hapeye

မာန်မာနနှင့် မလိုမုန်းထားမှု။

(Pride and Prejudice)

ဒေါက်တာစတီဖင်ကိုဗေက ‘ကျွန်မတို့ ဓမ္မဓိဋ္ဌာန်ကျရန် ရှေးဦးစွာ ကျွန်ုပ်တို့ ပုဂ္ဂလဓိဋ္ဌာန်ကျသည်ဟု ဝန်ခံရမည်’ ဟု ဆိုသည်။

ကျွန်မတို့အားလုံး ကမ္ဘာကြီးကို ကွဲပြားစွာမြင်တွေ့ကြသည်။ ကျွန်မတို့တစ်ဦးချင်းတွင် တစ်မူထူးခြားသော အတွေ့အကြုံများ ရှိကြသည်။ ယင်းတို့သည် ကျွန်မတို့ မည်သည့်အရပ်တွင်ကြီးပြင်သည်၊ ဘဝတစ်လျှောက် မည်သည့်စာအုပ်အမျိုးအစားများ ဖတ်ခဲ့သည် စသည့် အချက်များပေါ်တွင် မူတည်သည်။

ယင်းသည်အချက်အလက်တစ်ခုကိုရရှိသည့်အခါ ကျွန်မတို့ မည်သို့တွေးခေါ်သည်ဆိုသည်ကို ပုဂ္ဂလဓိဋ္ဌာန်ကျစေသည်။ တစ်ဦးတစ်ယောက်သောသူက သူသည် အပြည့်အဝ ဓမ္မဓိဋ္ဌာန်ကျသည်ဟုဆိုလာလျှင် ယင်းသည် မဖြစ်နိုင်ပါ။ ပထမတွင် ဤအချက်သည် သတင်းဆိုးတစ်ခုဟု ထင်နိုင်ဖွယ်ရာရှိသော်လည်း သင့်ကိုယ်သင် ‘ဒီအကြောင်းအရာက ငါတို့အလုပ်က တခြားသူတွေနဲ့ ဆိုင်တယ်ဆိုတာ ငါသိတယ်။ စာရေးဆရာက ငါ့ကို ပြောနေတာမှမဟုတ်ပဲ’ ဟု ပြောနိုင်သည်။ ကျွန်မ သင့်ကို ပြောနေပါသည်။

သင်သည် အခြားလူများအားလုံးကဲ့သို့ပင် ဘက်လိုက်မှုရှိနေသည်ဆိုခြင်းကို ဝန်မခံပါက၊ သို့မဟုတ် သဘောမပေါက်ပါက ဤဘက်လိုက်မှုသည် သင်၏ဆုံးဖြတ်ချက်ချခြင်းများတွင် ပေါင်းစပ်ပါဝင်မည်။

    ဘက်လိုက်မှုရှိခြင်းကို အသိအမှတ်မပြုလျှင် အနေအထားတစ်ခုကို အကဲဖြတ်ရာတွင် သင်၏ တိကျနိုင်စွမ်းရည်ကို မကြည်မလင်ဖြစ်စေမည်။

ယင်းသည် ကျွန်မတို့အားလုံးတွင် ဘက်လိုက်မှုရှိနေသည်ဆိုခြင်းကို မမြင်သည့်အခါ ခံစားရသည့် ထိခိုက်နစ်နာမှုဖြစ်သည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts