Definitions

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များ (အပိုင်း – ၁)

Definitions – အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဂေါက်သီးစည်းမျဉ်းကို တိကျသေချာစွာနားလည်ရန် အထူးလိုအပ်သော သတ်မှတ်ချက်များဖြစ်သည်။ အင်္ဂလိပ်အက္ခရာ A မှ Z အစဉ်လိုက်ဖော်ပြထားသည်။

Abnormal Ground Conditions – ပုံမှန်အခြေအနေမှပြောင်းလဲသွားသောနေရာများ
အက်နောက်မယ်ဂရောင်းကွန်ဒီရှင်ဆိုသည်မှာ ယာယီအိုင်နေသောရေများ၊ GUR များ၊ တွင်းအောင်းသတ္တဝါ၊ ဌက်တို့၏ကျင်းများနှင့် ဝင်ထွက်လမ်းများ၊ ၎င်းတို့နေထိုင်ရာနေရာရှိ စွန့်ပစ်ထားသောအရာများ အားလုံးပါဝင်သည်။

Addressing the Ball – ရိုက်ရန်အသင့်ဖြစ်သည်
ဘောလုံးရိုက်ရန်အတွက် စတန့်ယူပြီးဖြစ်စေမယူမီဖြစ်စေ တုတ်ခေါင်းအားရိုက်မည့်ဘောလုံး အရှေ့ (သို့မဟုတ်) အနောက်ဘက်တွင် ချလိုက်သည်နှင့် ရိုက်ရန်အသင့်ဖြစ်သည်ဟု သတ်မှတ်သည်။

Advice – အကြံဉာဏ်ပေးခြင်း
အကြံဉာဏ်ပေးခြင်းဆိုသည်မှာ ကစားသူသည် မည်သည့်တုတ်နှင့်ရိုက်ရမည်၊ မည်သို့ရိုက်ရမည် (သို့မဟုတ်) မည်ကဲ့သို့ ကစားရမည် စသည်တို့အပေါ် အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည့် အကြံဉာဏ်တောင်းခြင်း၊ အကြံဉာဏ်ပေးခြင်းဖြစ်သည်။ ဂေါက်သီးစည်းမျဉ်း၊ ကွင်းအကွာအဝေး၊ ကွင်းအတွင်းရှိ ဟဲဇတ်များနှင့် အလံတိုင်အနေအထားကို ပြောကြားခြင်း၊ မေးမြန်းခြင်းသည် အကြံဉာဏ်ပေးခြင်း၊ အကြံဉာဏ်တောင်းခြင်း မဖြစ်ပါ။

Ball Deemed to Move
Move or Moved – ဘောလုံးရွေ့လျားခြင်းကိုဖတ်ရှုရန်။

Ball Holed
ကျင်းဝင်သည်ကို ဖတ်ရှုရန်။

Ball Lost (လော့(စ်)ဘော)
ရောက်ရှိသောနေရာမှ ဆက်ကစားခွင့် ဆုံးရှုံးသွားသောဘောလုံး Lost Ball ကို ဖတ်ရှုရန်။

