ပြုပြင်ဆဲနေရာ

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များ (အပိုင်း – ၂)

Fellow – Competitor ဖဲလိုးကွန်ပီတေတာ – အချက်ရေပြိုင်ပွဲကစားသူ ကွန်ပီတေတာကိုဖတ်ရှုရန်။

Flagstick – အလံတိုင်
အလံတိုင်သည် ကျင်းရှိသောနေရာကို ညွှန်ပြရန် ကျင်း၏အလယ်တွင် ထားရှိသည့် အမှတ်အသားဖြစ်သည်။ တိုင်အား ကွေးစေနိုင်သော ပစ္စည်းဖြင့်လည်း ပြုလုပ်နိုင်ပြီး အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်ရမည်။
တိုင်သည် လုံးဝန်းသောသဏ္ဍာန် ရှိရမည်။ တိုင်ကို ဘောလုံးဖြင့် တိုက်မိလျှင် ဘောလုံးလမ်းကြောင်းနှင့် ရွေ့လျားမှုအပေါ် လိုအပ်သည်ထက်ပိုသော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သောပစ္စည်းများ တပ်ဆင်ခြင်း မပြုလုပ်ရပါ။

Forecaddie – ဖိုကယ်ဒီ
ဖိုကယ်ဒီဆိုသည်မှာ ကစားသမားများ၏ ဘောလုံးနေရာကို ရှာဖွေညွှန်ပြရန်အတွက် ကော်မတီက တာဝန်ပေးထားသော ကယ်ဒီဖြစ်သည်။ ဖိုကယ်ဒီသည် အောက်ဆိုဒ်အေဂျင်စီဖြစ်သည်။

Forms of Match Play – ကျင်းပြတ်ကစားနည်းများ

Single (စဉ်ကယ်) – တစ်ဦးချင်း အပြန်အလှန် ကျင်းပြတ်ယှဉ်ပြိုင်ကစားခြင်း

Threesome (သရီးဆမ်း) – တစ်ယောက်နှင့်နှစ်ယောက် ကျင်းပြတ်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တစ်ဖက်လျှင် ဘောလုံးတစ်လုံးသာ ကစားရသည်။ နှစ်ယောက်ကစားသည့်ဘက်သည် တီခုံမှစရိုက်ခြင်းနှင့် ရိုက်ပြီးနောက် ကျင်းဝင်သည်အထိ ဘောလုံးကို တစ်လှည့်စီ အလှည့်ကျ ရိုက်ကစားရသည်။

Foursome (ဖိုးဆမ်း) – နှစ်ယောက်တွဲနှင့် အခြားနှစ်ယောက်တွဲ ကျင်းပြတ်ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ တစ်တွဲလျှင် ဘောလုံးတစ်လုံးသာ ကစားရသည်။

Three-Ball (သရီးဘော) – ၃ ဦးပတ်လည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကစားခြင်း ဖြစ်သည်။ ကစားသူတစ်ဦးသည် ပြိုင်ဘက် ၂ ဦးနှင့် တစ်ပြိုင်တည်း ကျင်းပြတ်ကစားခြင်း ဖြစ်သည်။

Best-Ball (ဘက်စဘော) – တစ်ယောက်နှင့်နှစ်ယောက် (သို့) သုံးယောက် ကျင်းပြတ်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ တစ်ဦးလျှင် ဘောလုံးတစ်လုံးစီ ကစားရပြီး နှစ်ယောက် (သို့) သုံးယောက်၏ အကောင်းဆုံးသောအချက်နှင့် တစ်ယောက်သမားက ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

Four-Ball (ဖိုးဘော) – နှစ်ယောက်တွဲနှင့် အခြားနှစ်ယောက်တွဲ ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။ တစ်ဦးလျှင် ဘောလုံးတစ်လုံးစီ ကစား၍ နှစ်ဦးအနက်မှ တစ်ဦး၏ အကောင်းဆုံးဘောလုံး (အချက်အနဲဆုံး) ကို ထိုကျင်းအတွက် ရွေးချယ်၍ ကျင်းပြတ်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Forms of Stroke Play – အချက်ရေဖြင့်ကစားနည်းများ

Individual (အင်ဒီဗီဂျူရယ်) – တစ်ဦးချင်းအလိုက် အချက်ရေဖြင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။

Foursome (ဖိုးဆမ်း) – နှစ်ယောက်တစ်တွဲ အချက်ရေဖြင့် ကစားခြင်း ဖြစ်သည်။ ဘောလုံးတစ်လုံးတည်းကို တီခုံမှစ၍ အလှည့်ကျ ရိုက်ကစားရမည်။

