ဦးသန့်၏ငယ်ဘဝ

ဦးသန့်၏ငယ်ဘဝ


ဦးသန့်၏ငယ်ဘဝ – ဦးသန့်ကား ပန်းတနော်အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်လျက်ရှိပီး ဦးနုနှင့်တွဲမိသောအခါ ကျောင်းလုပ်ငန်းအပြင် နိုင်ငံရေးလုပ်ငန်းမျာ; လုပ်ကိုင်လိုစိတ် ပြင်းပြလာပီးသော် ခြေလှမ်းပြင်လေတော့သည်။ မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ဦးသန့်သည်လည်းကောင်း၊ ဦးနုသည်လည်းကောင်း အရေးပါသော ပုဂ္ဂိုလ်ကျော်များ ဖြစ်ခဲ့ကြသည်။ ဦးသန့်မှာ ထိုထက်လွန်ကဲ၍ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပီးနောက်၊ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပီးနောက်၊ နောင်တစ်ချိန်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ၂ကြိမ်တိတိ ထမ်းဆောင်‌ပေးသွားနိုင်သည်အထိ ပေါက်ရောက်ခဲ့သည်။

ဦးသန့် ဤအခြေအနေသို့ ရောက်ရှိသွားခြင်းရမှာ ဦးနုဝန်ကြီးချုပ်ဖြစ်ချိန်၌ သူ၏ပင်ကိုယ်ကြိုးစားအားထုတ်မူများ၏ကျေးဇူးဖြစ်သည်။ ဦးသန့်ရန်ကုန်တက္ကသိုလ်ကို ကျောခိုင်း၍ ပန်းတနော် အမျိုးသားကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ခဲ့ခြင်းသည် သူ့ဘဝကို များစွာပြောင်းလဲစေမူ ဖြစ်စေခဲ့သည်။ ဦးနုနှင့်သူသည် တစ်ပြန်တစ်လည်း ကူညီကြခြင်းဖြင့် ကျေးဇူးများသော နိုင်ငံရေးသမားများ ဖြစ်သွားခဲ့ကြသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သော ဦးနုမှာ အိမ်ထောင်ရေးကိစ္စကြောင့် ထိုအလုပ်ကို စွန့်လွှတ်ခဲ့ပီး ရန်ကုန်ပြန်လေသဖြင့် ထိုလစ်လပ်နေရာကို ဦးသန့်ကပင် ပူးတွဲလုပ်ကိုင်ခဲ့ရသည်။

ဦးသန့်အဖို့ ရန်ကုန်မှထွက်ခဲ့ပီး မိမိဇာတိတွင် အခြေချ အလုပ်လုပ်နေရသော်လည်း မကြာမကြာပင် ရန်ကုန်တက်ဖြစ်ခဲ့သည်။ ဦးနုကဖိတ်ခေါ်၍ ဖြစ်စေ၊ မြန်မာနိုင်ငံကျောင်းသုံးစာအုပ်ကော်မတီ၊ အမျိုးသားပညာရေးကော်မတီ၊ ကျောင်းအုပ်ဆရာကြီးများအသင်းအစည်းအဝေး စသည် စသည်ဖြင့် ရန်ကုန်ရောက်လေသည်။ ရန်ကုန်နှင့်အဆတ်မပြတ်ရှိနေသော်လည်း ထိုစဉ်အခါက ဦးသန့်မှာ မည်သည့်နိုင်ငံရေးပါတီမှမဝင်ခဲ့ဘဲ အဆက်အသွယ်လဲမရှိပေ။ နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း ကိုယ်ထိလက်ရောက်ဝင်ရောက်ဆင်နွှဲခွင့် မရသေးပေ။ ကိုလိုနီဘဝရောက်နေသော မိမိနိုင်ငံနှင့် မိမိတို့လူမျိုးအားလုံး လွတ်လပ်စေချင်ပီး သာယာဝပြောစေချင်သည့် ဆန္ဒပြင်းပြင်းပျပျ ရှိခဲ့၏။

ထိုအချိန်၌ ဦးသန့်မှာ ကလောင်အစွမ်းထက်နေချိန်ဟု ဆိုရလျှင် မှားအံ့မထင်။ သတင်းစာများ နိုင်ငံရေးသမားများ၊ ဒီမိုရေစီနှင့် ဖီလာဆန့်ကျင်ဖြစ်သည်တို့ကိုဆောင်းပါးရေးလျက် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လျက်ရှိသည်။ ဦးသန့်၏ စိတ်အစဉ်၌ သတင်းသမားကောင်းတစ်ယောက်၊ အယ်ဒီတာကောင်းတစ်ယောက်ဖြစ်ရေးကိုသာ ဦးတည်လျက် ရည်မှန်းသည်။ သူ၏စိတ်ဓာတ်၌ မဟုတ်မခံတတ်ခြင်း၊ ချိုးနှိမ်အပြစ်ဖို့ခြင်း၊ မတရားခြင်းစသည်တို့ကို လွန်စွာစပ်ဆုပ်လျက် အတိုက်အခံပြုကာ တိုက်ပွဲဝင်သင့်လျှင် ဝင်ရန် ဝန်လေးသူမဟုတ်ပေ။

တစ်ခါက သူ၏အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးသည် ပြဿာနာတစ်ရပ်ဖြင့် ကြုံတွေ့လေသည်။ ထိုအခါ ပညာရေးဝန်ကြီးလုပ်နေသော ဒေါက်တာဘမော်သည် ထိုကျောင်းဆရာအား အလုပ်မှထုတ်ပြစ်ရန် သူ့အားအမိန့်ပေးလေ၏။ ထိုအမိန့်ကိုမလိုက်နာနိုင်ကြောင်း ကျောင်းအုပ်ကြီးဖြစ်သူ ဦးသန့်က ခါးခါးသီးသီး ငြင်းဆိုချေပခဲ့သည်။ ပညာရေးဝန်ကြီး ဒေါက်တာဘမော်သည် သူ့အမိန့်ကို ငြင်းဆန်ရဲသော ကျောင်းအုပ်ကြီး ဦးသန့်အား ဒေါသဖြစ်လျက် ပန်းတနော်အမျိုးသားကျောင်းအား ကျောင်းမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပီး အစိုးရထောက်ပံ့ကြေးမှ ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့သည်။ ထိုဆောင်ရွက်မူမှာ နည်းလမ်းလည်းမကျ၊ တမင်အညှိုးအတေးဖြင့် ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်မူသာဖြစ်ပီး တိုင်းပြည်နှင့် လူမျိုးရး၊ နိုင်ငံသားအရေး၊ ပညာရေးကို မထောက်ရှုပီလောဟု မခံချင်စိတ်ပြင်းပြကာ ဂဠုန်ဦးစောနှင့် ဦးသန့် သွားတွေ့ဆုံလေသည်။ ထိုစဉ်က ဦးစောနှင့် ဒေါက်တာဘမော်တို့မှာ အတိုက်အခံပါတီခေါင်းဆောင်များ ဖြစ်ကြသဖြင့် ထိုအရေးကိစ္စကို ဦးစောထံ တင်ပြကူညီအတောင်းခံခဲ့ခြင်းဖြစ်သည်။

ဦးစောမှာ လွှတ်တော်တစ်ရပ်တွင် ပညာရေးအစီအမံဖြစ်သဖြင့် ပန်းတနော်ကျောင်းမှ မှတ်ပုံတင် ဖြတ်သိမ်းခြင်းကိစ္စမှ အထမမြောက်ခဲ့တော့‌ပေ။ ထိုပြသာနာဖြစ်ပီးနောက် ၁၉၄၂ ခုနှစ်၌ ပညာအုပ်များ ပေါ်ပေါက်လာသောအခါ ဦးသန့်နာမည်အား ဒေါက်တာဘမော်သည် အခဲမပြေလေသေးသဖြင့် ချန်လှပ်ထားခဲ့ရာ ဦးသန့်ပညာအုပ်ရာထူး မရခဲ့ပေ။ သို့သော် ဦးသန့်ကား ရာထူးကိုမမက်ချေ။ ရသည့်နေရာမှပင် နိုင်ငံအကျိုး၊ ပညာရေးဆောင်တာများနှင့် စာပေသင်ကြားပို့ချခြင်း၊ ရေးသားခြင်း စသည်တို့ကို လုပ်ဆောင်မြဲသာဖြစ်သည်။ မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို သုံးသပ်ပီးသော် ( မြန်မာ့ပညာရေးစီမံကိန်းသစ်) ဟူသော စာတမ်းကို ‌ရေးဆွဲပြုစုခဲ့သည်။ ယင်းစာတမ်းကို မြန်မာ့အုပ်ချုပ်ရေး ဘုတ်အဖွဲ့သို့တင်ပြသော်လည်း ‌ချောင်ထိုးထားခြင်း ခံခဲ့ရသည်။

နိုင်ငံရေးအသိုင်းအဝိုင်းနှင့် အုပ်ချုပ်ရေးအာဏာပိုင်တို့ ဦးသန့်၏အရည်အသွေးကို သိမြင်ပီးနောက် ဦးသန့်အား နိုင်ငံရေးဇာတ်ခုံပေါ်သို့ တက်လှမ်းလာစေရန် လက်ကမ်းခဲ့ကြတော့သည်။ ကျောင်းနေဘက် သူငယ်ချင်းများ ၊ အခြားသောမိတ်ဆွေအပေါင်းအသင်းများစွာတို့သည် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးတွင် ပါဝင်လှုပ်ရှားနေကြပီဖြစ်သည်။ အချို့မှာ ထင်ရှားသော ခေါင်းဆောင်များပင် ဖြစ်နေပြီ၊ အမျိုးသားရေး၊ လွတ်လပ်ရေးနှင့် နိုင်ငံရေးတို့တွင် ပါဝင်တိုက်ပွဲ ဝင်နေကြပီဖြစ်ရာကား… ဦးသန့်သည်လည်း မိမိကိုယ်မိမိ မေးခွန်းထုတ်ချိန်ရောက်ခဲ့လေတော့သည်။

“ငါ ဘယ်လမ်းလိုက်မည်နည်း”

Related Posts