အာရုံ

တစ်ခုတည်းကို အာရုံ စိုက်၍ လုပ်ပါ

ပီတာအက်ဖ်ဒရပ်ကာ ခေါင်းဆောင်တစ်ဦးသည် မှန်ကန်သည်ကို မလုပ်ပါက အခြားသူများကို တွန်းအားပေးခြင်း မပြုနိုင်။ အေးအေးဆေးဆေး ဟန်ချက်ညီညီနေလိုပါက အာရုံ ကပျံ့လွင်.ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းများမဖြစ်ဖို့ အရေးကြီးသည်။
           ‘လုပ်စရာတွေများလိုက်တာ၊ လုပ်စရာကိုင်စရာလည်းမရှိ ဟူသောအတွေးများဖြင့် ချာချာလည်မနေစေဖို့ အရေးကြီးသည်။ လုပ်စရာတစ်ခုရှိတယ် အဲ့ဒီတစ်ခုတည်းသောလုပ်စရာကို အခုချက်ချင်း ငါလုပ်ဖို့ဆုံးဖြတ်ထားတယ်’ ဟူသောအတွေးသာရှိရမည်။
ယခုအချိန်တွင် စဉ်းစားရမည်မှာ ယခုအချိန်တွင် လုပ်ရမည့်အလုပ်တစ်ခုတည်းကိုသာဖြစ်သည်။ဤကဲ့သို့သောစူးစိုက်မှုဖြင့် ပြုလုပ်ပါက အလုပ်လည်းကောင်းမွန်စွာ ပြီးစီးမည်။ ယင်းအလုပ်တွင် ပါဝင်ပတ်သက်နေသူများအားလုံး ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာမည်။ အေးဆေးလာမည်။ မိမိအပေါ် ယုံကြည်ကိုးစားမှုပို၍ တိုးလာမည်။
           အလုပ်ကို တစ်ခုချင်းတစ်ခုချင်း အာရုံစိုက်၍ လုပ်ပါက အချိန်ပိုင်းတစ်ခု(ဥပမာ-ရက်သတ္တတစ်ပတ်) အကြာကာလကို ပြန်ပြောင်းကြည့်ပါက အလုပ်များစွာပြီးစီး ပြီးဖြစ်နေသည်ကို တွေ့မြင်ရလိမ့်မည်။ အလွန်အလုပ်ရှုပ်သောအချိန်တွင်တောင်မှ လူတစ်ယောက်သည် တစ်ချိန်တွင် အလုပ်တစ်ခုသာလုပ်နိုင်မည်မှာ သေချာသည်။သို့သော်လည်း အချို့သောသူများမှာ မိမိလုပ်စရာရှိသည့် အလုပ်အားလုံးကို စဉ်းစားတက်ကြသည်။ အလုပ်ခုနှစ်ခုရှိပါက အလုပ်ခုနစ်ခုအကြောင်းကို စဉ်းစားပြီး မိမိကိုယ်မိမိ စိတ်ဖိစီးမှုရှာကြသည်။ အလုပ်တစ်ခုစီအကြောင်းကို လူခုနစ်ဦး ရှာဖွေစကားပြောပါက မိမိလည်းစိတ်ဖိစီးမှုဖြစ်၊ ထိုခုနစ်ဦးလည်း စိတ်မသက်မသာမှု ခံစားကြရပြီး နွေးထွေးမှုမရှိတော့။
            တစ်ချိန်တည်းတွင် အလုပ်တစ်ခုထပ်ပို၍ လုပ်သင့်သည်ဟု စဉ်းစားသူများလည်း ရှိကြသည်။ ထိုကဲ့သို့ စဉ်းစားသူတိုင်းကြောက်ရွံ့စိတ်၊ စိုးရိမ်ပူပန်စိတ်များ ထွက်လာတတ်သည်။ မိမိစဉ်းစားသကဲ့သို့ အခြားသူများကလည်း လိုက်၍စဉ်းစားပြီး စမ်းကြည့်ကြသည်။ ထိုသူမျာလည်း စိတ်သက်သာမှုမရကြသည့်အပြင် မိမိနှင့်ပင် ဝေးဝေးနေလာကြမည် ဖြစ်သည်။
လုပ်ငန်းခွင်တွင်စိတ်ဖိစီးမှု ခံစားရခြင်း၏ အကြီးမားဆုံးသော အကြောင်းအရင်းမှာ အတွေးနယ်ချဲ့ချင်းပင်ဖြစ်သည်။ လုပ်ရမည့်အလုပ်များစွာအကြောင်း၊ အနာဂတ်တွင် ဖြစ်လာဖွယ်ရာရှိသည်များ၊ ဂရုစိုက်ရမည့် အရာများ၊ ပူပန်စရာများ၊ ကြောင့်ကြစရာများ များစွာသော အကြောင်းအရာများကို တွေးတတ်ကြခြင်းပင်။ စိတ်တစ်ခုု အတွေးတစ်ခုသာ ကောင်း၏ ။
လုပ်စရာရှိသည်များကို စာရင်းချကြည့်ပါ။ အရေးကြီးဆုံးအလုပ်ကိုရွေးထုပ်ပါ။ ထိုအလုပ်ကိုုပဲ တစ်ခုတည်းသော လုပ်စရာအဖြစ် မှတ်ယူ၍စူးစိုက်လုပ်ပါ။ ဥပမာအားဖြင့် ဖုန်းပြောစရာကိစ္စသည် အရေးကြီးဆုံးဆောင်ရွက်စရာ ဆိုပါစို့။ ပထမ
စိတ်ကိုလျှော့ချပါ။ စိတ်ကိုကြည်ကြည်လင်လင် ဖြစ်အောင်ထားပါ။ ပြီးမှ ဖုန်းဆက်စကားပြောပါက ထွက်ပေါ်လာမည့်ရလဒ်သည် စိတ်ရှုပ်ထွေးနေသည့် အချိန်တွင် ပြောသည့်စကားထက် ထူးခြားသည်ကို တွေ့ရမည်။

           ဖြစ်ရပ်တစ်ခုတွင် ပြည်တွင်အရောင်းမန်နေဂျာ ဂျေဆင်ဟူသော ပုဂ္ဂိုလ်သည် တယ်လီဖုန်းအစည်းအဝေးတစ်ခု ကျင်းပလေသည်။ မစ္စဂျေဆင်က တယ်လီဖုန်းဖြင့် သူ၏အရောင်းအသင်းကို ဆူပူကြိမ်းမောင်းသည်။ဘာ့ကြောင့်အရောင်းကျလဲ၊ ဤနှုန်းအတိုင်းသွားပါက ရည်မှန်းချက်ကိုပြည့်မီလိမ့်မည် မဟုတ်ကြောင်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြင်းဖြင့် တယ်လီဖုန်းအစည်းအေဝေး ပြီးဆုံးသွားလေသည်။ တကယ်တော့ မစ္စတာဂျေဆင်သည် ၂၄နာရီတွင် ၁၂နာရီအလုပ်လုပ်သူဖြစ်သည်။ မိမိလုပ်ဆောင်သမျှသည် နောက်သို့သာရောက်နေသည်ဟု စိတ်ထဲတွင် ခံစားနေရသည်။ ပို၍ဆိုးသည်က သူ့အထက်လူကြီးများ၏ ပူပန်မှုကို သူ့အပေါ်ကျရောက် စေခဲ့သည်။
           ထို့အတွက် သူ၏စိတ်မှာ တည်ငြိမ်မှုမရတော့ဘဲ ယောက်ယက်ခတ်သွားကာ သူ၏ပူပန်မှုက သူ၏လက်အောက်ငယ်သားများ ထံသို့ ကျရောက်သွားပြန်သည်။
           ဤကဲ့သို့ဖြစ်ပျက်သွားခြင်းဖြင့် မိမိ၏လူများကို တွန်းအားပေးရာမရောက်။ တွန်းအားပေးရာတွင် လိုအပ်ချက်တစ်ခုမှာ စိတ်တည်ငြိမ်မှု၊ ဟန်ချက်ညီမှုရှိခြင်း ဖြစ်သည်။ စိတ်တည်ငြိမ်မှု ပျက်ပြားခြင်းသည် ဟန်ချက်ပျက်ပြားခြင်း ဖြစ်သည်။ ထို့ကြောင့် အကြောင်းအရာတစ်ခုတည်းပေါ်တွင် အာရုံစူးစိုက်ခြင်းသည် တွန်းအားပေးရာတွင် အရေးကြီးသော အချက်တစ်ချက်ပင် ဖြစ်လေ၏။ 

Related Posts