Ball in Play (ဘောအင်ပလေး) – ကျင်းကစားနေသည့်ဘောလုံး
ကစားသူသည် ဘောလုံးတစ်လုံးကို တီခုံမှစတင်ရိုက်လိုက်သည်နှင့် ထိုဘောလုံးသည် “ဘောအင်ပလေး” ကျင်းကစားနေသော ဘောလုံးဖြစ်သည်။
ကစားနေသောဘောလုံးသည် ကစားနေသည့် ကျင်းအတွင်းသို့ ဝင်ပြီးဖြစ်လျှင်၊ ပျောက်ဆုံးသွားလျှင်၊ အိုဘီကျခဲ့လျှင်၊ ကောက်ယူခဲ့လျှင် (သို့မဟုတ်) အခြားဘောလုံးဖြင့် အစားထိုးရိုက်ခဲ့လျှင် (စည်းမျဉ်းက ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ) ထိုကျင်းအတွက် ကစားနေသောဘောလုံး (ဘောအင်ပလေး) မဟုတ်တော့ပါ။ အစားထိုးလိုက်သောဘောလုံးသည် (ဘောအင်ပလေး) ဖြစ်သွားသည်။
ဘောလုံးနေရာ မှတ်လိုက်သော်လည်း ကောက်ယူခြင်းမပြုလျှင် “ဘောအင်ပလေး” ကျင်းကစားနေသော ဘောလုံးအဖြစ် ဆက်လက်တည်နေသည်။ ဘောလုံးနေရာ မှတ်ထားသော မတ်ကာကို မဖြုတ်သေးသော်လည်း ဘောလုံးကို ကောက်ယူသန့်စင်ပြီးနောက် မူလနေရာတွင် ပြန်ထားခဲ့လျှင် “ဘောအင်ပလေး” ပြန်ဖြစ်သွားသည်။
ကျင်းစတင်ကစားသောအခါ တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့သောဘောလုံးနှင့် ထိုအမှားကို ပြင်ရန်အတွက် ရိုက်ရန်အတွက် ရိုက်သောဘောလုံးများသည် “ဘောအင်ပလေး” မဖြစ်ပါ။ တီခုံမှားရိုက်ခြင်းအတွက် စည်းမျဉ်း 11-4 နှင့် 11-5 (ကျင်းပြတ်ကစားခြင်းနှင့် အချက်ရေကစားခြင်း) ပါအတိုင်း ဆောင်ရွက်ရမည်။
သို့မဟုတ်ပါက တီခုံမှ စတင်ရိုက်ပြီး နောက်ထပ်ရိုက်မည့်အချက်ကို တီခုံမှ ပြန်၍ရိုက်မည် (သို့မဟုတ်) ရိုက်ရမည်ဆိုလျှင် ထိုဘောလုံးကို တီခုံအပြင်မှ ရိုက်သော်လည်း ဘောလုံးသည် ကျင်းကစားသော “ဘောအင်ပလေး” ဘောလုံးဖြစ်သည်။

Exception : ခြွင်းချက် – ကျင်းပြတ်ကစားခြင်းတွင် တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့သော ဘောလုံးအတွက် မိမိ၏ပြိုင်ဘက် (အောပို့နန့်) က ထိုရိုက်ချက်ကို ပယ်ဖျက်၍ နောက်ထပ်ဘောလုံးတစ်လုံးကို မရိုက်ခိုင်းခဲ့လျှင် တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့သော ဘောလုံးသည် “ဘောအင်ပလေး” ဖြစ်သည်။ (စည်းမျဉ်း 11-4 a)။

Best Ball – ဘက်စ်ဘော
ကျင်းပြတ်ကစားနည်းများကို ဖတ်ရှုရန်။

Bunker – ဘန်ကာ
ဘန်ကာဆိုသည်မှာ ဟဲဇတ် ဖြစ်သည်။ သတ်မှတ်ထားသော ဧရိယာအတွင်းရှိ မြက်များနှင့် မြေကြီးများကို တူးပြီး သဲ (သို့မဟုတ်) အလားတူပစ္စည်းများ ထည့်ထားသောနေရာဖြစ်သည်။
ဘန်ကာဧရိယာအတွင်း မြက်များပေါက်နေသောနေရာ (သို့မဟုတ်) မြက်ကပ်ထားသောနေရာသည် ဘန်ကာဧရိယာတွင် မပါဝင်ပါ။ ဘန်ကာ၏နံရံ (သို့မဟုတ်) ဘန်ကာနှုတ်ခမ်းတွင် မြက်မရှိပါက ဘန်ကာဧရိယာအဖြစ် သတ်မှတ်သည်။ ဘန်ကာဧရိယာသည် ဘန်ကာမျက်နှာပြင်၏ အောက်ဘက်နှင့်အတွင်းပိုင်းသာ ပါဝင်သည်။ ဘန်ကာမျက်နှာပြင် အပေါ်ဘက်ပိုင်း မပါဝင်ပါ။
ဘောလုံးသည် ဘန်ကာအတွင်း တစ်လုံးလုံးကျနေခြင်း (သို့မဟုတ်) ဘောလုံးသည် ဘန်ကာဧရိယာနှင့် ထိနေပါက ၎င်းဘောလုံးသည် ဘန်ကာကျနေသည်ဟု သတ်မှတ်သည်။

Burrowing Animal – ကျင်းအောင်း၍နေသောသတ္တဝါ
ကျင်းအောင်း၍နေသောသတ္တဝါဆိုသည်မှာ တီကောင်၊ ပိုးကောင်နှင့် အလားသဏ္ဍာန်တူ အကောင်များမှလွဲ၍ ကျင်းတူပြီး ကျင်းအတွင်းသာ နေထိုင်သော သတ္တဝါဖြစ်သည်။ ဥပမာ- ယုန်၊ ပွေး၊ ကင်းလိပ်ချော၊ groundhog (သို့မဟုတ်) gopher (မြောက်အမေရိကတွင်ရှိသော တွင်းအောင်းရှဉ့်အမျိုးအစား)။
Note မှတ်ချက် – တွင်းအောင်းသတ္တဝါမဟုတ်သည့် တိရိစ္ဆာန်များတူးဆွထားသော ကျင်းများအား အက်နော်မယ်ဂရောင်းကွန်ဒီရှင် အဖြစ်မသတ်မှတ်ပါ။

Caddie – ကယ်ဒီ
ကယ်ဒီဆိုသည်မှာ ကစားသူ၏ဂေါက်တုတ်များကို သယ်ဆောင်ပေးခြင်းနှင့် ဂေါက်တုတ်များကို အသုံးပြုရန်အတွက် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်သူဖြစ်သည်။
ကယ်ဒီတစ်ဦးသည် ကစားသူတစ်ဦးထက်ပို၍ တာဝန်ယူလုပ်ကိုင်ပေးခဲ့လျှင် ထိုကယ်ဒီကိုအသုံးပြုမည့် ကစားသမားများအားလုံး၏ ကယ်ဒီဖြစ်သည်။ ထိုကယ်ဒီသယ်နေသော ပစ္စည်းအားလုံးသည် (မည်သူ၏ပစ္စည်းဖြစ်စေကာမူ) ကစားသူတစ်ဦးစီ၏ပစ္စည်း (အီကွေ့မန့်) များ ဖြစ်သည်ဟု သတ်မှတ်သည်။ ခြွှင်းချက်အနေဖြင့် အဆိုပါကယ်ဒီသည် ကစားသူတစ်ဦး၏ စေခိုင်းချက်အတွက်သာ သီးသန့်ဆောင်ရွက်နေချိန်တွင် ထိုစေခိုင်းသူ၏ ကယ်ဒီအဖြစ် သတ်မှတ်သည်။

Casual Water – ယာယီအိုင်နေသောရေ
ကယ်ရှုရယ်ဝါတာဆိုသည်မှာ ဝါတာဟဲဇတ်အတွင်းမှအပ ကွင်းအတွင်း ယာယီအိုင်နေသောရေများ ဖြစ်သည်။ ကစားသူသည် ဘောလုံးကို စတန့်မယူမီနှင့် ယူပြီးနောက်တွင် ရေကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ နှင်းခဲ၊ သဘာဝရေခဲသည် ကယ်ရှုရယ်ဝါတာ (သို့မဟုတ်) လုစ်အင်ပက်ဒိမန့်အဖြစ် ကစားသူကြိုက်သလို သတ်မှတ်နိုင်သည်။ နှင်းရည်၊ နှင်းစက်များသည် ကယ်ရှုရယ်ဝါတာ မဟုတ်ပါ။ စက်ရုံမှထုတ်သော ရေခဲသည် အောစရပ်ရှင်ဖြစ်သည်။
ဘောလုံးသည် ယာယီအိုင်နေသောရေအတွင်း ရောက်နေလျှင် (သို့မဟုတ်) ထိနေပါက ၎င်းဘောလုံးသည် ယာယီအိုင်နေသောရေထဲ ကျသည်ဟု သတ်မှတ်သည်။

Committee – ကော်မတီ
ကော်မတီသည် ပြိုင်ပွဲအားကြီးကြပ်ပေးသည့် အဖွဲ့ဖြစ်သည်။ ပြိုင်ပွဲနှင့်ပက်သက်သော ကိစ္စများမရှိလျှင် ကွင်းအတွင်းရှိ လိုအပ်သော အခြားကိစ္စများကို ကြီးကြပ်ပေးခြင်း ပြုလုပ်နိုင်သည်။

Competitor ကွန်ပီတေတာ – အချက်ရေပြိုင်ပွဲကစားသူ
ကွန်ပီတေတာဆိုသည်မှာ အချက်ရေဖြင့် ကစားသည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သည်။ ဖဲလိုးကွန်ပီတေတာဆိုသည်မှာ ကွန်ပီတေတာနှင့် အတူတွဲ၍ ကစားနေသူပြိုင်ဘက်အားလုံးကို ဆိုလိုသည်။ တစ်ဦးနှင့်တစ်ဦးသည် ပတ်တနာ (တွဲဖက်ကစားဖော်) မဟုတ်ပါ။ အချက်ရေကစားနည်း၏ ဖိုးဆမ်းနှင့် ဖိုးဘော ကစားခြင်းတွင်မူ ကွန်ပီတေတာ (သို့မဟုတ်) ဖဲလိုးကွန်ပီတစ်တာသည် အတွဲတစ်တွဲပါဝင်သည့် (တွဲဖက်ကစားဖော်) များပါ အကျုံးဝင်သည်။

Course ကွင်း – ကော်မတီမှသတ်မှတ်ထားသောကွင်း၏ဧရိယာဖြစ်သည်။

Equipment (အီကွေ့မန့်) – အသုံးအဆောင်ပစ္စည်း
ကစားသူနှင့် ကစားသူ၏ကယ်ဒီတို့ အသုံးပြုရန်အတွက် ဝတ်ဆင်ထားသောပစ္စည်းနှင့် သယ်ဆောင်လာသော ပစ္စည်းအားလုံးသည် ကစားသူ၏ အသုံးအဆောင်ပစ္စည်း အီကွေ့မန့်များ ဖြစ်သည်။
အောက်ဖော်ပြပါပစ္စည်းများမပါဝင်ပါ –
* ကျင်းကစားနေသောဘောလုံးနှင့်
* ဘောလုံးကိုနေရာမှတ်ရန်နှင့် ဒရော့လုပ်ရန် ဧရိယာသတ်မှတ်ရာတွင် အသုံးပြုသော ပစ္စည်းငယ်များ၊ ဥပမာ – မက်ကာ၊ တီများသည် အသုံးအဆောင်ပစ္စည်း   မဟုတ်ပါ။ ဂေါက်အိတ်တင်လှည်းသည် စက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကစားသူ၏ပစ္စည်း (အီကွေ့မန့်) အသုံးအဆောင်ပစ္စည်း ဖြစ်သည်။

Note 1 မှတ်ချက် ၁ – ကျင်းကစားနေသော ဘောလုံးကို ကောက်ယူထားပြီးနောက် မူလနေရာတွင် ပြန်မထားမီအတွင်း အသုံးအဆောင်ပစ္စည်းအဖြစ် သတ်မှတ်သည်။
Note 2 မှတ်ချက် ၂ – ကွင်းအတွင်း အသုံးပြုရန်ထားသော ပစ္စည်းကိရိယာများကို ကိုင်ထားစဉ် (သို့) အသုံးပြုနေစဉ်အချိန်တွင် ၎င်းပစ္စည်းသည် အသုံးပြုသူ၏ပစ္စည်း (အီကွေ့မန့်) ဖြစ်သည်။ ဥပမာ – ဘန်ကာခြစ်သောထွန်ဂျစ်များ၊
Note 3 မှတ်ချက် ၃ – ပစ္စည်းကိရိယာတစ်ခုကို အတူတကွရှယ်ယာလုပ်၍ တစ်ဦး (သို့) တစ်ဦးထက်ပို၍ အသုံးပြုခဲ့လျှင် ထိုပစ္စည်းသည် ကစားသူတစ်ဦးချင်းစီနှင့် သက်ဆိုင်သော ပစ္စည်းများဖြစ်သည်။
အကယ်၍ လှည်း (သို့မဟုတ်) ဘာဂီကို ကစားသူ (သို့) ၎င်း၏ပါတနာ (သို့) ကယ်ဒီများက ရွှေ့ပြောင်းနေစဉ်အချိန်တွင် ထိုလှည်း (သို့မဟုတ်) ဘာဂီပေါ်ရှိ ပစ္စည်းများအားလုံးသည် ထိုကစားသမား၏ အသုံးအဆောင်ပစ္စည်းဖြစ်သည်။ သို့မဟုတ်ဘဲ အခြားအချိန်အတွင်းမူ လှည်း (သို့မဟုတ်) ဘာဂီပေါ်ရှိ ပစ္စည်းအားလုံးသည် ရှယ်ယာအသုံးပြုသော ကစားသမားအားလုံးနှင့် သက်ဆိုင်သည်။
အခြားရှယ်ယာအသုံးပြုသော ပစ္စည်းကိရိယာသည် ထိုပစ္စည်းကိရိယာကို နောက်ဆုံးကိုင်ခဲ့သော၊ တပ်ဆင်ခဲ့သော၊ အသုံးပြုခဲ့သော ကစားသမားများနှင့်သာ သက်ဆိုင်သည်။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

Related Posts