ဖိစီးမှု အုပ်ထိန်းခြင်းကို အနက်ဖွင့်ခြင်း။

ဖိစီးမှု အုပ်ထိန်းခြင်းကို အနက်ဖွင့်ခြင်း။

(Stress management defined)

နောက်ဆုံးတွင် ကျွန်မတို့သည် မိမိတို့ဘဝ၏ တန်ဖိုးရှိသော တန်ဆာပလာတစ်ခုဖြစ်သည်ဟု လက်ခံပြီးသည့်အခါဘာဖြစ်မည်နည်း။

ကွန်ပျူတာများနှင့် မော်တော်ကားများကဲ့သို့ ကျွန်မတို့ကို ကာကွယ် ထိန်းသိမ်းရန်လိုအပ်နေသည်ဟု ဆုံးဖြတ်မည်လား။ ကျွန်မတို့တွင် ထူးခြားပြီး အတုမရှိသည့် တန်ဖိုးရှိသည်ဟု ထင်မှတ်သည်နှင့် ကျွန်မတို့၏ လှုပ်ရှားမှုများသည် မည်သို့ရှိမည်နည်း။ ကျွန်မတို့ကို တန်ဖိုးရှိသူများအဖြစ် ဆက်ဆံရမည်ဟု ထာဝရအတွေးရှိသွားလျှင် မည်သို့လုပ်မည်နည်း။

ထိုအခါ သင့်လှုပ်ရှားမှုများသည် အောက်ပါအတိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သင်ကွဲပြားခြားနာစွာ စားသောက်ဖို့ဆုံးဖြတ်လျှင် ဝိတ်လျှော့ရန်အတွက်သာ မဖြစ်သင့်သလို အာလူးကျော် မိသားစုဆိုက်ရှိသည့် အထုပ်ကို တစ်ထိုင်တည်းနှင့် စားပစ်ရန်လည်း မဟုတ်ပါ။ သင်ကြိုက်သည်ကို သင် စားပါ။ စားပြီးသည့်အခါ ခံစားချက်ကောင်းကောင်းကျန်စေမည့် အစာကိုလည်း စားပါ (မောပန်းခြင်း၊ မအီမသာဖြစ်ခြင်း မရှိစေသည့် အရာများစားပါ)။ သင် အဆီဓာတ်နည်းသည့် ဆန်ကိတ်မုန့် မကြိုက်လျှင် သင်ကြိုက်သည့်အရာကို ရှာစားပါ။ အရည်သွေးတော့ရှိပါစေ။

သင်အိပ်စက်ပါ။ အိပ်စက်ရခြင်းသည် ပျော်စရာကောင်းသည်။ အိပ်ရေးဝပြီး နိုးထခြင်းသည် နှစ်လိုဖွယ်ဖြစ်ပါသည်။ သင်အချိန်မည်မျှ အိပ်စက်ရန်လိုအပ်သည်ကို သိလိုပါက ကျွန်မအကြံပြုလိုသည်မှာ သင်နောက်တစ်နေ့တွင် အိပ်ရာဝင်ပြီး အချိန်ကိုမှတ်ထားပါ။ သင်သဘာဝအလျောက် နိုးလာသည့်အခါ ထိုအချိန်ကို မှတ်သားပါ။ ထို့နောက် သင်အိပ်လိုက်သည့် အချိန်ကို တွက်ယူပါ။ ယင်းသည် သင်အိပ်စက်ရန် ပုံမှန်လိုသည့် အချိန်နာရီပင်ဖြစ်သည်။ (ပုံမှန်အိပ်ချိန်သည် ခြောက်နာရီမှ ဆယ်နာရီကြားတွင် ဖြစ်သင့်သည်။ ကျွမ်းကျင်သူများက စံအနေဖြင့် ရှစ်နာရီဟုသတ်မှတ်ခြင်းမှာ ထိုအဆုံးစွန်နှစ်ခုကြားတွင်ရှိ၍ ဖြစ်သည်။ သင်ထို့ထက်လည်း ပိုလိုအပ်နိုင်သည်။ သင်အိပ်ရေးမဝလျှင် မည်သို့သိနိုင်သနည်း။ သဲလွန်စတစ်ခုမှာ သင့်အိပ်မက်များကို သင် သတိမရပါ)။

သင်မြန်နှုန်းလျှော့ပါ။ သင့်ကိုယ်သင် တိတ်တဆိတ် မကြာခဏစိစစ်ပါ။ သင်စာရေးနိုင်သည်၊ သို့မဟုတ် သင်မျက်စိမှိတ်ထားပြီး အသက်မှန်မှန်ရှူပါ အခြားလူများ၏ တောင်းဆိုချက်များသောကြောင့်လည်းကောင်း၊

သင့်၏နေ့ကို အဆုံးရှုံးမခံပါနှင့်။ သင့်ကိုယ်သင် အရင်စိစစ်ပါ။
ယင်းသည် ဖိစီးမှုအုပ်ထိန်းခြင်း အဆုံးစွန်နည်းလမ်း ဖြစ်သည်။

မြနှင်းဆီဘာသာပြန် ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts