ကြွက်နို့

ကြွက်နို့ နဲ့ ငါးမျက်စိ အတွက် အိမ်တွင်းဖြစ် ဆေးနည်းကောင်း

လွယ်လွယ်ကူကူ ပျောက်စေသော ဆေးမီးတို
ငါးမျက်စိ ရောဂါ ကို အင်္ဂလိပ်လို Cron ခေါ်ပါသည်။
ငါးမျက်စိ ရောဂါ (molluscum Contagiosum) သည် အရေပြား ပေါ်တွင် ဖြစ်ပေါ်နေသော အဖုလေးအလုံးလေး များဖြစ် ပါသည်။ ညှစ်လိုက်ပါက အဖုလုံးလေး များမှ အဆံလေးများ ထွက်တတ်ပါသည်။
ကူးစက် မှုလွယ်ကူပြီး။ ထိမိ၊ဖိမိက နာလှပါသည်။ ခန္ဓာကိုယ် အနှံအပြားတွင်လည်း ပေါက်တတ် ပါသည်။
သို့သော် ငါးမျက်စိ သည် ခြေထောက် တွင် ပေါက်သည်ကများပါသည်။အချို့က အသားမာ ဟု လည်း ခေါ်သည်။
ကြွက်နို့(Wart)ခေါ်သည်။ ကြွက်နို့ဟာ HPI လို့ခေါ်ကြသည့် Human Papilloma Virus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။
HPI ဗိုင်းရပ်စ် အမျိုးအစား(၈၀) ကျော်ကြောင့် ကြွက်နို့ဟာ လူခန္ဓာ အနှံ့ပေါက်တယ် လို့ဆိုပါသည်။
ကြွက်နို့ဟာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ် အထူးသဖြင့် ၁၀ နှစ်မှ အသက် ၂၀ တွင်းလူတွေမှာ ဖြစ်တတ်ပါတယ်။
ကြွက်နို့ အများစုကတော့ သင့်ရဲ့ အရေပြားပေါ်မှာ အနေရ ခက်စေပါတယ်။ မျက်နှာနဲ့ ခေါင်းပေါ်မှာ ပေါက်လျှင် သွေးထွက်တတ်ပါတယ်။ planter ကြွက်နို့တွေကတော့ လမ်းလျှောက်တဲ့ အခါမှာ နာကျင် ကိုက်ခဲစေပါတယ်။
မြန်မာ တိုင်းရင်းဆေးနည်း တစ်ခုဖြင့် ကြွက်နို့ ၊ ငါးမျက်စိ ရောဂါကို ပျောက် ကင်းနိုင်ပါတယ်။
နည်းလမ်းကတော့….
ကွမ်းစားထုံး (ဖေါက်ထုံး) ကွမ်းသီးတစ်လုံးစာ

ဂျင်း (၁)ကျပ်သား တစ်တက်

ကြက်သွန်ဖြူဥ (၁)ဥ

အိမ်တွင်း လွယ်လွယ်ကူကူ ရရှိစေသော အမယ်(၃) မျိုးဖြစ်ပါသည်။
ထိုသုံးမျိုးကို ညက်အောင် ထောင်းပြီး ငါးမျက်စိ (သို့)၊ ကြွက်နို့ပေါ်သို့ အုံ၍ ပတ်တီး စည်း ထားရ ပါသည်။

(၁၀) မိနစ်ကြာလျှင် ငါးမျက်စိ ၊ ကြွက်နို့ သည် အသား ပေါ်သို့ မသိမသာကြွ ၍ တက်လာပါ သည်။

ထိုအခါ လက်ဖြင့်ကိုင်ကာ ဆွဲနုတ်လိုက်ပါက အမြစ်အုံပါ ကျွတ်၍ ပါလာမည်ကို ကိုယ်တိုင်ကိုယ် ကျမြင်ရမည်ဖြစ်ပါသည်။

ကြွက်နို့၊ ငါးမျက်စိ သတ်နည်းများလည်း များစွာရှိ ပါသည်)။

တင်ပြပါနည်းမှာ ကိုယ်တိုင်ကြုံကြိုက်ဖူးသော ဆေးနည်းဖြစ်ပါသည်။
Credit…

Related Posts