အလက်ဇန္ဒား

ရုရှားနိုင်ငံ၏ ပထမမြောက် အလက်ဇန္ဒား (၁၇၇၇ – ၁၈၂၅)

အစပိုင်းတွင် ပထမမြောက် အလက်ဇန္ဒား သည် အလွန်တရာသဘောထားကြီးသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူသည် လျှို့ဝှက်ရဲတပ်ဖွဲ့တို့ကို နှိမ်နင်းခဲ့သည်။ နိုင်ငံရပ်ခြားသို့ ခရီးသွားခြင်းနှင့် စာအုပ်များအား ပိတ်ပင်တားဆီးထားသည်ကို ရုပ်သိမ်းခဲ့သည်။ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲခဲ့သည်။ ကျေးကျွန်တို့၏ဘဝကို တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးခဲ့သည်။ နောက်ပိုင်းတွင် တောင်သူလယ်သမားပုန်ကန်မှုတစ်ခုနှင့် နပိုလီယန်၏ သစ္စာဖောက်မှုတို့ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသော အလက်ဇန္ဒားသည် အတွေးအခေါ်သစ်တို့ကို လက်ခံသော သူ၏အမြင်များကို စွန့်လွှတ်ခဲ့သည်။ ယင်းအမြင်များအစားစည်းကမ်းပိုမိုတင်းကျပ်သော ကိုင်တွယ်ဖြေရှင်းနည်းကို လက်ခံခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအများစုကို ရုပ်သိမ်းခဲ့သည်။ ဆန်းဆန်းပြားပြား ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး သူ၏ညီဖြစ်သူ ပထမမြောက် နီကိုလပ်စ်က ဆက်ခံခဲ့သည်။

၁၇၇၇၊ ဒီဇင်ဘာလ၊ ၂၃ – ပထမမြောက်ဇာပေါလ်နှင့် မာရီယာဖီဒိုရော့ဗ်နာတို့မှ ဖွားမြင်သည်။
၁၈၀၁- ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မကြာမီတွင် ထီးနန်းဆက်ခံသည်။
၁၈၀၇- တီလ်စစ်ထ် သဘောတူစာချူပ်ဖြင့် နပိုလီယန်နှင့် မဟာမိတ်ဖွဲ့သည်။
၁၈၁၂- နိုင်ငံရေး ပဋိပက္ခများတောက်လျှောက် ပေါ်ပေါက်ပြီးနောက် နပိုလီယန်က ရုရှားအား ကျူးကျော်ဝင်ရောက်သည်။
၁၈၁၃- နပိုလီယန်အား ဆန့်ကျင်တိုက်ခိုက်သည့် နိုင်ငံစုံတိုက်ပွဲ၌ ပူးပေါင်းဆင်နွဲသည်။
၁၈၂၅၊ ဒီဇင်ဘာလ၊ ၁ – တာဂန်ရော့ဂ်၌ ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်း ဘာသာပြန်ဆိုသည့် “ခေါင်းဆောင် ၁၀၀” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts