ဂျုံ

ဂျုံ ၏ ဆေးဖက်ဝင် စွမ်းအင်များ

ဂျုံ ကို ရုက္ခဗေဒအမည်အရ Triticum sativum လို့ ခေါ်ပြီး အိန္ဒိယ အမည်ကတော့ Gehun လို့ ခေါ်ပါတယ်။ ဂျုံ ဟာ တစ်ကမ္ဘာလုံး အတွက် အရေးအပါဆုံး ကောက်နှံအမျိုးအစား ဆိုရင် မမှားပါဘူး။ ခွန်အား ဖြစ်စေတဲ့အတွက် တန်ဖိုးရှိတဲ့ အစားအစာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တည်ဆောက်မှု အတွက် အပြည့်အဝ အကျိုးပြု နိူင်စွမ်းလည်း ရှိတယ်။

စတင်တွေ့ရှိရာဒေသ (Origin & Distribution)

ဂျုံကြမ်းမျိုးရင်းကို ဘီစီ ၈၀၀ ခန့်က ရှေးဟောင်းသုတေသန နယ်မြေ ဖြစ်တဲ့ ယူဖရေတီး (Erphrates) မြစ်ကမ်းခြေက တယ်လ်မူရီဘက် ( Tell Mureyber ) မှာ စပြီး တွေ့ရှိခဲ့ရပါတယ်။ ဘီစီ ၇၅၀၀ နဲ့ ဘီစီ ၆၇၅၀ ကြားမှာတော့ အီရန်အနောက်ပိုင်း အလီကော့ ဒေသမှာ တွေ့ရှိခဲ့ပြီး ဘီစီ ၇၀၀၀ မှာတော့ အနာတိုလီးယား အနောက်အလယ်ပိုင်းဒေသ ဟက်ဆီလာမှာ တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရပါတယ်။ အဲသည်ကမှ အရှေ့ဘက်ဒေသများအထိ ကျယ်ပြန့်စွာ ပျံ့နှံ့ စိုက်ပျိုး လာကြပါတယ်။ ဥရောပနိူင်ငံများမှာ အစောဆုံး စိုက်ပျိုးပင်အဖြစ် Balkan ဒေသက စပြီး အခြားဒေသများသို့ ပျံ့နှံ့သွားပါတယ်။ အိန္ဒိယနိူင်ငံမှာတော့ ဂျုံမျိုးရင်းကို ဘီစီ ၄၀၀၀ ကျော် မတိုင်မီက စတင် တွေ့ရှိခဲ့ကြပါတယ်။ တရုတ်နိူင်ငံမှာတော့ ခရစ်နှစ်အစပိုင်းမှာ စတင်တွေ့ရှိရပါတယ်။ ဂျုံကို အိန္ဒိယမှာ ထွန်ယက် စိုက်ပျိုးခဲ့ကြသော နှစ်ပေါင်း ၅၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ယခုအခါမှာတော့ အိန္ဒိယနိူင်ငံဟာ စတုတ္ထမြောက် ဂျုံအများဆုံး ထွက်ရှိရာ ဒေသဖြစ်ပါတယ်။

အာဟာရတန်ဖိုး (Food Value)

ဂျုံမှာ ဂလူတင်ခေါ်တဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး ကောက်နှံပင်များထဲမှာတော့ ပေါင်မုန့်ဖုတ်ရာမှာ အခြားကောက်နှံများထက် သာလွန်ကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့ မျက်နှာပန်းအလှဆုံးအပင် ဖြစ်ပါတယ်။ ဂလူတင်ဟာ ပေါင်မုန့်သားကို နုညက်စေပြီး လေမထအောင် ထိန်းသိမ်းနိူင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဂလူတင် ပါဝင်မှုများလေ တန်ဆေးပါတဲ့ ပေါင်မုန့်ဖုတ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။ ဂျုံစေ့ ဖြစ်ပေါ်စ အဆင့်မှာ ပရိုတင်း၊ အဆီဓာတ်နဲ့ ဗီတာမင်ဘီ များစွာ ပါဝင်ပါတယ်။ ဂျုံစေ့ရဲ့အပြင်လွှာမှာ အတွင်းလွှာထက် ပိုပြီး ဗီတာမင်နှင့် ပရိုတင်းများစွာ ပါရှိကြောင်း သိရပြီး အတွင်းလွှာမှာတော့ ကစီဓာတ်ပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂျုံစေ့ကို ဂျုံကြမ်းအတိုင်း စားသုံးရင် အာဟာရ ပြည့်ဝပြီး အဆီတက်ခြင်း ကင်းပါတယ်။ ရှေးခေတ်အခါက ဂျုံစေ့ကို ကျောက်တုံးကြီး နှစ်တုံးကြားမှာ ထားပြီး ပွတ်တိုက်ပေးခြင်း၊ ထောင်းထုပေးခြင်းဖြင့် ဂျုံကြမ်းမှုန့် တွေ့ရပါတယ်။ ယခုခေတ်မှာတော့ စတီးတလိမ့်တုံးတွေနဲ့ စက်ကိရိယာသဖွယ် တပ်ဆင်ပြီး ကြိတ်ပါတယ်။ စက်နဲ့ကြိတ်တဲ့အခါ အဆပေါင်း ၁၀၀ မက မြန်ပေမဲ့ အပေါ်ယံ အလွှာက အာဟာရ ပြည့်ဝမှုတွေ အကုန် ပျက်စီးသွားပြီး ဗီတာမင်တွေ ဆုံးရှုံးကုန်ပါတယ်။ ကစီဓာတ်ပိုများတဲ့ ဂျုံအနုစား ( Refine Wheat Flour ) ကို ရရှိမှာ ဖြစ်ပါတယ်။

သဘာဝ အကျိုးကျေးဇူး နှင့် ရောဂါကုသနိူင်စွမ်း (Natural Benefits and Curative Properties)

ဂျုံကို သဘာဝအတိုင်းသာ အသုံးပြုမယ်ဆိုရင် ဆေးဖက်ဝင် စွမ်းအင်များစွာ ရှိပါတယ်။ ဂျုံစေ့၊ ဂျုံဆန်ကွဲ၊ ဂျုံမှုန့်နု၊ ဂျုံကြမ်း၊ ဂျုံဖွဲ စသည်ဖြင့် ဂျုံရဲ့ အစိတ်အပိုင်းမှန်သမျှ အသုံးဝင်လှပါတယ်။ ဂျုံစားလျှင် ခွန်အားဖြစ်စေပြီး ကိုယ်လက်ကြံ့ခိုင်စေပါတယ်။ ဂျုံစေ့မှာ ပါဝင်တဲ့ ကစီဓာတ်နဲ့ ဂလူတင်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပူနဲ့ စွမ်းအင်ကို ဖြည့်တင်းပေးပါတယ်။ ဂျုံအတွင်းမှာရှိတဲ့ ဖော့စဖိတ်နဲ့ အခြားသတ္တုဓာတ်ဆားများက အပြင်လွှာ မှာပါဝင်တဲ့ အစာမကြေလွယ်တဲ့ နေရာကို အူအတွင်း လွယ်ကူစွာ ရွေ့လျားစေခြင်းဖြင့် အထောက်အကူ ပြုပါတယ်။ ဂျုံစေ့မှာ ပါဝင်တဲ့ ဗီတာမင်ဘီ၊ အီးနဲ့ ပရိုတင်းကတော့ ခန္ဓာကိုယ်ကြွက်သားလွှာကို ကျစ်လျစ်သန်မာအောင် ပြုစုပေးပါတယ်။ သဘာဝဂျုံကြမ်းမှာ ဗီတာမင်အီး ပါဝင်မှု ပိုပြီး များပါတယ်။ ဂျုံမှုန့်မှာ ရောဂါတွေ ကာကွယ်နိူင်စွမ်းနဲ့ ရောဂါပိုးတွေ သေစေနိူင်စွမ်းရှိတာကြောင့် ဝမ်းချုပ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ သွေးကြောပိတ်ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အဝလွန်ခြင်း စတဲ့ ရောဂါများအတွက် သက်စောင့်အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဂျုံစေ့ဖျော်ရည်ကို မှန်မှန်သောက်ရင် အဆိပ်အတောက်ဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်းကင်းပြီး အာဟာရ ပြည့်ဝစေတဲ့အတွက် ဂျုံဟာ ကျန်းမာရေးနဲ့ အလွန်ညီညွတ်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။
 
သွားနာခြင်း (Tooth Disorders)

ဂျုံဟာ ရေစီးကမ်းပြိုဖြစ်ခြင်းမှ ကာကွယ်ပေးနိူင်တဲ့ ဓာတ်စာ တစ်မျိုး ဖြစ်ပါတယ်။ ဂျုံစေ့ကို ပြုတ်စားခြင်း၊ အခြား အစားအစာများဖြင့် တွဲဖက်စားခြင်းဟာ ရေစီးကမ်းပြိုရောဂါမှ ကြိုတင်ကာကွယ်ပေးရာ ရောက်ရုံသာမကပါဘူး။ မှန်မှန်ဝါးခြင်း၊ ကြိတ်ခြေရခြင်းတွေက သွားနဲ့ သွားဖုံးများကို ပုံမှန်လှုပ်ရှားရအောင် လေ့ကျင့်ပေးရာရောက်ကာ အစာကို ပိုပြီးကြေညက်သွားစေ ပါတယ်။ ဂျုံစေ့ဖျော်ရည်ဟာ လည်ချောင်းနာခြင်းနဲ့ ရေစီးကမ်းပြိုဖြစ်ခြင်း၊ သွားဖုံးပြည်တည်ခြင်းများအတွက် အာလုပ်ကျင်းပေးသကဲ့သို့ သက်သာသွားစေပါတယ်။ သွားနာခြင်း၊ သွားပိုးစားခြင်းလည်း ကာကွယ်ပေးပါတယ်။ ရောဂါပိုးများ ပိုပြီး ကြီးထွားမလာအောင် ကာကွယ်ပေးရာ ရောက်ပါတယ်။

ဝမ်းချုပ်ခြင်း

ဂျုံကြမ်းဖြင့် ပြုလုပ်တဲ့ ချာပါတီဟာ ဝမ်းလွယ်စေပါတယ်။ ဂျုံကြမ်းရဲ့ အာနိသင်ကို လေ့လာရင် သစ်သီးနဲ့ ဟင်းရွက်စိမ်းများထက် ဆယ်လူလိတ်ပါပြီး ပါရှိတာကြောင့် ရောဂါပိုး သေလွယ်စေနိူင်စွမ်းရှိသလို အူလမ်းကြောင်းအတွင်း အစာရွေ့လျားလွယ်စေနိူင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် ဝမ်းချုပ်သူအတွက် ဝမ်းနုတ်ဆေးသဖွယ် မှီဝဲနိူင်ပါတယ်။

အစာလမ်းကြောင်းဆိုင်ရာ ရောဂါများ (Digestive System Disorders)

ဂျုံပင်ကရတဲ့ ဖျော်ရည်ကို သောက်သုံးရင် အူအတွင်း နံရံတလျှောက်ကို သန့်ရှင်းပြီး ရောဂါကင်းစေနိူင်ပါတယ်။ အူမကြီးရောဂါ ရှိသူများ အားလုံး ဖျော်ရည်ကို ကြက်သီးနွေးပြု၍ စအိုအတွင်းသို့ သွင်းပါ။ ၉၀ မှ ၁၂၀ မီလီဂရမ်ထိ သွင်းပြီး မိနစ် ၂၀ ခန့် ထားပါ။ အနည်းဆုံး ၁၅ မိနစ်ခန့် အောင့်ထားသင့်ပါတယ်။ အခုလို စအိုအတွင်းသို့ ဝမ်းချူဆေးရည်ကဲ့သို့ သွင်းပေးခြင်းဖြင့် အူမကြီးအတွင်းလွှာ၊ အူလမ်းကြောင်းအတွင်း အနာခွက် ဖြစ်ခြင်း၊ အူမကြီးရောင်ရမ်းနာ၊ ဝမ်းအမြဲချုပ်နေတတ်ခြင်း၊ လိပ်ခေါင်းသွေးယိုခြင်း ရောဂါများကို သိသာစွာ သက်သာစေပါတယ်။

သွေးလည်ပတ်ခြင်းဆိုင်ရာ ရောဂါများ (Circulatory Disorders)

ဂျုံ မှ ကလိုရိုဖီးပါဝင်တဲ့အတွက် နှလုံးနဲ့ အဆုတ် လမ်းကြောင်းဆိုင်ရာ သွေးလှည့်ပတ်မှုကို အထောက်အကူ ပြုနိူင်ပါတယ်။ ငန်းမန်းဆိပ်တတ်တဲ့ သွေးအားနည်းရောဂါ ( သို့မဟုတ် ) သွေးအဆိပ်တက်ခြင်း ကို သက်သာစေနိူင်စွမ်းလည်း ရှိပါတယ်။ သွေးထဲမှ သံဓာတ်နဲ့ ဟေမိုဂလိုဗင် ပါဝင်မှု တိုးပွားစေတဲ့အတွက် အဆုတ်အားကောင်းပြီး အောက်ဆီဂျင် တိုးပွား၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့နည်းသွားစေပါတယ်။ ဒါကြောင့် ဂျုံဖျော်ရည်ဟာ သွေးလှည့်ပတ်ခြင်းဆိုင်ရာ ရောဂါများကို သက်သာပျောက်ကင်းစေနိူင်စွမ်း ရှိပါတယ်။ ဂျုံစေ့ကို အပင်ဖောက်လျှင် ၈ နာရီမှ ၁၀ နာရီအထိပဲ ကြာပါတယ်။ ဂျုံစေ့ကို ရေစင်အောင်ဆေး၍ စစ်ထားပါ။ မြေအိုး သို့မဟုတ် သစ်သားဗန်း တစ်ချပ်မှာ ထည့်ထားပြီး ၁၅ မိနစ်ခန့်ထားလျှင် အပင်အညှောက်လေးများ ထွက်လာပါမယ်။ အပင်ပေါက်လာဖို့ ပန်းထဲမှာ အစေ့အပြည့်ဖြည့်ပြီး ပိတ်ပါးစ အရောင်ရင့်ရင့်နဲ့ အုပ်၍ နေရောင်နဲ့ဝေးရာ အခန်းထောင့်တစ်နေရာမှာ ထားပါ။ တစ်နေ့လျှင် နှစ်ကြိမ်ခန့် ရေဖြင့် တောက်ပေးပါ။ ၆ရက် ၇ရက် ကြာတဲ့အခါ ၅လက်မ မှ ၇လက်မအထိ ရှိတဲ့ အပင်ပေါက်လေးများ ရရှိပါမယ်။ အဆိုပါ ဂျုံအပင်ပေါက်လေးများကို ကြိတ်ဝါးခြင်းဖြင့် ဂျုံပင်ပေါက်ရဲ့ လတ်ဆတ်တဲ့ ဖျော်ရည်ကို ရရှိပါမယ်။ ဂျုံပင်ပေါက်ကို စက်နဲ့ကြိတ်ပြီး ဖျော်ရည်ရအောင်ယူပါ။ အရည်ညှစ်ပြီး ၁၀မိနစ်မှ ၁၅မိနစ်အတွင်းရှိ လတ်လတ်ဆတ်ဆတ် ဂျုံပင်ဖျော်ရည်ကို သောက်ပေးရပါမယ်။ ဂျုံဖျော်ရည်ကို ၁၀၀ မီလီဂရမ်မှ ၁၅၀ မီလီဂရမ်ကို နေ့စဉ်မှန်မှန် သောက်ပေးနိူင်ပါတယ်။ တဖြည်းဖြည်းတိုးပြီး တစ်နေ့လျှင် ၂၅၀ မီလီဂရမ်မှ ၃၀၀ မီလီဂရမ် အထိ သောက်ပါ။ ဂျုံဖျော်ရည်ကို သောက်ခါစမှာ တံတွေးနဲ့အတူ မျိုချရပါတယ်။ ဂျုံဖျော်ရည်ကို အစာမစားမီ တစ်နာရီ သို့မဟုတ် အစာစားပြီး နှစ်နာရီမှ သုံးနာရီခြား၍ သောက်ပေးရမှာ ဖြစ်ပါတယ်။

အရေပြားရောဂါ ပြဿနာများ (Skin Disease)

ဂျုံက အသားအရေကို နုညက်ချောမွေ့စေတာ အမှန်ပါပဲ။ သိပ္ပံနည်းကျ ရှင်းလင်းပြရရင် ဂျုံမှာ ပါဝင်တဲ့ ကလိုရိုဖီးဟာ ဘက်တီးရီးယားပိုးများကို သေစေပြီး တိုးပွားမလာအောင် ဟန့်တားနိူင်ပါတယ်။ အရေပြားရောဂါနဲ့ ပတ်သတ်ပြီး အနာပဆုပ်၊ ပွေး၊ ဝဲ၊ ယားနာ စတဲ့ အနာတွေ ပေါက်လာလျှင် ရောဂါပိုးတွေ ပြန့်ပွားမှုကို တုံ့နှေးစေပြီး ဆဲလ်အသစ်ဖြစ်ပေါ်ကာ အသားအရေကို မူလအခြေအနေရောက်အောင် အကျက်မြန်စေပါတယ်။
ဂျုံဖျော်ရည်ကို သောက်သုံးပေးရုံသာမကဘဲ ဂျုံမှုန့်ကို ရေနဲ့ဖျော်ပြီး သက်ဆိုင်ရာအနာကို အုံပေးရင်လည်း အနာကို ပိုးသတ်ဆေးကြော သန့်စင်ပေးရာ ရောက်စေပါတယ်။ ထိခိုက်ရှနာ ဒဏ်ရာပေးခြင်း၊ ပွန်းပဲ့ခြင်း၊ ယားနာ အမျိုးမျိုးနဲ့ အပူလောင်နာအမျိုးမျိုး ဖြစ်တဲ့အခါ ဂျုံမှုန့်အနည်းငယ်ကို ရှလကာရည်နဲ့ရောကာ အပူအနည်းငယ်ပေးပြီး သို့မဟုတ် ဆူအောင်တည်ပြီး အဆိုပါအရည်ဖြင့် မှဲ့ခြောက် ကို အုံပေးပါ။ သိသာစွာ ပျောက်ကင်းချမ်းသာစေပါလိမ့်မယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

သုတ

# Open More Online

Related Posts