ကျူးကျော်ခြင်းပြဿနာ

ကျူးကျော်ခြင်းပြဿနာ (အပိုင်း-၂)

လက်ဝဲဝါဒီတို့သည် မည်သူက မည်သည့်တို်ငးပြည်ကို ဝင်ရောက်တိုက်ခိုက်စေကာမူ လူတန်းစားအရေးကိုသာ ဦးစားပေး၍ ခံယူတတ်ကြောင်း၊ ထို့ပြင် ဆိုဗီယက််တို့သည် မိမိတို့သဘောမတူသည့် လုပ်ဆောင်ချက်များကို (ကျူးကျော်ခြင်း) ဟု ထင်မြင်တတ်ကြသော်လည်း မိမိတို့သဘောဆန္ဒနှင့် ကိုက်ညီနေပါက မည်သည့်တရားမဲ့ပြုမူချက်ကိုမျှ ကျူးကျော်ရာရောက်သည်ဟု မထင်မှတ်ကြကြောင်း မှတ်ချက်ပြုလေသည်။

ဤကိစ္စမှာ ဥပဒေသမိုင်းတွင် အကျုံးဝင်နေသဖြင့် ကုလသမဂ္ဂ ဥပဒေရေးရာကော်မတီတို့သာ လွှဲပြောင်းတာဝန်ပေးထိုက်ကြောင်း ပြောဆိုသည်။ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများကလည်း ကျူးကျော်ခြင်းဆိုသည့် ပြဿနာကို ဆိုဗီယက်တို့က စတင်ဆွေးနွေးနေခြင်းမှာ ၎င်းတို့အတွက် နို်ငငံရေးအမြတ်ထုတ်ရန် ကြံစည်မှု တစ်ရပ်သာဖြစ်ကြောင်း ပြန်လှန်စွပ်စွဲခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေကာမူ ကျူးကျော်ခြင်း၏ အဓိပ္ပါယ်ကို အချက်အလက်များ ခိုင်လုံစွာဖြင့် အတိအကျဖော်ပြသတ်မှတ်တားရန် နိုင်ငံအများဆန္ဒရှိကြသည်။ ၁၉၆၇-ခုနှစ်၊ နိုဝင်ဘာ ၃၀-ရက်နေ့တွင် ဤကိစ္စကို ထပ်မံဆွေးနွေးကြပြီးနောက် ၃၅-နို်ငငံပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး၊ အသေးစိတ်လေ့လာစုံစမ်း၍ ၁၉၆၈-ခုနှစ်၊ အထွေထွေညီလာခံကြီးသို့ အစီခံရန် အများသဘောတူ ဆုံးဖြတ်လိုက်သည်။

ဆူပွက်နေသည့် အရှေ့အလယ်ပိုင်းပြဿနာသည် ဗီယက်နမ်စစ်ထက် စိုးရိမ်ကြောက်ရွံ့ဖွယ်ကောင်းသည်ဟု ကမ္ဘာ့ရေးရာ အကဲခတ်များက ဆိုကြလေသည်။ ယင်းတို့အဆိုမှာ မှန်ကန်လောက်သည့်အဆိုဖြစ်ပြီး သမိုင်းတစ်လျှောက်လုံးတွင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၌ မကြာခဏ အပြောင်းအလဲ၊ အရှုပ်အထွေးများဖြစ်ခဲ့သည်။ အလားတူ အရှေ့အလယ်ပိုင်းဒေသတစ်ဝိုက်တွင် လူ့ယဉ်ကျေးမှုသမိုင်း စတင်ခဲ့သည်ဟု ဆိုပြန်၏။

အီဂျစ်နိုင်ငံ (နောင်အာရပ်သမ္မတပြည်ထောင်စု) ဟီဘရူး(ရဟူဒီ) များ၏ နယ်မြေ၊ ပါရှန်းအင်ပါယာ၊ တူရကီအင်ပါယာ၊ ဂရိ(ဥရောပ) စသည့်နိုင်ငံများတွင် ယဉ်ကျေးမှုအစပျိုးသည်ဟု ဆိုကြသည်။

ခေတ်အဆက်ဆက်တွင် နယ်ချဲ့စစ်ပွဲများ၊ လူမျိုးရေးစစ်ပွဲများ၊ ထိုဒေသတွင် အကြိမ်ကြိမ်အခါခါ ဖြစ်ပွားခဲ့သည်။ အာရှ၊ အာဖရိကယဉ်ကျေးမှုနှင့် ဥရောပယဉ်ကျေးမှုများ မြေထဲပင်လယ် အနီးအနားတစ်ဝိုက်တွင် ပေါင်းစည်းဆုံတွေ့ရာဒေသလည်းဖြစ်သည်။ အင်အားကြီးသူတို့က လက်နက်အားကိုးဖြင့် အင်ပါယာများ တစ်ခုပြီးတစ်ခု ထူထောင်ကြသည်မှာ ထောင်နှင့်ချီ၍ နှစ်ပေါင်းကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် လူမျိုးစုများအလိုက် ကိုယ်ပိုင်လွတ်လပ်သည့်နိုင်ငံများ ထူထောင်ကြသည်။ အရှေ့အလယ်ပိုင်းဒေသတွင် သမ္မတနိုင်ငံနှင့် ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့်နိုင်ငံ ဟူ၍ ၂မျိုး၊ ၂-စားရှိသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်ပဆက်ဆံရေး၊ ဝါဒ သဘောတရားများ မတူညီကြပေ။

နိုင်ငံအချို့က အရင်းရှင်အနောက်နိုင်ငံများနှင့် ဆက်သွယ်၍ အထောက်အပံ့ ခံယူကြသည်။ ကျန်နိုင်ငံများက ဆိုရှယ်လစ်နို်ငငံ များအပေါ်တွင် အမှီသဟဲ ပြုနေကြသည်။ အရင်းရှင်နို်ငငံရော၊ ဆိုရှယ်လစ်နိုင်ငံရော၊ အရှေ့အလယ်ပိုင်းဈေကွက်ကြီးကို လွှမ်းမိုးလိုကြသည်။ နည်းပရိယာယ်မျိုးစုံဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ အရေးတွင် ဝင်ရောက်စွက်ဖက်ကြသည်။ အလားတူပင် နိုင်ငံကြီးများက မိမိတို့နှစ်သက်ရာ နိုင်ငံငယ်များ၏ စီးပွားရေးကို တိုးတက်ထးထောင်ရေး အားပေးခဲ့ကြသည်။

နိုင်ငံကာကွယ်ရေးအတွက် စစ်လက်နက်ပစ္စည်းများရောင်းချ၍ အင်အားဖြည့်တင်းပေးသည်။ အလားတူ နိုင်ငံငယ်များသည် ဝါဒရေးရာ၌သာမကဘဲ လက်နက်တပ်ဆင်မှု၌ပါ အပြိုင်အဆိုင် ဖြစ်လာကြသည်။ အစ္စရေးနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆုံးဖြစ်ချက်အရ ဖြစ်ထွန်းပေါ်ပေါက်လာမည့် ပါလက်စတိုင်း အာရပ်နိုင်ငံမှာ အကောင်အထည် မဖော်နိုင်အောင်ဖြစ်သည်။

အလားတူ-အာရပ်-အစ္စရေးမုန်းတီးရေး၌ အပြစ်က စစ်ဖြစ်လျက်ရှိနေသည်။ ၎င်းတို့ စစ်မက်ဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့မှ ကြားဝင်ဖျန်ဖြေ၍ စစ်ရပ်ခဲ့ကြရသည်။ ထို့ကြောင့် စစ်တားဆီးရေးကို ကုလသမဂ္ဂအဖွဲ့ကြီးက အားတိုက်ခွန်စိုက် လုပ်ကိုင်ခဲ့သည်။ အဖွဲ့ကြီးက လုပ်ဆောင်သည်ဆိုရာတွင် အတွင်းရေးမှူးချုပ် ဦးသန့်၏ ကြိုးစားချက်မှာ ထိပ်တန်းမှပါဝင်နေသည်။

ဦးသန့် လက်ထက်တွင်ဖြစ်ပွားသည့် အာရပ်အစ္စရေး တတိယစစ်ပွဲနှင့် ဆိုက်ပရပ်ကျွန်းပြဿနာတို့တွင် ဦးသန့်၏ စွမ်းဆောင်ချက်နှင့် အရည်အချင်းကို ပေါ်လွင်စွာတွေ့ရသည်။ သူ၏ လုပ်ဆောင်ချက်များသည် ယနေ့ကမ္ဘာနိုင်ငံများ၏ အသိအမှတ်ပြုလေးစားခြင်းကို ခံရနေဆဲဖြစ်သည်။

ဦးသန့်ကား … ထူးချွန်၍ ထက်မြက်သူတစ်ဦးဖြစ်သည်ဟု ဆိုလျှင် မှားအံ့မထင်။ ။

-သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Related Posts