များတာကို hyperkeratosis ခေါ်ပါတယ်။ အပေါ်ယံအရေပြားက တဖြည်းဖြည်း ထူလာမယ်။ ထူလာတဲ့အရေပြားဟာ အဆီဂလင်းကို သွားရောက်ပိတ်ဆ်ု့ရင် ဝက်ခြံထွက်လာပါတယ်။ hyperkeratosis မှာ salicylic acid တွေက အသုံဝင်တယ်။ salicylic acid သာမက lactic acid, citric acid နဲ့ glycolic acid တွေကလည်း သုံးနိုင်တယ်။ အပေါ်ယံဆဲလ်သေကို ကွာကျစေတယ်။ keratin ထုတ်လုပ်မှုလျှော့ချရာမှာ vitamin A နဲ့ zinc ရဲ့ အခန်းကဏ္ဌကိုလည်း မမေ့အပ်ပါ။ magnesium, vitamin D စတာတွေကလည်း ဝက်ခြံနဲ့ အဆီဂလင်း ထုတ်လုပ်မှုလျှော့နည်းစေတယ်။

အရေပြား ခြောက်သွေ့ယားယံပြီး အကြေးခွံလန်တာမျိုးဟာ omega 3 fatty acid ချို့တဲ့လို့ ဖြစ်ပါတယ်။ လိုအပ်ရင် omega 3 လိုဆေးမျိုး သောက်ရပါတယ်။ အနောက်နိုင်ငံတွေရဲ့ စားသောက်နေထိုင်မှုပုံစံအရ omega 6: omega 3 အချိုးအဆက 10 :1 ဖြစ်နေပါတယ်။ အရှေ့တိုင်းမှာတော့ 3:1 အချိုးအဆရှိတယ်။ omega 6 များတဲ့အစားအသောက်တွေဟာ pro-inflammatory mediator ကို မြင့်တက်လာပြီး ရောင်ရမ်းဝက်ခြံကို ဖြစ်ပေါ်စေတယ်။ဒါ့ကြောင့် ရောင်ရမ်းဝက်ခြံတွေမှာ omega 3 သုံးနိုင်တယ်။

ဝက်ခြံကုသရာမှာ ဗီတာမင် အေက အသုံးဝင်တယ်။ Retinol (vitamin A), carotenoids(provitamin A), retinoids(vitamin A metabolites) တွေကို ဝက်ခြံပျောက်ဆေးအနေနဲ့ သုံးကြတယ်။ ဝက်ခြံကုသတဲ့အခါ Minocycline သောက်ဆေးက ဝက်ခြံကို ၆၆% ထိ လျှော့ကျစေနိုင်ပါတယ်။ အဆီဖုဝက်ခြံမှာ vitamin Aနဲ့ D ကအရေးကြီးပါတယ်။ ဝက်ခြံအတွက် vitamin A 10q000IU လောက်လိုအပ်ပါတယ်၊ ပုံမှန်အားဖြင့် vitamin A ရဲ့ ၁၂ ပုံ ၁ ပုံကပဲ သွေးကြောထဲရောက်တယ်။

သတ္တုဓာတ်ချို့တဲ့မှုကလည်း ဝကိခြံကို ပိုဆိုးစေတယ်။ သွပ်ဓာတ်၊ ကော့ပါး၊ အိုင်အိုဒင်း စတာတွေဟာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တယ်။ နေ့စဉ် သွပ်ဓာတ် 30mg သောက်ခြင်းဟာ ဝက်ခြံဖြစ်ပွားမှုကို (၅၀)ရာခိုင်နှုန်းနိးပါး ကာကွယ်နိုင်တယ်။ ဒါ့ကြောင့် ဝက်ခြံထွက်နေစဉ် zinc 50mg တရက် နှစ်ကြိမ် သောက်ရတယ်။

ဝကိခြံပျောက်ဖို့ အစာအိမ်ထဲကို ကောငိးတဲ့ probiotic ပိုးမွှားတွေ ရှ်ဖို့ လိုပါတယ်။ kombucha, ဂေါ်ဖီထုပ်ချဉ်(sauerkraut) နဲ့ ဆားရည်စိမ်သနပ်(pickles) ထဲမှာ probiotic တွေပါတယ်။ ဆယ်လမွန်ငါးနဲ့ အခွံမာသီးတွေထဲမှာ အိုမီဂါသရီး ဖကိတီးအက်ဆစ်တွေပါတယ်။ ဝက်ခြံအမာရွတ်နဲ့ ရောင်ရမ်းခြင်းကို သက်သာစေတယ်။

ဝက်ခြံတွင် ရှောင်သင့်သည့် အစားအသောက်များ
(၁) နွားနို့ကလည်း ဝက်ခြံနဲ့ ဆက်စပ်နေပါတယ်။ နွားနို့သောကိခြင်းဟာ IGF-1 ပမာဏကို 10-20% နှုန်း မြှင့်တက်စေတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့ betacellulin ဓာတ်က ဆဲလ်ကွဲပွားခြင်းနဲ့ မျက်နှာအဆီပြန်ခြင်းကို ဖြစ်စေပြီး ဝက်ခြံထွက်စေတယ်။

(၂) ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏ ရုတ်တရက်တက်ရင် အင်ဆူလင်ရုတ်တရက်များပြီး အဆီဂလင်းကို ပိုထုတ်ရတယ်။ ချောကလက်စားပြီး ၄ ရက်မြောက်နေ့မှာ ဝက်ခြံဖြစ်နှုန်း ၁၄၀% တိုးပွားလာပြီး ၇ ရက်မြောက်နေ့မှာ ၁၆၀ % ထိ တိုးပွားလာတာတွေ့ရတယ်။

(၃) ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ insulin ပမာဏကို ရုတ်တရက် မြှင့်တက်စေနိုင်တယ်။ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။

(၄) ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊whey protein တွေလည်း ရှောင်သင့်တယ်။ တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။

(၅) အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးချောင်းေ့ကြာ်တွေဖြစ်ပါတယ်။ ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖု့် လိုပါတယ်။

ဒေါက်တာအေးမင်းထူး

သုတ

# Open More Online

Related Posts