Four-Ball (ဖိုးဘော) – နှစ်ယောက်တွဲတစ်ဦးလျှင် ဘောလုံးတစ်လုံးစီ အချက်ရေဖြင့် ကစားခြင်းဖြစ်သည်။ နှစ်ဦးအနက် အချက်ရေနည်းသော ဘောလုံးကို ထိုကျင်း၏ အချက်ရေအဖြစ် သတ်မှတ်သည်။ နှစ်ဦးအနက်မှ တစ်ဦးသည် ကျင်းကို ပြီးဆုံးအောင် မကစားခဲ့လျှင် ပြစ်ဒဏ်မရှိပါ။

Note – ဘူဂီ၊ ပါနှင့် စတေဘယ်ဖို့ဒ်ပြိုင်ပွဲများအတွက် စည်းမျဉ်း 32-1 ကို ဖတ်ရှုရန်။

Four-Ball (ဖိုးဘော) – ကျင်းပြတ်ယှဉ်ပြိုင်ခြင်းနှင့် အချက်ရေဖြင့် ကစားခြင်းကို ဖတ်ရှုရန်။

Foursome (ဖိုးဆမ်း) – ကျင်းပြတ်ယှဉ်ပြိုင်ခြင်းနှင့် အချက်ရေဖြင့် ကစားခြင်းကို ဖတ်ရှုရန်။

Ground Under Repair (GUR) – ပြုပြင်ဆဲနေရာများ
ပြုပြင်ဆဲနေရာများ ဆိုသည်မှာ ကော်မတီ (သို့) ကော်မတီမှတာဝန်ပေးထားသူက ကွင်းအတွင်းတွင် ပြုပြင်ဆဲနေရာအဖြစ် သတ်မှတ်ပေးထားသော ဧရိယာအစိတ်အပိုင်းဖြစ်သည်။ ပြုပြင်ဆဲနေရာများအတွင်းရှိ မြေပြင်၊ မြက်ပင်၊ သစ်ပင် (သို့) သက်ရှိအပင်များအားလုံးသည် GUR ၏ အစိတ်အပိုင်းဖြစ်သည်။ ပြောင်းရွှေ့ရန်အတွက် ယာယီပုံထားသော ပစ္စည်းများနှင့် ဂရင်းစောင့်တူးထားသော ကျင်းများ အားလုံးသည် အမှတ်အသားပြုလုပ်ထားခြင်း မရှိသော်လည်း ပြုပြင်ဆဲနေရာများ ဖြစ်သည်။ ကွင်းအတွင်းရှိ မြက်ဖြတ်စများ၊ သစ်ရွက်များနှင့် အခြားပုံထားသော သဘာဝဖြစ်ပစ္စည်းများသည် ထပ်မံ၍ ရွှေ့ပြောင်းရန်မရှိတော့ဘဲ အပြီး စွန့်ပစ်ထားပြီး ဖြစ်ပါက GUR အဖြစ် သတ်မှတ်မထားလျှင် ပြုပြင်ဆဲနေရာမဟုတ်ပါ။
ပြုပြင်ဆဲနေရာအား တိုင်များဖြင့် သတ်မှတ်ထားလျှင် ထိုတိုင်များသည် ပြုပြင်ဆဲနေရာဧရိယာ အတွင်းတွင် ရှိသည်။ တိုင်ဖြင့် ဖော်ပြထားသော ပြုပြင်ဆဲနေရာ ဧရိယာသည် တိုင်၏အပြင်ဘက်အစွန်းအမှတ်ဖြင့် သတ်မှတ်သည်။ လိုင်းဖြင့် သတ်မှတ်ထားပါက လိုင်းသည် ပြုပြင်ဆဲနေရာဧရိယာထဲတွင် ပါဝင်သည်။ လိုင်းနှင့်တိုင် အတူပူးတွဲ၍ ဖော်ပြထားလျှင် လိုင်းသည် ပြုပြင်ဆဲနေရာ ဧရိယာသတ်မှတ်ချက်ကို ဖော်ပြပြီး တိုင်သည် ပြုပြင်ဆဲနေရာ ဖြစ်ကြောင်း ဖော်ပြသော အမှတ်အသားအဖြစ် သတ်မှတ်သည်။
ဘောလုံးသည် ပြုပြင်ဆဲနေရာအတွင်း ရောက်နေလျှင် (သို့) ထိနေပါက ၎င်းဘောလုံးသည် GUR ထဲ ကျနေသည်ဟု သတ်မှတ်သည်။ GUR ဖြစ်ကြောင်း ဖော်ပြသော တိုင်များအား အော့စရပ်ရှင်အဖြစ် သတ်မှတ်သည်။ ပြုပြင်ဆဲနေရာဧရိယာသည် မြေမျက်နှာပြင်၏ အောက်ဘက် အတွင်းပိုင်းတွင်သာ ပါဝင်သည်။ ဧရိယာ၏ အပေါ်ဘက်အပိုင်း မပါဝင်ပါ။

Note မှတ်ချက် – ကော်မတီသည် ဒေသန္တရစည်းမျဉ်းတွင် GUR ဧရိယာအတွင်းနှင့် (ESA) Environmentally Sensitive Area အန္တရာယ်ရှိသော နေရာအဖြစ် သတ်မှတ်ထားသော ပြုပြင်ဆဲနေရာ ဧရိယာအတွင်းမှ ကစားခြင်းကို တားမြစ်နိုင်သည်။

Hazards – ဟဲဇတ်
ဟဲဇတ်တွင် ဘန်ကာနှင့် ဝါတာဟဲဇတ်များ ပါဝင်သည်။

Hole – ကျင်း
ကျင်း၏အချင်း 4.25 လက်မ (108 mm) ရှိပြီး အနက် အနည်းဆုံး 4 လက်မ (101.6 mm) ရှိရမည်။ ကျင်းနံရံအကာ အသုံးပြုပါက ဂရင်းမျက်နှာပြင်အောက် 1 လက်မ (25 mm) မြုပ်ထားရမည်။
ကျင်းအကာ၏အချင်းသည် 4.25 လက်မ (108 mm) ထက် မကြီးရပါ။

Holed – ကျင်းဝင်သည်
ဘောလုံးတစ်လုံးသည် ကျင်း၏စက်ဝန်းဧရိယာအတွင်း ရောက်ရှိရပ်တန့်ပြီး ကျင်းနှုတ်ခမ်းအောက်ဘက်သို့ ဘောလုံးတစ်လုံးလုံး ရောက်ရှိနေလျှင် ကျင်းဝင်ပြီးဖြစ်သည်ဟု သတ်မှတ်သည်။

Honour – ဟော်နာ
တီခုံမှ ပထမဦးစွာ စတင်၍ ရိုက်ရမည့်သူသည် ဟော်နာရရှိသူ ဖြစ်သည်။

Lateral Water Hazard – လစ်ထရယ်ဝါတာဟဲဇတ်
LWH ဆိုသည်မှာ WH ဝါတာဟဲဇတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဝါတာဟဲဇတ်အတွင်း ကျရောက်သော ဘောလုံးအတွက် စည်းမျဉ်း 26-1b အရ ၎င်းဝါတာဟဲဇတ်နောက်တွင် ဘောလုံးကို လွှတ်ချကစားရန် မဖြစ်နိုင်သော (သို့) ကော်မတီက ကစားရန် မဖြစ်နိုင်ဟု ယူဆသော ဝါတာဟဲဇတ် WH များအား L.WH အဖြစ် ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်သည်။ L.WH အတွင်းရှိ ရေနှင့် မြေပြင်အားလုံးသည် L.WH အတွင်း ပါဝင်သည်။
L.WH ၏ ဧရိယာကို တိုင်များဖြင့် သတ်မှတ်ထားလျှင် ထိုတိုင်များသည် ဟဲဇတ်၏ ဧရိယာအတွင်းတွင်ရှိသည်။ ဟဲဇတ်ဧရိယာသည် တိုင်၏ အခြေကွင်းဘက်ခြမ်းသည် ဟဲဇတ်နယ်နိမိတ် ဖြစ်သည်။ ဟဲဇတ်နယ်နိမိတ်ကို တိုင်နှင့်လိုင်း အတူယှဉ်တွဲ၍ ဖော်ပြထားလျှင် တိုင်များသည် ဟဲဇတ်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်၍ လိုင်းသည် ဟဲဇတ်၏ ဧရိယာကို သတ်မှတ်သည်။ ဟဲဇတ်ကို လိုင်းဖြင့် သတ်မှတ်ပါက လိုင်းသည် ဟဲဇတ်ဧရိယာအတွင်းတွင် ရှိသည်။ L.WH ၏ ဧရိယာသည် ထောင်လိုက်မျဉ်းအတိုင်း မြေပြင်၏ အထက်နှင့်အောက်ရှိ ဧရိယာအားလုံး ပါဝင်သည်။
ဘောလုံးသည် L.WH အတွင်း ကျရောက်လျှင် (သို့) ဟဲဇတ်၏ အစိတ်အပိုင်း တစ်ခုခုနှင့် ထိနေလျှင် ထိုဘောလုံးသည် ဟဲဇတ်ကျသည်ဟု သတ်မှတ်သည်။ L.WH ၏ ဧရိယာကို သတ်မှတ်ထားသော တိုင်များသည် အောစရပ်ရှင် ဖြစ်သည်။

Note 1 မှတ်ချက် (၁) – L.WH ၏ ဧရိယာကို အနီရောင်တိုင် (သို့) လိုင်းဖြင့် ထင်ရှားပြတ်သားစွာ သတ်မှတ်ထားရမည်။
Note 2 မှတ်ချက် (၂) – ကော်မတီသည် LWH အား (ESA) Environmentally Sensitive Area အန္တရာယ်ရှိသော နေရာအဖြစ် သတ်မှတ်၍ ထိုဧရိယာအတွင်းမှ ကစားခြင်းကို တားမြစ်နိုင်သည်။
Note 3 မှတ်ချက် (၃) – ကော်မတီသည် L.WH ကို WH အဖြစ် သတ်မှတ်နိုင်သည်။

Line of Play (လိုင်းအော့ပလေး) – ဘောလုံးသွားမည့်လမ်းကြောင်း
ကစားသူက ဘောလုံးကို ရိုက်လိုသောလမ်းကြောင်းနှင့် လမ်းကြောင်း၏ ဘယ်၊ ညာ သင့်လျော်သည့် အကွာအဝေးကို (လိုင်းအော့ပလေး) ဟု သတ်မှတ်သည်။ ဘောလုံးသွားမည့် လမ်းကြောင်းသည် မြေပြင်မှ အပေါ်တည့်တည့် ထောင်လိုက်မျဉ်းအတိုင်း ကျင်းသို့ရောက်သည်အထိ ပါဝင်၍ ကျင်းအလွန်နောက်ပိုင်း မပါဝင်ပါ။

Line of Putt (လိုင်းအော့ပတ်) – ကျင်းစိမ်လမ်းကြောင်း
ကစားသူက ပတ်တင်ဂရင်းပေါ်တွင် ဘောလုံးကို ရိုက်လိုသော လမ်းကြောင်းနှင့် လမ်းကြောင်း၏ ဘယ်၊ ညာ သင့်လျော်သည့် အကွာအဝေးကို ကျင်းစိမ်လမ်းကြောင်းဟု သတ်မှတ်သည်။ ကျင်းစိမ်လမ်းကြောင်းသည် ဘောလုံးမှ ကျင်းသို့ရောက်သည်အထိ ပါဝင်သည်။ ကျင်းအလွန်နောက်ပိုင်း မပါဝင်ပါ။

Loose Impediments – လုစ်အင်ပက်ဒိမန့်
လုစ်အင်ပက်ဒိမန့်ဆိုသည်မှာ သဘာဝဖြစ်ပစ္စည်း (သို့) သဘာဝအတိုင်း တည်ရှိနေသော အရာဝတ္ထုများအားလုံး၊ ဥပမာ – ပြတ်ကျနေသော သစ်ကိုင်း၊ ကျောက်ခဲ၊ တီကျစ်စာ၊ သက်မဲ့ရုပ်ကြွင်းများ၊ တိရစ္ဆာန်ချေးများ၊ သက်ရှိအင်းဆက်ပိုးကောင်များဖြစ်သော ယင်ကောင်နှင့် လိပ်ပြာကဲ့သို့ အသေးစား အကောင်ငယ်များ၊ ကြွေကျနေသော အသီးများ၊ သစ်ရွက်များနှင့် အလားတူဖော်ပြရန် ကျန်ရှိသော ပစ္စည်းအားလုံး ပါဝင်သည်။ လုစ်အင်ပက်ဒိမန့်များကို အောက်ဖော်ပြပါ အခြေအနေတွင် ဖယ်ရှားခွင့်မရှိပါ။
* အသေချထားသောအခါနှင့် ရှင်သန်နေသောအခြေအနေ၊
* မြေကြီးအတွင်း မြုပ်နေသောအခါ၊
* ဘောလုံးတွင်ကပ်နေသောအခါ ဖယ်ရှားခွင့်မရှိပါ။
သဲနှင့်မြေကြီးသည် ပတ်တင်ဂရင်းပေါ်တွင်သာ လုစ်အင်ပက်ဒိမန့်အဖြစ် သတ်မှတ်ပြီး ကျန်နေရာများတွင် မသတ်မှတ်ပါ။ နှင်းခဲမှအပ ဆီးနှင်းနှင့် သဘာဝရေခဲသည် ယာယီအိုင်နေသောရေ (သို့) လုစ်အင်ပက်ဒိမန့်အဖြစ် ကစားသူ ကြိုက်သလို သတ်မှတ်နိုင်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

Related Posts