အကျဉ်းသားများ

အမေ့ခံ အကျဉ်းသားများ (အပိုင်း – ၃)

နစ်ဆင်၏ အစိုးရကဗီယမ်နမ်တို့ကို အကျဉ်းသားများ ပြန်ပို့ပေးရေး ဒေါ်လာ ၃.၂၅ဘီလီယံထောက်ပံ့ပေးမည်ဟု လျှို့ဝှက်သဘောတူပေးပြီးဖြစ်သည်။ ပြဿနာမှာ ထိုသုံးစွဲခွင့်ကိုအထက်လွှတ်တော်က သဘောတူပေးမှရမည်ဖြစ်သည်။ ကြားထဲတွင် နစ်ဆင်သည် ဝါးတားဂိတ်အရှုပ်တော်ပုံအတွင်း ငြိစွန်းနေသည်။ အထက်လွှတ်တော်တွင် နစ်ဆင်အနေဖြင့် အာဏာရော သြဇာပါမရှိတော့။ သို့ဖြစ်ရာ ငွေထုပ်ကြီးက မြင်သာမြင်ရ မကြင်ရဆိုသည့်သဘောဖြစ်နေသည်။

* သမ္မတ ဂျင်မီကာတာ အာဏာရလာသည့်အခါတွင် ဗီယမ်နမ်စစ်နှင့် ပတ်သတ်ပြီး သဘောထား ကွဲလွဲမှုများကို အမြန်ဆုံးချုပ်ငြိမ်းစေချင်နေသည်။ သို့ဖြစ်ရာ ဗီယမ်နမ်နှင့် သံခင်းတမန်ခင်း လမ်းဖွင့်ပြီး ပျောက်နေသည့် စစ်သားများကို ကွယ်လွန်လျှင်လည်း သတင်းအတိအကျ ထုတ်ပြန်ပေးစေလိုသည်။

* သို့ရာတွင် ဗီယမ်နမ်မှ လှေဖြင့် ထွက်ပြေးလွတ်မြောက်လာသူများကအမေရိကန်တွေ ကျန်နေသေးကြောင်း သတင်းပေးကြသည်။ ၁၉၈၁ ခုနစ်တွင် သမ္မတ ရီဂင်သည် တာဝန်ယူပြီး တစ်ပတ်အကြာ ဗီယမ်နမ်မှ ကြေးနန်းတစ်စောင် ရရှိခဲ့သည်။ အမေရိကန် အကျဉ်းသားများ ကို ပြန်လွှတ်ပေးစေချင်လျှင် ဒေါ်လာ လေးဘီလီယံ ပေးရမည် ဆိုသည့်သတင်းဖြစ်သည်။ သမ္မတရီဂင်က ရမ်ဘိုစတိုင်ဖြင့် ဗီယမ်နမ်နှင့်လာအိုတို့ကို ဝင်ရောက်စီးနင်းပြီး ကယ်ထုတ်ရန်တရားဝင် ခွင့်ပြုလိုက်သည်။ သို့သော် ထိုစစ်ဆင်ရေးမှာ မအောင်မြင်ခဲ့ပေ။

* ရုရှားတွင် ကွန်မြူနစ်ဝါဒ ကျဆုံးပြီးနောက် သမ္မတ ဘောရစ် ယက်ဆင်က ဗီယမ်နမ်တွင် အဖမ်းခံထားရသည့် စစ်အကျဉ်းသားများကို ဆိုဗီယက်ယူနီယံမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကတိပြုသည်။ အမေရိကန်တို့က ဗီယမ်နမ်နှင့် သံတမန်ဆက်သွယ်ရေးအတွက် ပြန်လည်ကြိုးစားကြပြန်သည်။ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးကြပြီးနောက် အမေရိကန် အထက်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

* ၁၉၉၄ ခုနစ်တွင် ထောက်ပေါင်းများစွာသောဖုံးကွယ်ထားသည့် အစီရင်ခံစာများကို စစ်ဆေးပြီးနောက် ကွန်မြူနစ်တို့လက်ထဲတွင် ဗီယမ်နမ်စစ်အတွင်းက အမေရိကန်စစ်အကျဉ်းသားများ ကျန်နေကြောင်း သိရှိလိုက်ကြရသည်။ သို့သော် ကော်မတီက ထိုသူအားလုံး ကွန်လွန်သွားပြီ ဟူ၍ နိဂုံးချုက်လိုက်သည်။ ဘယ်အချိန်၊ ဘယ်နေရာတွင် ကွယ်လွန်သွားကြကြောင်းကိုမူ ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိပေ။ အချို့သောအထောက်အထားများအရ အမေရိကန်အကျဉ်းသားများသည် လာအိုနိုင်ငံ၏ ဝေးလံခေါင်ဖျားနေရာများတွင် ရှိကောင်း ရှိနေနိုင်သည်ဟု ဗီယမ်နမ်တွေက ဆိုထားသည်။

* အမေရိကန် မရိန်းတပ်မှ ဘော့ဘီ ဂါးဝုဒ် ဆိုသူသည် ၁၉၇၉ ခုနစ်မှ ပြန်ရောက်လာသည်။ အမေရိကန်တို့ဆုတ်ခွာပြီးချိန်မှ ခြောက်နှစ်အကြာတွင် ပြန်လာခြင်းဖြစ်သည်။ သူသည် ၁၉၆၅ ခုနစ်လောက်ကတည်းက အကျဉ်းကျနေခဲ့ပြီး မြောက်ဗီယမ်နမ်ရှိ စစ်အကျဉ်းစခန်း (Pow)များတွင် နေထိုင်ခဲ့ရသူဖြစ်သည်။

* ၁၉၆၈ ခုနစ်တွင် သူ့ကို တစ်နေရာသို့ ပြောင်းရွေ့စဉ် လမ်းခရီး ကားရပ်နားချိန်၌ ဂါးဝုဒ်သည် လယ်ကွင်းထဲတွင် အရပ်မြင့်မြင့် လူဖြူတစ်ယောက် အလုပ်လုပ်နေသည်ကို မြင်လိုက်ရသည်။ သူကထိုသူထံ ချဉ်းကပ်ပြီး စကားပြောကြည့်ရာ သူက ပြင်သစ်လို ပြောသဖြင့် သူလည်း ပြင်သစ်လို အပြန်အလှန်ပြောဆိုကြသည်။ ဂါးဝုဒ် သိထားသည်က ၁၉၅၄ ခုနစ်လောက်ကတည်းက ပြင်သစ်တို့နှင့်ဖြစ်ပွားသည့် အင်ဒိုချိုင်းနားစစ်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ထိုမှ ၁၄နှစ်အကြာတွင် ပြင်သစ်အကျဉ်းသားတွေက ကျန်နေဆဲ ဖြစ်သည်။ ဗီယမ်နမ်တွေက ထိုသို့ စကားသွားပြောသည်ကို စိတ်ဆိုးပြီး “မင်းကို တသက်လုံး ဖမ်းထားမယ်”ဟု ပြောခဲ့သည်။

* ဂါးဝုဒ်သည် သူတို့နှင့် ပူးပေါင်းလိုက်သည်။ သူက ဂျစ်ကားလည်း ပြင်တတ်သည်၊ တောက်တိုမည်ရ အကုန်လုပ်တတ်သည်။ သို့ဖြစ်ရာ မရှိမဖြစ်ကောင်ဟုသတ်မှတ်ပြီး ၁၉၇၃ ခုနစ်အထိ မလွှတ်ပေးခဲ့ပေ။ ၁၉၇၃ ခုနစ်မှ ၁၉၇၉ ခုနစ်အတွင်း အမေရိကန် အကျဉ်းသားပေါင်းများစွာကို တွေ့မြင်ခဲ့ရကြောင်း သူက ဆိုသည်။

