မေးခွန်းများ

မေးခွန်းများ မေး၍ အတွေ့အကြုံများ ရယူပါ။

ဝုဒ်ရိုးဝေလ်ဆင် – ခေါင်းဆောင်ကောင်းများသည် မိမိတို့ထံတတ်လာသည့် အစီရင်ခံစာများမှ ဖန်တီးမှုပါသည့် အတွေးအကြံများကို စဉ်ဆက်မပြက် ရှာဖွေ တက်ကြသည်။ ဤအကျင့်သည် လုပ်ငန်းအတွက် ကောင်းသည် သာမကဘဲ အထက်အောက် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ဖို့တွန်းအား တစ်ရပ်လည်းဖြစ်သည်။
     “လုပ်ငန်း မိတ်ဆွေ (Customers) တွေက ဖုန်းဆက်မေးတဲ့ အခါ ကျွန်တော်တို့ကုမ္ပဏီဟာ တခြားကုမ္ပဏီနှင့် မတူပါဘူး ၊ ကျွန်တော် တို့အလုပ်လုပ်ရင် နွေးထွေးမှု ခံစားရမယ်လို့ ပေါ်လွင်အောင် ဖုန်းထဲ မှာ ဘယ်လိုပြန်ပြောအလဲ”
     “ဖုန်းဆက်တဲ့အခါမှာပဲ ရင်းနှီးဆက်ဆံမှုကို ဘယ်လိုရယူမလဲ”
     “ဒီကိစ္စနဲ့ ပက်သက်လို့ ခင်များတို့ရဲ့ အတွေးကရော ဘယ်လိုရှိလဲ”
ခေါင်းဆောင် ကောင်းတစ်ဦးသည် မိမိ၏အဖွဲ့သားများအား အထက်ပါ မေးခွန်းများ ကိုမေးတက်လေ့ရှိသည်။
ဤမေးခွန်းများ၏ အရည်အသွေးသည် တွန်းအားပေးနိုင်စွမ်း အရည်အသွေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။
ဘာလုပ်ရမှန်း မသိသည့် အလယ်အလတ်တန်း မန်နေဂျာတစ်ဦးမေးသော မေးခွန်းများမှာ အလွန်တော်သည့် မန်နေဂျာတစ်ဦး မေးသည့်အထက်ပါ မေးခွန်းများနှင့်မတူ။
     “နေကောင်းလား”
     “ဘာဖြစ်ခဲ့တာလဲ”
     “ဒီစနေ၊ တနင်္ဂနွေ ဘာလုပ်ခဲ့လဲ”
     “ရောင်းမကောင်းဘူးလား”
     “အရောင်းကို ထိန်းထားနိုင်သလား”
     “ငါ အခု နည်းနည်းစစ်ဆေးစရာ ရှိလို့ ဝင်လာတာ”
ဤကဲ့သို့သော မေးခွန်းများသာ မေးတက်သော မန်နေဂျာမျိုးမှာ မိမိအဖွဲ့သားများ စွမ်းဆောင်မှု ဘာကြောင့်ကျဆင်းသည် ကိုအဖြေမရှာတက်သောလူမျိုး ဖြစ်သည်။ ထိုကဲ့သို့သောမန်နေဂျာမျိုး၏ ဘဝအရည်အသွေးမှာ အထက်ပါမေးခွန်းများကဲ့သို့ နိုပ့်ကျသော အရည်အသွေး၏ သက်ရောက်မှုကို ခံရသည်။
အစွမ်းထက်သည့် ခေါင်းဆောင်များသည် အရောင်းနှင့် ပတ်သက်သည့် အကြံဉာဏ်များထွက်ပေါ်လာစေသော မေးခွန်းများကိုသာ မေးတက်ကြသည်။ အကြံဉာဏ်ကောင်းများအား အကောင်အထည် ဖော်၍ အောင်မြင်မှုကို တည်ဆောက်ကြသည်။
“ငါတို့ကုမ္ပဏီမှာ ကုန်ပစ္စည်ဝယ်တဲ့ အတွေ့အကြုံကို ထူးထူးခြားခြားဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ယှဉ်ပြိုင်တဲ့ အဆင့်မှာထက် တစ်ဦးချင်းအဆင့်မှာ ဘယ်လိုထူး ခြားနိုင်မလဲ”
     “Customer တွေနဲ့ ရှင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နေအောင် ဘယ်လိုလုပ်မလဲ”
     “Customer ရဲ့နာမည် မှတ်မိတဲ့ဝန်ထမ်းကို ဘယ်လိုဆု ချရင်ကောင်းမလဲ”
     “အရောင်းပမာဏ တက်လာစေဖို့ ဝန်ထမ်းတွေကို အားပေးတဲ့ အခါ ဘယ်လိုနည်း သဘောတရား (Concept) တွေ ဆွေးနွေးကြမလဲ”၊
     “စတိုးဆိုင် အောင်မြင်ဖို့ ဘယ်လိုပါဝင် လုပ်ဆောင်ကြမလဲ”၊
     “မင်းတို့ ဘယ်လိုတွေးထားကြလဲ”။
ဤကဲ့သို့သောမေးခွန်းများကို ထက်မြက်သောခေါင်းဆောင်များက မေးတက်ကြလေသည်။

ရဲညွှန့် (မဟာဝိဇ္ဇာ၊ နိူင်-ဆက်) ရေးသားထားသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း ၁၀၀

Related Posts