ရှေးဟောင်းပျူမြို့တော်

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့အရှေ့ဘက် (၅) မိုင်အကွာတွင် တည်ရှိပါသည်။ ပြည်မြို့နှင့် တစ်ဆက်တည်းတည်ရှိပါသည်။ မြန်မာ့သမိုင်းတွင် ရှေးကျသောမြို့ဟောင်း တစ်မြို့ဖြစ်ပါသည်။ သာသနာတော်သက္ကရာဇ် (၁၀၁) ခုနှစ် ဂဝံပတိအသျှင်သူမြတ်အမှူးပြု၍ တည်ထောင်ပြီးလျှင် ဒွတ္တဘောင်မင်းမှ အစပြု၍ သရေခေတ္တရာမြို့ကို မင်းအဆက်ဆက်စိုးစံခဲ့ ကြသည်။

သက္ကရာဇ် (၁၆) ခု သုပညာနဂရ သိန္ဒမင်းလက်ထက် သရေခေတ္တရာပြည်ကြီး ပျက်စီးခဲ့သည်။ မည်သို့ပင် ပျက်စီးစေကာမူ ရှေးခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့ကြသော ဘုရားစေတီ များမှာ ယခုမျက်မှောက်တိုင် သမိုင်းဝင်တည်ရှိနေပါသည်။ ပြည်မြို့မှ အောင်လံမြို့သို့အသွား မြို့အထွက်လမ်းဘေးတွင် “ဘောဘောကြီး” ဘုရားတစ်ဆူရှိပါသည်။

ထို့အပြင် ဘုရားကြီးစေတီ ဘဲဘဲဂူစသည့် ဂူပုထိုးစေတီများလည်း ရှိကြပါသည်။ ဘဲဘဲကြီးဂူ၊ လေးမျက်နှာစသည့်ဘုရားစေတီများလည်း ရှိကြပါသည်။ စေတီသုံးဆူဖြစ်သော ဘောဘောကြီး ဘုရားကြီးစေတီ၊ ဘုရားမာစေတီတို့သည် ရှေးအကျဆုံးစေတီဖြစ်ပါသည်။ ထိုစေတီတော်သုံး ဆူမှာ အောက်ခြေ၊ အောက်ခုံ ပစ္စယံသုံးဆင့်ဖြင့် ထားရှိပြီး ဓာတ်တော်ကြုတ်ပုံစံမျိုး တည်ထား သည်ကို ဖူးတွေ့ရပါသည်။

ဘောဘောကြီးဘုရားစေတီတော်တွင် ဘုရားရှင်တော်မြတ်၏ ခြေသည်း၊ လက်သည်းတော်များ သာဌာပနာထားပါသည်။ ဘဲဘဲကြီးစေတီ၊ လေးမျက်နှာစေတီ၊ အရှေ့ဈေးဂူဘုရားတွင် ရှေးခေတ်အနုပညာလက်ရာများကို တွေ့ရှိနိုင်ပါသည်။ သရေခေတ္တရာ မြို့ဟောင်းတွင် ရှေးဟောင်းကမ္ဗည်းစာများကိုလည်း တွေ့ရှိရပါသည်။ ကမ္ဗည်းစာတွင် ပိဋကတ်စာပေများကို လည်း တွေ့ရှိရပါသည်။

ကမ္ဗည်းစာတွင် ပိဋကတ်စာပေနှင့် ပျူစာပေဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ သ‌ရေခေတ္တရာမြို့ ဟောင်းတွင် အနုပညာလက်ရာမြောက်သော ရှေးခေတ်က ကျောက်ဆစ်လက်ရာများကိုလည်း တွေ့မြင်နိုင်ပါသည်။

ရှေးခေတ်ကျောက်ထုရုပ်များမှာ- ၁။ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ထုများ ၂။ ဟိန္ဒူဘာသာဆိုင်ရာ ရုပ်တုများ ၃။ ပရိဘောဂ အသုံးအဆောင်များ ၄။ စိတ်ကူးယဉ် ရုပ်ထုများ စသည့် ရှေးခေတ်လက်ရာရုပ်ထုတော်များကို တွေ့မြင်နိုင်ပါသည်။

သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများအနက် ပျူဒင်္ဂါးတံဆိပ် ရိုက်ထားသည့် ပျူဒင်္ဂါလေးမျိုးကိုလည်းတွေ့ရှိရပါသည်။ ပျူဒင်္ဂါးပြားမှာ ငွေပြားအဝိုင်းလေး များဖြစ်ကြပါသည်။ သရေခေတ္တရာမြို့ဟောင်း တူးဖော်စဉ် ရရှိခဲ့သော ကြေးရုပ်ထုများမှာ တီးမှုတ်ကခုန်နေကြသည့် ပျူကြေးရုပ် (၅) ရုပ်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ပျူလူမျိုးကြေး ရုပ်ထုတို့တွင် ပုလွေမှုတ်ဟန်၊ ဗုံတီးဟန်၊ ကခုန်ဟန်စသည့် ဟန်အမူအယာများ ဖြစ်ကြပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင် ရုပ်ပုံများပါရှိသော မြေခွက် ဘုရားပုံတော်များလည်း ရှိပါသည်။ မြေခွက် ဘုရားပုံတော်များလည်း ရှိပါသည်။ မြေခွက်ဘုရားများမှာ ရှေးခေတ်လက်ရာဖြစ်ပါသည်။ ဗိဿနိုးမြို့ဟောင်းသည် ခရစ်နှစ် (၄) ရာစုနှင့် (၅) ရာစုအတွင်း မြို့ပျက်စီးခဲ့သည်။ မြန်မာရာဇဝင်များတွင် သရေခေတ္တရာမြို့ ဒွတ္တဘောင်မင်းသည် စစ်မက်ပြုသောကြောင့် ဗိဿနိုးမြို့ကြီး ပျက်စီးခဲ့ရသည်ဟု ဆိုပါသည်။

ခရစ်နှစ် (၅) ရာစုနှစ် နောက်ပိုင်းတွင် သရေခေတ္တရာမြို့ကြီး ပြန်လည်ထွန်းကားလာသည်။ ခရစ်နှစ် (၁၀) ရာစုနှစ် နောက်ပိုင်းတွင် မင်းနေပြည်တော်ကြီးအဆင့်မှ နိမ့်ကျခဲ့သည်ဟု ယူဆရပါသည်။ သရေခေတ္တရာမြို့ဟောင်းသည် ရှေးအကျဆုံးမြို့ဟောင်းတစ်မြို့ဖြစ်သလို ရှေးခေတ်ကာလက ပျူလူမျိုးတို့၏ အနုပညာလက်ရာများကို အံ့ဩစွာဖြင့် သွားရောက်ခဲ့ရာ တွေ့မြင်ခဲ့သည်ကို တစ်ဆင့်ရေးသားဖော်ပြလိုက်ရပါသည်။

နဂါးဗိုလ်မောင်မောင်သက် ရေးသားထားသော သမိုင်းပုံရိပ်စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenYourBusinessOnline

သမိုင်း

Related Posts