* ၁၉၇၉ ခုနစ်တွင် ဗီယမ်နမ်စီးပွားရေးသည် အတော်လေး ရုန်းကန်နေသည့် ကာလဖြစ်သည်။ ဂါးဝုဒ်သည် သူ့ထောင်မှူးကို ဟနွိုင်းသို့ ပို့ပေးရန် စည်းရုံးသိမ်းသွင်းရသည်။ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေသဖြင့် မှောင်ခိုဈေး မှ စီးကရက်ကို ဝယ်ကာ လာဘ်ထိုးရသည်။ ထောင်မှူးတစ်ယောက်နှင့် ကမ္ဘာ့ဘဏ်သို့ စာတစ်စောင် ပို့ပေးရန် စီစဉ်ရသည်။ သူက အမေရိကန်အာဏာပိုင်များကို စုံစမ်းပြီး သတင်းသွားပေးသည်။ သို့သော်ဂါးဝုဒ်ကို သေပြီဟု ကြေငြာပြီးဖြစ်သဖြင့် မယုံကြည်ကြပေ။ သို့သော် ဂါးဝုဒ်ကို သေပြီဟု ကြေညာပြီးဖြစ်သဖြင့် မယုံကြည်ကြပေ။ သို့သော် ဘီဘီစီမှ ဂါးဝုဒ်အကြောင်းကို သတင်းလွှင့်ထုတ်လိုက်သည်။

* အမေရိကန် အစိုးရသည် ဂါးဝုဒ်ကို ပြန်ပေးရန် တောင်းဆိုရတော့သည်။ ဗီယမ်နမ်တို့က ဂါးဝုဒ်ရှိကြောင်း ငြင်းဆိုကြသည်။ သို့သော် နောက်ပိုင်းတွင် ဂါးဝုဒ်ကို လွှဲပြောင်းပေးအပ်လိုက်သည်။ အမေရိကန်တွေက ဂါးဝုဒ်ကို ပြစ်မှုလေးခုဖြင့် စွဲဆိုပြီး ချက်ချင်းဖမ်းဆီးလိုက်သည်။ သူ့ရှေ့နေက သူ့ကိုသူမြင်တွေ့ခဲ့ရကြောင်းတရားရုံးတွင် ထုတ်ဖော်မပြောရန် အကြံပေးသည်။ သူ့ကို စွဲဆိုထားသည့်အပြစ်များမှာ ရန်သူများနှင့်ပူးပေါင်းခဲ့မှု၊ ပြန်ရခဲ့သည့် လစာများနှင့်ပတ်သတ်ပြီး မကြေညာမှု၊ တပ်မှ မရိုးမသား ထွက်ခွာသွားမှုတို့ ဖြစ်သည်။

* ဗီယမ်နမ်စစ်ပွဲမှ အကျဉ်းသားများနှင့် ပတ်သတ်၍ အမှုပိတ်ပြီးဖြစ်သဖြင့် အမေရိကန် အာဏာပိုင်များသည် အထူးအဆန်း မဖြစ်တော့ပေ။ ၁၉၉၀ ပြည့်နှစ်တွင် ဗီယမ်နမ်စစ်ပွဲမှ စစ်အကျဉ်းသားများနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးခဲ့စဉ်က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီသည် အင်ဒိုချိုင်းနားစစ်ပွဲအတွင်းက အကျဉ်းသားများအကြောင်းကို အစီရင်ခံခဲ့ပြီးသားဖြစ်သည်။ ပထမ ကမ္ဘာစစ်အတွင်းက ဂျာမန်အကျဉ်းသားများကို ဆားဗီးယားတွင်ပြန်လည်ရရှိခဲ့ဖူးသည်။ သူတို့ကို အသက်ရှင်လျက် ပြန်လည်တွေ့ရခြင်းဖြစ်သည်။ ၁၉၁၉ ခုနစ်တွင် မဟာမိတ်တပ်များကလည်း ဗြိတိန်နှင့်အမေရိကန် အကျဉ်းသားများကို ရုရှားကွန်မြူနစ်တို့ထံမှ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။

* ကိုရီးယားစစ်အတွင်းကလည်း ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များသည် အမေရိကန်ဦးဆောင်မှုဖြင့် တိုက်ပွဲဝင်ခဲ့ကြရပြီး တရုတ်ပြည်မှတစ်ဆင့် ဆိုဗီယက်ယူနီယံအတွင်းသို့ နယ်ခြားကို ဖြတ်ကာ ပို့ဆောင်ပေးခဲ့ကြရသည်။ တရုတ်ပြည်တွင်နေခဲ့သူများသည် ပူးများကို ဇီဝဗေဒဆိုင်ရာ စမ်းသပ်မှုအတွက် အသုံးပြုခဲ့ကြောင်း အထောက်အထားများ ရရှိခဲ့သည်။

၁၉၅၃ ခုနစ် ကိုရီးယားစစ်ပွဲ ပြီးဆုံးသွားချိန်တွင် အမေရိကန်သတင်းမီဒီယာ၌ ပြန်ရောက်မလာတော့သည့် အမေရိကန် စစ်အကျဉ်းသား ၉၅၄ ယောက်နှင့် ပတ်သတ်ပြီး ရေးစရာဇာတ်လမ်းတွေ အများကြီး ဖြစ်ခဲ့ရသည်။ ဗြိတိန်အကျဉ်းသား၁၅၁ဦး၏ ကံကြမ္မာကလည်း ဘာတစ်ခုမျှ မပြောနိုင်ခဲ့ပေ။ သူတို့ပြန်ထွက်လာရေးဆိုသည်မှာ ကွန်မြူနစ်တို့ကို ဖိအားပေးရုံကလွဲ၍ အခြားနည်းလမ်းမရှိပေ။ ထိုနည်းကလည်း လုံးဝ မဖြစ်နိုင်သဖြင့် အားလုံးကို မေ့ထားလိုက်ကြရတော့သည်။

* ပို၍တုန်လှုပ်စရာကောင်းသည်က ဒုတိယကမ္ဘာစစ်အတွင်းမှ ဗြိတိန်နှင့် အမေရိကန်စစ်အကျဉ်းသားများကိစ္စဖြစ်သည်။ ထိုနိုင်ငံများသည် ဆိုဗီယက်ယူနီယံ နှင့် မဟာမိတ်ဖွဲ့ထားသည့် နိုင်ငံများဖြစ်ကြပြီး ရုရှားတပ်က အရှေ့ဥရောပကိုရှင်းလင်းနေချိန်တွင် မဟာမိတ် အကျဉ်းသားများ အားလုံးကို စစ်အကျဉ်းစခန်းများမှလွှတ်ပေးရန်အတွက် ဆွေးနွေးမှုများ မပြုလုပ်ခဲ့ရသေးပေ။ ဆိုဗီယက်အလုပ်သမားစခန်းများတွင် အမေရိကန် ၂၀၀၀၀ နှင့် ဗြိတိန် ၃၀၀၀၀ တို့ ရှိနေသည့်အပြင် အခြား ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဒတ်ချ်တပ်သားတွေကလည်း အရေအတွက်ပေါင်းများစွာ ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဒတ်ချ်တပ်သားတွေကလည်း အရေအတွက်ပေါင်းများစွာ ထိန်းသိမ်းခံနေခဲ့ရသည်။ ထိုအထဲတွင် စစ်ရှုံးခဲ့ကြရသည့်ဂျာမန်နှင့် ဂျပန် အကျဉ်းသား သန်းပေါင်းများစွာ၏ ကံကြမ္မာကလည်း မတွေးဝံ့အောင်ဖြစ်သည်။

* ဆိုဗီယက်ယူနီယံနှင့် အနောက်အုပ်စုတို့ စစ်အေးတိုက်ပွဲ ဆင်နွှဲနေချိန် ၄၅ နှစ်တာကာလအတွင်း ထိုအကျဉ်းသားများအရေးကို မည်သူမျှ အရေးတယူဆွေးနွေးပြီး လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သည်ကို မတွေ့ခဲ့ရပေ။ ၁၉၅၃ ခုနစ် စတာလင် ကွယ်လွန်သွားချိန်၌ နိုင်ငံရေးအရ တင်းမာမှုများ လျော့သွားကာ အကျဉ်းသားအချို့ လွတ်မြောက်လာခဲ့ကြသည်။ သူတို့ကို လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့ပြီးမှ အာဏာပိုင်များသည် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက်သည်။ လွတ်မြောက်ပြီး နှစ်အနည်းငယ် အကြာတွင် သူတို့က ဖြစ်ကြောင်းရယ်ကုန်စင် မည်သို့ပင် ပြောသည်ဆိုစေ မည်သူမျှ မယုံကြည်ကြတော့ပေ။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts