ဤအလုပ်ကိုလက်ခံပြီးကြိုက်လိုက်ပါ။

ဤအလုပ်ကိုလက်ခံပြီးကြိုက်လိုက်ပါ။

(Take this job and love it?)

အလုပ်၊ သို့မဟုတ် သက်မွေးဝမ်းကျောင်းတစ်ခုရှိခြင်းသည် ဖိစီးမှုရှိစေသလို အဆင်အပြေသည့်နေ့များလည်းရှိစေသည်။ သို့သော်လည်း အလုပ်ရှိခြင်းသည် မျှတသော အကျိုးခံစားခွင့်များလည်းရှိသည်။ ဖိစီးမှုရှိသောအချိန်၊ သို့မဟုတ် မသေချာမရေရာသော အချိန်များတွင် ထိုအကျိုးခံစားခွင့်၊ သို့မဟုတ် ထိုအလုပ်မှ လန်းဆန်းမှုပေးသောအရာတို့အပေါ် အာရုံထားသင့်သည်။

အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်နေသောသူတို့သည် ထိုအကျိုးခံစားခွင့်အချို့ကို လွယ်လယ်နှင့် မေ့တတ်ကြသည်။ကျွန်ုပ်တို့သည် လုပ်ငန်းရှင်၊ သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ဘဝကို စွဲမက်စဖွယ် ဖန်တီးကြသည်။ သို့သော် အမှန်စင်စစ် ဤ ‘ အိပ်မက်ဆန်သောအလုပ်များ’သည် နေ့စဉ်ငြီးငွေ့ဖွယ်နှင့် ခေါင်းကျိန်းဖွယ်ရာများ ဖြစ်သည်။ အခြားသူတစ်ဦးအတွက် အလုပ်လုပ်ပေးရခြင်းသည် ဘာကြောင့် ကောင်းမွန်ကြောင်း မြည်းစမ်းနိုင်ရန် အောက်ပါစာရင်းကို ဖတ်ကြည့်ပြီး သင့်လုပ်ငန်းရှင်တန်ဖိုးကို ပိုမိုနားလည်သဘောပေါက်ပါ။

ပုံမှန်လစာရခြင်း (ARegular Paycheck)

မည်သည့်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အရောင်းကိုယ်စားလှယ်၊ သို့မဟုတ် လုပ်ငန်းရှင်တစ်ဦးကိုမဆို ယင်းသည် မည်မျှကောင်းမွန်ကြောင်း မေးကြည့်ပါ။

အကျိုးအမြတ်များ (Benefits)

လေ့လာချက်အချို့မှ ဖော်ထုတ်ချက်အရ အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းကျော်သည် အလုပ်တွင် ပုံမှန်အကျိုးခံစားခွင့်ရရှိနေခြင်း မရှိပါ။ (အရေးပေါ်ခံစားခွင့်ထက်ပိုမိုသောခံစားခွင့်ကို ဆိုလိုပါသည်)။

ပတ်ဝန်းကျင်နှင့်ဝင်ဆံ့စေခြင်း (Socialization)

သုတေသနတွေ့ရှိချက်အတော်များများအရ အလုပ်တွင်မြဲသည့် အဓိကအကြောင်းရင်းတစ်ရပ်မှာ ပတ်ဝန်းကျင်နှင့် ဝင်ဆံ့စေမှုကြောင့်ဖြစ်သည်။ အလုပ်တွင် ကျွန်ုပ်တို့ရာသက်ပန်မိတ်ဆွေများကို ဆုံစည်းဖြစ်ကြသည်။

လေ့ကျင့်သင်ကြားရေး (Training)

သင် ဟိုတယ်တစ်ခုတွင်အများတကာ ဆွေးနွေးပွဲ၊ သို့မဟုတ် စီမံခန့်ခွဲမှု နှီးနှောဖလှယ်ပွဲများစီစဉ်သည့်ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဆက်ဆံပြောဆိုခြင်းကျွမ်းကျင်ရေးအလုပ်ရုံဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်မည်ဆိုပါက သုံးရက်တာဆွေးနွေးပွဲအတွက် သင် ဒေါ်လာ ၁,၂၀၀ ခန့် ပေးဆောင်ရမည်။ အဖွဲ့အစည်း များစွာတို့သည် ဌာနတွင်း လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို စီစဉ်ပေးထားကြသည်။ သင့်ကျွမ်းကျင်မှုများကိုလည်းကောင်း၊ သင့်ဆက်ဆံပြောဆိုခြင်း နည်းစနစ်များကိုလည်းကောင်း၊ အခမဲ့ဖွံ့ဖြိုးတိုးတကစေဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံပါနှင့်။

ကျူရှင်ဖိုး ပြန်ထုတ်ပေးခြင်း (Tution Reimbursement)

အတော်အသင့်ပြောပြီးဖြစ်သည်။

ဝန်ထမ်းအထောက်အကူအဖွဲ့များ (Employee Assistance Groups)

ကိုယ်ရေးကိုယ်တာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ ငွေရေးကြေးရေးအစီအစဉ် ဥပဒေအကြံဉာဏ်ရယူခြင်း ကိစ္စရပ်များတွင် ထောက်ပံ့ပေးသည်။ များသောအားဖြင့် ပထမအကြိမ်မှ ပဉ္စမအကြိမ်ထိ အခမဲ့ဖြစ်သည်။ (ဒေါ်လာသုံးရာမှ ငါးရာခန့် သက်သာသည်။)


မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts